အေအေကဖမ်းထားစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်မှအပ အားလုံးပြန်လည်လွှတ်မြောက်

၂၀၁၉၊ နိုဝင်ဘာလ(၄)
အေအေလက်နက်ကိုင်တပ်ဖွဲ့တို့ဖမ်းဆီးထားစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးတာကြောင့် ဒီမနက် (၆)နာရီတွင် လွှတ်တော်အမတ်ဦးဝှေ့တင်းမှအပ အားလုံးပြန်လည်လွတ်မြောက်လာပြီလို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက်ထံမှသတင်းရရှိပါတယ်။

ဝန်ကြီးဦးစိုးထက်က “သူတို့ကိုဖမ်းတဲ့ ကျောက်တန်းရေဆိပ်ကနေ ကျောက်တော်ကိုထွက်သွားပြီ။ ကျောက်တော်မှာ စက်လှေသမား ၂ယောက်ကိုကျန်ထားပြီး စစ်တွေကိုဆက်ထွက်သွားကြတယ်။ လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကိုတော့ မေးစရာရှိတယ်ဆိုပြီး ဆက်ဖမ်းထားတယ်။ အိန္ဒိယနိုင်ငံသား အသက် ၆၀ အရွယ်တစ်ယောက်က မနေ့က တောင်ပေါ်တက်စဉ် အမောဆို့ပြီးဆုံးသွားတယ်။ အလောင်းနဲ့ဘာနဲ့ဆိုတော့ လွှတ်ပေးတာလို့ထင်တယ်။ ဖမ်းတဲ့သူတွေက သေနတ်နဲ့ခေါ်သွားတယ်။ သေချာတာက တပ်ကခေါ်တာမဟုတ်တဲ့တွက် လက်နက်ကိုင်က တပ်နဲ့ အေအေ နှစ်မျိုးပဲရှိတယ်။ ပြီးတော့ တပ်ကလည်း ဒီလိုမျိုးခေါ်လေ့ခေါ်ထမရှိဘူးလေ။ အေအေကတော့ တောက်လျှောက်လုပ်နေတာပဲလေ။ သူတို့က ပလက်ဝကနေ ကျောက်တော် သွားတဲ့ ကားလမ်းကော၊ ရေလမ်းကောအကုန်ပိတ်စို့ပြီးတော့ မကြာမကြာကားတွေကိုစစ်ဆေးတယ်။ စက်လှေတွေဆိုလည်းမကြာမကြာခေါ်ပြီးစစ်မေးနေကြတယ်။ သူတို့ရည်ရွယ်ချက်ကတော့ သူတို့ပဲသိမှာပေါ့လေ။ ကျနော်တို့ကတော့ ပြည်ထောင်စုအစိုးရကိုတင်ပြတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နောက် NRPC တွေသက်ဆိုင်ရာအကုန်လုံးတင်ပြထားတယ်။ ပြည်နယ်အစိုးရကအောက်ကိုလမ်းညွှန်မှုပေးပြီးတော့ လုံခြုံရေးကိစ္စတွေဆောင်ရွက်နေတယ်” လို့ပြောပါတယ်။

နိုဝင်ဘာလ (၃)ရက် မနက် (၈)နာရီတွင် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း နဲ့ ပလက်ဝ-အိန္ဒိယလမ်းစီမံကိန်းမှ အိန္ဒိယနိုင်ငံသား (၅)ဦး၊ စကားပြန် (၂)ဦးနဲ့ ရေယာဉ်မောင်းသူ (၂)ဦးတို့ဟာ speed boat (၂)စီးဖြစ် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့သွားရာ လမ်းတွင် အေအေလက်နက်ကိုင်တပ်ဖွဲ့ရဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာဖြစ်ပါတယ်။

(Zawgyi)

ေအေအကဖမ္းထားစဥ္ အိႏၵိယႏိုင္ငံသားတစ္ဦးေသဆုံးၿပီး လႊတ္ေတာ္အမတ္မွအပ အားလုံးျပန္လည္လႊတ္ေျမာက္

