စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆

Zalen ad

Zalen

အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း Chinlung Media ကပြုလုပ်တဲ့  အွန်လိုင်းရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းပိုင်းကစလို့ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ စစ်မှုထမ်းဖို့လူငယ်များစတင်စုဆောင်းနေသလို ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှ ထွက်ပြေးလာကြတဲ့ လူငယ်များကို လမ်းခုလတ်ရှိ ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင် စစ်ဆေးရေးဂိတ်များမှာ ဖမ်းဆီး တာတွေလည်းရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်များထံကနေ သိရပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းဟာ လတ်တလော စစ်ရေးလိုအပ်ချက်ကြောင့်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး ( CNA ) တစ်ဖွဲ့ တည်းကလုပ်ဆောင်နေခြင်းမဟုတ်ဘဲ ချင်းပြည်ကောင်စီအတွင်းရှိ အဖွဲ့အစည်းပေါင်း ၂၀ ကျော်က သဘောတူ ဆုံးဖြတ်ပြီးလုပ်ဆောင် နေတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အဆိုပါစစ်မှုထမ်းကာလဟာ ၃ နှစ်ဖြစ်ပြီး ချင်းလူငယ်တိုင်းမှာတာဝန်ရှိလို့ လာရောက်ပူးပေါင်းကြရန်နဲ့ မပူးပေါင်းဘဲ ထွက်ပြေးသူများအနေဖြင့်လည်း ရာသက်ပန်အကြွေးတင်တယ်လို့မှတ်ထားရမှာဖြစ်ကြောင်း ၊ တိုင်းပြည်နဲ့လူမျိုးအရေးကို မထမ်းဆောင်လိုဘဲထွက်ပြေးသူများဟာ နောင်တချိန် နိုင်ပွဲရလာတဲ့အခါ ခွဲခြားဆက်ဆံခြင်းခံရမှာ ဖြစ်ပြီးအရှက်ရမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

လက်ရှိအချိန်ထိ ချင်းပြည်မှာ စစ်ရေးအရအောင်မြင်မှုအများအပြားရရှိထားပြီဖြစ်ရာ သိမ်းပိုက်ပြီးသား နယ်မြေများ ပြန်လည်ဆုံးရှုံးမှာ စိုးရိမ်စရာဖြစ်နေတယ်လို့လည်းဆိုပါတယ်။

“ဒီစစ်မှုထမ်းကနေဖယ်ရှောင်ပြီးထွက်ပြေးမယ်ဆိုရင်သူ့အတွက်အကြွေးတင်သွားမှာဖြစ်တယ်။ တိုင်းပြည်ပြန် လည် ငြိမ်းချမ်းလာတဲ့အချိန်မှာလည်းအဲဒီလူကို ဘာအလုပ်မှခန့်မှာမဟုတ်ဘူး။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ထွက်ပြေးတဲ့လူတွေကိုတော့ နောင်အခါ ကျေးရွာမှာဆိုရွာအလိုက်၊ မြို့မှာဆိုမြို့အလိုက်သူတို့ကို တရပ်ကွက် တည်းစုခိုင်းပြီးတော့ ဒီလူတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက်အရေးကြီးဆုံးအချိန်အခါမှာတောင်မပါဝင်ချင်ကြ တဲ့ သူတွေဖြစ်တယ် ဆိုတဲ့ဆိုင်းဘုတ်တပ်ပြီး နေထိုင်ခိုင်းမယ်။” လို့ပြောကြားထားပါတယ်။

ဒါကြောင့်လူငယ်များအနေဖြင့် ဒီအရေးကြီးကာလမှာ ထွက်ပြေးတိမ်းရှောင်ခြင်းများမလုပ်ဘဲ တိုင်းပြည်နဲ့ လူမျိုး အတွက် တာဝန်ထမ်းဆောင်ကြဖို့ ဗိုလ်မှူးကြီးဆော်လမွန်က တိုက်တွန်းထားပါတယ်။

သတင်း – Abraham

#CNF #ဗိုလ်မှူးကြီးဆော်လမွန်  #ချင်းပြည်ကောင်စီ#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ကို ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီဟာ လေယာဉ်နဲ့ ရိက္ခာများချပေး၊ တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

မတ် ၁၂၊ ၂၀၂၆ Zalen ချင်းပြည်နယ် ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်များအကြား Sumhrang ကျေးရွာအနီးတွင် ယမန်နေ့ မတ်လ ၁၁ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များ ထံမှ သိရှိရပါတယ်။ ...

ဆက်ဖတ်ရန်