ပလက်ဝမြို့နယ်လွှတ်တော်အမတ်နဲ့ အိန္ဒိယနိုင်ငံသား (၅)ဦးအပါအဝင် လူ(၉)ဦးပျောက်ဆုံးနေ

၂၀၁၉၊ နိုဝင်ဘာလ (၃)
ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း နဲ့ ပလက်ဝ-အိန္ဒိယလမ်းစီမံကိန်းမှ အိန္ဒိယနိုင်ငံသား (၅)ဦးအပါအဝင် လူ (၁၀)ဦးဟာ ပလက်ဝ နဲ့ ကျောက်တော်လမ်းအကြားတွင် ပျောက်ဆုံးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ကြေးနန်းစာရသိရပါတယ်။

၎င်းတို့ဟာ ဒီမနက် (၈)နာရီတွင် ပလက်ဝမြို့မှ speed boat (၂)စီးဖြစ် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ဆင်းစဉ် အခုလိုဆက်သွယ်လို့မရဘဲပျောက်ဆုံးနေတာဖြစ်ပါတယ်။

၎င်းတို့နဲ့အတူ စကားပြန် (၂)ဦးနဲ့ ရေယာဉ်မောင်းသူ (၂)ဦးပါဝင်ပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “မနက် ၁၀ နာရီမှာရောက်ရမှာ ညနေ ၄ နာရီထိကျောက်တော်မှာကားသမားကစောင့်နေတာမရောက်လို့သတင်းပို့မှသိရတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ NRPC ထိသတင်းပို့နေပြီ။ ပြည်နယ်ကဆောင်ရွက်စရာရှိတာအကုန်ဆောင်ရွက်ပါမယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်မှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ စုံစမ်းရှာဖွေရာ ယင်းတို့စီးနင်းလိုက်ပါလာတဲ့ စပိဘုတ်နှစ်စီးကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်၊ ပွီဝုန်း အောက်နား ကျောက်တန်း ရခိုင်ရွာအနီးကမ်းစပ်တွင် မွန်းတည့် (၁၂) နာရီဝန်းကျင်ကတည်းက တွေ့ရှိရသည်ဟု သတင်းပေးပို့ချက်ရရှိထားကြောင်းနှင့် ယခုအချိန် (ညနေ ၆ နာရီ) အချိန်ထိ ၎င်းတို့ (၁၀) ဦးစလုံးအား ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း၊ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မိမိတို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီအနေဖြင့် များစွာ စိုးရိမ်မကင်းဖြစ်ပါတယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီကထုတ်ပြန်ထားပါတယ်။

ဦးဝှေ့တင်းဟာ လွှတ်တော်နားရက်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းလေ့လာပြီး နိုဝင်ဘာ (၄)ရက်နေ့တွင်ကျင်းပမယ့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့တက်ရောက်ရန် ပြန်လာတဲ့ချိန်မှာ အခုလို ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ၎င်းဟာ ဒေသလိုအပ်ချက်များကို လွှတ်တော်တွင် တက်ကြွစွာမေးမြန်းလျက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ ဦးဝှေ့တင်တွင် ဇနီးနဲ့ ခြောက်နှစ်အရွယ် နဲ့ နှစ်နှစ်ကျော်အရွယ်သမီးနှစ်ယောက်ရှိပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္လႊတ္ေတာ္အမတ္နဲ႔ အိႏၵိယႏိုင္ငံသား (၅)ဦးအပါအဝင္ လူ(၁၀)ဦးေပ်ာက္ဆုံးေန

လႊတ္ေတာ္နားရက္မွာ ေဒသဖြံ႔ၿဖိဳးေရးကြင္းဆင္းေလ့လာေနစဥ္

၂၀၁၉၊ ႏိုဝင္ဘာလ (၃)
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း နဲ႔ ပလက္ဝ-အိႏၵိယလမ္းစီမံကိန္းမွ အိႏၵိယႏိုင္ငံသား (၅)ဦးအပါအဝင္ လူ (၁၀)ဦးဟာ ပလက္ဝ နဲ႔ ေက်ာက္ေတာ္လမ္းအၾကားတြင္ ေပ်ာက္ဆုံးေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးရဲ႕ေၾကးနန္းစာရသိရပါတယ္။

