လွှတ်တော် (၃)နှစ်ကျော်သက်တမ်းအတွင်း တပ်မတော်ကိုယ်စားလှယ်တွေ မေးခွန်းနဲ့အဆို တစ်ခုမှမရှိသေ

၂၀၁၉၊ နိုဝင်ဘာလ (၃)
ချင်းပြည်နယ်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေး (၁၉)ကြိမ်ကျင်းပလုပ်ခဲ့ပြီဖြစ်ရာ ယင်းအစည်းအဝေးတစ်လျှောက် တပ်မတော်ကိုယ်စားလှယ်တွေ မေးခွန်းနဲ့ အဆို တစ်ခုမှမရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်ရုံးရဲ့ မှတ်တမ်းစာရင်းအရသိရပါတယ်။

ပြည်နယ်လွှတ်တော်တွင် ပြည်သူလူထုကရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်ကတိုက်ရိုက်တာဝန်ပေးထားတဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် (၆)ဦးရှိပါတယ်။

မတူပီမြို့နယ် CNLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “သူတို့လွှတ်တော်အစည်းအဝေးမှာ ထိုင်ယုံပဲ။ ချင်းပြည်နယ်အကြောင်းဆွေးနွေးရင်လည်း ဝင်မဆွေးနွေးဘူး။ မဲခွဲဆုံးဖြတ်တဲ့ချိန်မှာ နယ်လုံဝန်ကြီးကအစိုးရကိုထောက်ခံတယ်ဆိုရင် သူတို့လည်းလိုက်ထောက်ခံတယ်။ သူတို့က တခြားတိုင်းဒေသကြီးကနေလာတဲ့သူတွေဖြစ်တဲ့တွက် ဒေသမြို့အခြေအနေမသိကြဘူး” လို့ပြောပါတယ်။

ထန်တလန်မြို့နယ် ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်းက “တပ်မတော်ကိုယ်စားလှယ်တွေက ကျနော်တို့ရဲ့ မေးခွန်းတွေ အဆိုတွေထောက်ခံပေးတယ်။ လွှတ်တော်ထဲမှာ သူတို့က အတိုက်အခံမလုပ်ဘူး။ ဦးစိုးထက်ကို ဝန်ကြီးခန့်ဖို့လျာထားတဲ့ချိန်မှာ NLD အမတ်တွေက ကန့်ကွက်လို့အစည်းအဝေးအပြင်ထွက်တဲ့ချိန်မှာ ကျနော်တို့နဲ့ တပ်မတော်ကိုယ်စားလှယ်တွေကပဲ ထောက်ခံအတည်ပြုပေးတာ” လို့ပြောပါတယ်။

(Zawgyi)

လႊတ္ေတာ္ (၃)ႏွစ္ေက်ာ္သက္တမ္းအတြင္း တပ္မေတာ္ကိုယ္စားလွယ္ေတြ ေမးခြန္းနဲ႔အဆို တစ္ခုမွမရွိေသး

၂၀၁၉၊ ႏိုဝင္ဘာလ (၃)
ခ်င္းျပည္နယ္တြင္ ျပည္နယ္လႊတ္ေတာ္အစည္းအေဝး (၁၉)ႀကိမ္က်င္းပလုပ္ခဲ့ၿပီျဖစ္ရာ ယင္းအစည္းအေဝးတစ္ေလွ်ာက္ တပ္မေတာ္ကိုယ္စားလွယ္ေတြ ေမးခြန္းနဲ႔ အဆို တစ္ခုမွမရွိေသးဘူးလို႔ ျပည္နယ္လႊတ္ေတာ္႐ုံးရဲ႕ မွတ္တမ္းစာရင္းအရသိရပါတယ္။

ျပည္နယ္လႊတ္ေတာ္တြင္ ျပည္သူလူထုကေ႐ြးေကာက္ခံမဟုတ္တဲ့ တပ္မေတာ္ကတိုက္႐ိုက္တာဝန္ေပးထားတဲ့ တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္ (၆)ဦးရွိပါတယ္။

မတူပီၿမိဳ႕နယ္ CNLD ပါတီမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းေအာင္လ်န္က “သူတို႔လႊတ္ေတာ္အစည္းအေဝးမွာ ထိုင္ယုံပဲ။ ခ်င္းျပည္နယ္အေၾကာင္းေဆြးေႏြးရင္လည္း ဝင္မေဆြးေႏြးဘူး။ မဲခြဲဆုံးျဖတ္တဲ့ခ်ိန္မွာ နယ္လုံဝန္ႀကီးကအစိုးရကိုေထာက္ခံတယ္ဆိုရင္ သူတို႔လည္းလိုက္ေထာက္ခံတယ္။ သူတို႔က တျခားတိုင္းေဒသႀကီးကေနလာတဲ့သူေတြျဖစ္တဲ့တြက္ ေဒသၿမိဳ႕အေျခအေနမသိၾကဘူး” လို႔ေျပာပါတယ္။

ထန္တလန္ၿမိဳ႕နယ္ ႀကံ့ခိုင္ေရးပါတီမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာမႈထန္းက “တပ္မေတာ္ကိုယ္စားလွယ္ေတြက က်ေနာ္တို႔ရဲ႕ ေမးခြန္းေတြ အဆိုေတြေထာက္ခံေပးတယ္။ လႊတ္ေတာ္ထဲမွာ သူတို႔က အတိုက္အခံမလုပ္ဘူး။ ဦးစိုးထက္ကို ဝန္ႀကီးခန႔္ဖို႔လ်ာထားတဲ့ခ်ိန္မွာ NLD အမတ္ေတြက ကန႔္ကြက္လို႔အစည္းအေဝးအျပင္ထြက္တဲ့ခ်ိန္မွာ က်ေနာ္တို႔နဲ႔ တပ္မေတာ္ကိုယ္စားလွယ္ေတြကပဲ ေထာက္ခံအတည္ျပဳေပးတာ” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်မှာ လက်နက်ကြီးကြောင့် အဘွားတစ်ဦး သေဆုံး

၂၃၊ဧပြီ၊ ၂၀၂၄ Zalen တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာမှာ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည် ၆၇နှစ်အရွယ် အဘွားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တီးတိန်မြို့နယ်၊ ...

ဆက်ဖတ်ရန်