မတရားအာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်း

ဧပြီ ၁၀၊ ၂၀၂၆
Zalen

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမမှာ ဒီနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြုလုပ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူထားပြီးနောက် အစိုးရအဖွဲ့သစ်ကို စတင်တာဝန်ယူလိုက်ဖြစ်တယ်လို့ သိရှိရပါတယ်။

Zalen ad

အခုလို သမ္မတအဖြစ် တာဝန်ယူနိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်တွေကို အခြေခံ၍ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန့်ထားပါတယ်။

သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျမ်းသစ္စာပြုပြီးနောက် ဒုတိယသမ္မတ (၁) အဖြစ် ဦးညိုစောနဲ့ ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေးတို့ကလည်း ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်မှာ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်မှာ အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၎င်းတို့နဲ့အတူ ဝန်ကြီးဌာနအသီးသီးအတွက် ခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေကလည်း ၎င်းတို့ရဲ့ တာဝန်တွေကို စတင်ထမ်းဆောင်ရန် ကတိသစ္စာပြုခဲ့ကြပါတယ်။

အခမ်းအနားကို ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသူတွေနဲ့အတူ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်း မဟာမိတ်နိုင်ငံအချို့မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်း သူများကိုနှိမ်နင်းရန် အထူးတပ်ဖွဲ့ CoBRA တပ်ရင်း (၃) ရင်းစေလွတ်

ဇွန်  ၉၊  ၂၀၂၆ Zalen  အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများကိုနှိမ်နင်းရန် CRPF ညွန်းကြားရေးမှုချူပ်က အထူးတပ် CoBRA တပ်ဖွဲ့ တပ်ရင်း(၃) ရင်းကိုစေလွတ်ထားတယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။ အခုလို စေလွတ်ထားတဲ့ အထူးလှုပ်ရှားတပ် CoBRA တပ်ရင်း (၃) ...

ဆက်ဖတ်ရန်