၎တို႔ဟာ ဒီမနက္ (၈)နာရီတြင္ ပလက္ဝၿမိဳ႕မွ speed boat (၂)စီးျဖစ္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕သို႔ဆင္းစဥ္ အခုလိုဆက္သြယ္လို႔မရဘဲေပ်ာက္ဆုံးေနတာျဖစ္ပါတယ္။

၎တို႔နဲ႔အတူ စကားျပန္ (၂)ဦးနဲ႔ ေရယာဥ္ေမာင္းသူ (၂)ဦးပါဝင္ပါတယ္။

ခ်င္းျပည္နယ္ စည္ပင္ဝန္ၾကီး ဦးစိုးထက္က “မနက္ ၁၀ နာရီမွာေရာက္ရမွာ ညေန ၄ နာရီထိေက်ာက္ေတာ္မွာကားသမားကေစာင့္ေနတာမေရာက္လို႔သတင္းပို႔မွသိရတယ္။ ျပည္ေထာင္စုအစိုးရအဖြဲ႔၊ ကာကြယ္ေရး၊ ျပည္ထဲေရး၊ NRPC ထိသတင္းပို႔ေနၿပီ။ ျပည္နယ္ကေဆာင္ရြက္စရာရွိတာအကုန္ေဆာင္ရြက္ပါမယ္” လုိ႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွ သက္ဆိုင္ရာဌာနတာဝန္ရွိသူမ်ားမွ စုံစမ္းရွာေဖြရာ ယင္းတို႔စီးနင္းလိုက္ပါလာတဲ့ စပိဘုတ္ႏွစ္စီးကို ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ နယ္စပ္၊ ပြီဝုန္း ေအာက္နား ေက်ာက္တန္း ရခိုင္႐ြာအနီးကမ္းစပ္တြင္ မြန္းတည့္ (၁၂) နာရီဝန္းက်င္ကတည္းက ေတြ႕ရွိရသည္ဟု သတင္းေပးပို႔ခ်က္ရရွိထားေၾကာင္းႏွင့္ ယခုအခ်ိန္ (ညေန ၆ နာရီ) အခ်ိန္ထိ ၎တို႔ (၁၀) ဦးစလုံးအား ရွာေဖြ ေတြ႕ရွိျခင္း မရွိေသးေၾကာင္း၊ ယင္းျဖစ္ရပ္ႏွင့္ပတ္သက္၍ မိမိတို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီအေနျဖင့္ မ်ားစြာ စိုးရိမ္မကင္းျဖစ္ပါတယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီကထုတ္ျပန္ထားပါတယ္။

ဦးေဝွ႔တင္းဟာ လႊတ္ေတာ္နားရက္မွာ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကြင္းဆင္းေလ့လာၿပီး ႏိုဝင္ဘာ (၄)ရက္ေန႔တြင္က်င္းပမယ့္ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးသို႔တက္ေရာက္ရန္ ျပန္လာတဲ့ခ်ိန္မွာ အခုလို ေပ်ာက္ဆုံးသြားတာျဖစ္ပါတယ္။ ၎ဟာ ေဒသလိုအပ္ခ်က္မ်ားကို လႊတ္ေတာ္တြင္ တက္ႂကြစြာေမးျမန္းလ်က္ရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္ပါတယ္။ ဦးေဝွ႔တင္တြင္ ဇနီးနဲ႔ ေျခာက္ႏွစ္အ႐ြယ္ နဲ႔ ႏွစ္ႏွစ္ေက်ာ္အရြယ္သမီးႏွစ္ေယာက္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်