ချင်းပြည်နယ်တွင်ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုး

၂၀၁၉၊ အောက်တိုဘာ(၁၇)
ချင်းပြည်နယ်တွင် အသေးစားနဲ့အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ အမေရိကန်ဒေါ်လာ ၅၇ သန်းရင်းနှီးမြှုပ်နှံဖို့ နားလည်မှုစာချွန်းလွှာရေးထိုးထားတယ်လို့သတင်းရရှိပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “လာပြောတဲ့တရုတ်ကုမ္ပဏီက ၂ဖွဲ့၊ ၃ ဖွဲ့လောက်ရှိတယ်။ သူတို့နဲ့ လောလောဆယ် ဆာဗေးဆင်းဖို့ နားလည်မှုစာချွန်လွှာထိုးထားတယ်။

ချင်းပြည်နယ်အစိုးရနဲ့လုပ်ထားတဲ့ဖြစ်တဲ့တွက် ၃၀ မီဂ္ဂါဝပ်အောက်ပေါ့။ ဒီလောက်ပဲ ပြည်နယ်ကို လုပ်ပိုင်ခွင့်ပေးထားတာ။ ဒါကြောင့် ဘွေနူးမြစ်တကြော၊ မဏီပူတကြော၊ ဆမီးတကြော၊ ကုလာတန်တကြော ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ်၊ မတူပီ၊ ပလက်ဝမြို့နယ် အစုံပဲ။ သူတို့ဆီက report ထွက်လာပြီးခါမှ ဘယ်နေရာမှာ မီဂ္ဂါဝပ်ဘယ်လောက်ဆိုတာ အသေးစိတ်ထွက်လာမှ သဘောတူစာချုပ် ပြန်ထိုးရမှာ။ ကုမ္ပဏီတစ်ခုက ၇ နေရာ၊ နောက်ကုမ္ပဏီတစ်ခုက ၃ နေရာဆင်းဖို့ရှိတယ်။ နောက်ကုမ္ပဏီတစ်ခုက ၅ နေရာဆင်းဖို့ရှိတယ်။ သူတို့တွေ့ရှိချက်ပေါ်မှာ ဘယ်နေရာက လုပ်လို့ရတယ်။ ဘယ်နေရာက လုပ်လို့မရဘူးဆိုတာအဖြေထွက်မှာပေါ့။ ကုမ္ပဏီတစ်ခုတစ်ခုရဲ့ ရင်းနှီးမြှုပ်နံှမယ့် ပမာဏက အမေရိကန်ဒေါ်လာ သန်း ၃၀ ကနေ ၅၀ ကြားရှိမယ်။ ကွင်းဆင်းလေ့လာမယ့်ချိန်က တစ်နှစ်ကြာမယ်။ တကယ်လုပ်ဖြစ်သွားရင် ပြည်နယ်အတွင်းသုံးဖို့လုပ်ထားတယ်။ သုံးလို့မကုန်ရင်ရောင်းမယ်” လို့ပြောပါတယ်။

ရင်းနှီးမြှုပ်နှံဖို့ နားလည်မှုစာချွန်းလွှာလက်မှတ်ရေးထိုးတဲ့ တရုတ်ကုမ္ပဏီ ၂ ခုကတော့ Yunnan YEIG ကုမ္ပဏီနဲ့ Yuanta Construction Group ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ရေအားလျှပ်စစ် ထုတ်လုပ်ရာတွင် သုည မှ ၁၀ မဂ္ဂါဝပ်အထိကို အသေးစား ထုတ်လုပ်မှုဟု သတ်မှတ်ထားပြီး ၁၀ မဂ္ဂါဝပ် မှ ၃၀ မဂ္ဂါဝပ်အထိကို အလတ်စား သတ်မှတ်ထားပါတယ်။

ချင်းပြည်နယ်တွင်လက်ရှိ လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှု ၂၈ ရာခိုင်နှုန်းသာရှိပြီး တီးတိန်၊ တွန်းဇံ၊ မတူပီ နဲ့ ပလက်ဝ မြို့တို့တွင် မဟာဓာတ်အား မရကြသေးပါ။

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်မှာ လက်နက်ကြီးကြောင့် အဘွားတစ်ဦး သေဆုံး

၂၃၊ဧပြီ၊ ၂၀၂၄ Zalen တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာမှာ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည် ၆၇နှစ်အရွယ် အဘွားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တီးတိန်မြို့နယ်၊ ...

ဆက်ဖတ်ရန်