မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်း သူများကိုနှိမ်နင်းရန် အထူးတပ်ဖွဲ့ CoBRA တပ်ရင်း (၃) ရင်းစေလွတ်

Zalen ad

ဇွန်  ၉၊  ၂၀၂၆

Zalen 

အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများကိုနှိမ်နင်းရန် CRPF ညွန်းကြားရေးမှုချူပ်က အထူးတပ် CoBRA တပ်ဖွဲ့ တပ်ရင်း(၃) ရင်းကိုစေလွတ်ထားတယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။

အခုလို စေလွတ်ထားတဲ့ အထူးလှုပ်ရှားတပ် CoBRA တပ်ရင်း (၃) ရင်းအနက် ကနဦးအနေနဲ့ တပ်ရင်း(၂) ရင်းရောက်ရှိနေပြီ နောက်ထပ်တပ်ရင်း(၁) ရင်းကိုလည်းမိုးမကျမှီ ထပ်မံစေလွှတ်သွားမှာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

CRPF ညွန်ကြားရေးမူးချူပ် (DG) Gyanendra Pratap Singh က ဒေသခံပြည်သူများရဲ့ ခံစားချက်ကိုအလေးထားတဲ့အနေနဲ့ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များကို ခြေမှုန်းရန် ဗဟိုအထူးလှုပ်ရှားတပ်ဖွဲ့များကိုစေလွတ်ဖို့ညွန်ကြားခဲ့တာလို့ဆိုပါတယ်။

အဲဒီလို တပ်ဖွဲ့ဝင်များကို စေလွတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက မေလ ၃၁ရက်နေ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ယင်းတပ်ဖွဲ့ဝင်များထဲတွင် အနောက်ဘင်္ဂလားပြည်နယ်က တပ်ရင်းအမှတ်(၂၀၇)တပ်ရင်းနဲ့ အာသံပြည်နယ်မှ တပ်ရင်းအမှတ်(၂၁၀) တို့မှ ကွန်မန်ဒိုအင်အား ၁,၀၀၀ ခန့်ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တပ်ခွဲ (၃) ခွဲဟာ အင်ဖားမြို့ကိုရောက်ရှိနေပြီဖြစ်ပြီး စစ်ဆင်ရေးမစမှီ (၄၅) ရက်ကြာကြိုတင်ပြင်ဆင် လေ့ကျင့်နေကြပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ညွှန်ကြားရေးမူးချုပ် Singhဟာ   ဇွန် ၆ ရက်နေ့မတိုင်ခင် ၃ ရက်ကြာခရီးစဉ်တွင် အဆိုပါတပ်ဖွဲ့ဝင်များနဲ့ တွေဆုံခဲ့ပြီး လုံခြုံရေးရေးနဲ့ အခြေခံအဆောက်အအုံအခြေအနေများကို လေ့လာရန် Churachandpur ခရိုင်၊  Bishnupur ခရိုင်နဲ့ Ukhrul ခရိုင်ရှိ CRPF တပ်စခန်းများကိုသွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ညွှန်ကြားရေးမူးချူပ် ဟာ ဇွန်လ ၆ ရက်နေ့မှာ ပြည်နယ်အုပ်ချူပ်ရေးမူး Ajay Kumar Balla နဲ့ ပြည်နယ်ဝန်ကြီးချူပ် Y Khemchand Singh တို့နဲ့တွေ့ဆုံခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းနေမှုကို နှိမ်နှင်းရန်နဲ့ အရပ်သားပြည်သူများရဲ့ အသက်

အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်ညွှန်ကြားခဲ့တယ်လို့ အဲဒီဒေသသတင်းကဆိုပါတယ်။

မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်မေလက ဖြစ်ပွားခဲ့တဲ့ ကူကီး-ဇိုလူမျိုးစုနဲ့ ကသည်းလူမျိုးစုကြား လူမျိုးရေးပဋိပက္ခကြောင့်ပြည်နယ်အတွင်းတည်ငြိမ်မှုပျက်ပြားခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က Ukhrul ခရိုင်၊ လီတန်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် နာဂလူမျိုးစုနဲ့ ကူကီး လူမျိုးစုကြားတင်းမာမှုထပ်မံပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

သတင်း – Yongpithong

ပုံစာ – အိန္ဒိယ အထူးတပ်ဖွဲ့ CoBRA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။

ဓာတ်ပုံ – Kukiland 

ကိုးကား – Kukiland

နောက်ဆုံးရသတင်းများ

ကလေး၊ ဟားခါးနဲ့ ရိခေါ်ဒါရ်ကနေ ဖလမ်းပြန်မယ့် စစ်ရှောင်တွေ နာမည်စာရင်းပေးနိုင်ပြီလို့ဆို

ဇွန် ၉ ၊ ၂၀၂၆Zalen ဇွန်လ ဒုတိယအပတ်ထဲမှာ ကလေး၊ ဟားခါးနဲ့ ရိခေါ်ဒါရ်မြို့တွေကနေ ချင်းပြည်နယ် ဖလမ်းမြို့ နေရပ်ပြန်ချင်တဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ ကလေးမြို့မှာရှိတဲ့ Central Chin Pawlpi ရုံးမှာ မနက်ဖြန် ဇွန်လ ...

ဆက်ဖတ်ရန်