၂၀၁၉၊ ႏိုဝင္ဘာလ(၄)
ေအေအလက္နက္ကိုင္တပ္ဖြဲ႕တို႔ဖမ္းဆီးထားစဥ္ အိႏၵိယႏိုင္ငံသားတစ္ဦးေသဆုံးတာေၾကာင့္ ဒီမနက္ (၆)နာရီတြင္ လႊတ္ေတာ္အမတ္ဦးေဝွ႔တင္းမွအပ အားလုံးျပန္လည္လြတ္ေျမာက္လာၿပီလို႔ ခ်င္းျပည္နယ္ စည္ပင္ဝန္ႀကီးဦးစိုးထက္ထံမွသတင္းရရွိပါတယ္။

ဝန္ႀကီးဦးစိုးထက္က “သူတို႔ကိုဖမ္းတဲ့ ေက်ာက္တန္းေရဆိပ္ကေန ေက်ာက္ေတာ္ကိုထြက္သြားၿပီ။ ေက်ာက္ေတာ္မွာ စက္ေလွသမား ၂ေယာက္ကိုက်န္ထားၿပီး စစ္ေတြကိုဆက္ထြက္သြားၾကတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေဝွ႔တင္းကိုေတာ့ ေမးစရာရွိတယ္ဆိုၿပီး ဆက္ဖမ္းထားတယ္။ အိႏၵိယႏိုင္ငံသား အသက္ ၆၀ အ႐ြယ္တစ္ေယာက္က မေန႔က ေတာင္ေပၚတက္စဥ္ အေမာဆို႔ၿပီးဆုံးသြားတယ္။ အေလာင္းနဲ႔ဘာနဲ႔ဆိုေတာ့ လႊတ္ေပးတာလို႔ထင္တယ္။ ဖမ္းတဲ့သူေတြက ေသနတ္နဲ႔ေခၚသြားတယ္။ ေသခ်ာတာက တပ္ကေခၚတာမဟုတ္တဲ့တြက္ လက္နက္ကိုင္က တပ္နဲ႔ ေအေအ ႏွစ္မ်ိဳးပဲရွိတယ္။ ၿပီးေတာ့ တပ္ကလည္း ဒီလိုမ်ိဳးေခၚေလ့ေခၚထမရွိဘူးေလ။ ေအေအကေတာ့ ေတာက္ေလွ်ာက္လုပ္ေနတာပဲေလ။ သူတို႔က ပလက္ဝကေန ေက်ာက္ေတာ္ သြားတဲ့ ကားလမ္းေကာ၊ ေရလမ္းေကာအကုန္ပိတ္စို႔ၿပီးေတာ့ မၾကာမၾကာကားေတြကိုစစ္ေဆးတယ္။ စက္ေလွေတြဆိုလည္းမၾကာမၾကာေခၚၿပီးစစ္ေမးေနၾကတယ္။ သူတို႔ရည္႐ြယ္ခ်က္ကေတာ့ သူတို႔ပဲသိမွာေပါ့ေလ။ က်ေနာ္တို႔ကေတာ့ ျပည္ေထာင္စုအစိုးရကိုတင္ျပတယ္။ ကာကြယ္ေရး၊ ျပည္ထဲေရး၊ ေနာက္ NRPC ေတြသက္ဆိုင္ရာအကုန္လုံးတင္ျပထားတယ္။ ျပည္နယ္အစိုးရကေအာက္ကိုလမ္းၫႊန္မႈေပးၿပီးေတာ့ လုံၿခဳံေရးကိစၥေတြေဆာင္႐ြက္ေနတယ္” လို႔ေျပာပါတယ္။

ႏိုဝင္ဘာလ (၃)ရက္ မနက္ (၈)နာရီတြင္ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း နဲ႔ ပလက္ဝ-အိႏၵိယလမ္းစီမံကိန္းမွ အိႏၵိယႏိုင္ငံသား (၅)ဦး၊ စကားျပန္ (၂)ဦးနဲ႔ ေရယာဥ္ေမာင္းသူ (၂)ဦးတို႔ဟာ speed boat (၂)စီးျဖစ္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕သို႔သြားရာ လမ္းတြင္ ေအေအလက္နက္ကိုင္တပ္ဖြဲ႕ရဲ႕ဖမ္းဆီးေခၚေဆာင္သြားျခင္းခံရတာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

တိုက်ပွဲတွင်း ကုန်စည်စီးဆင်းမှု အားလုံးပိတ်ထားတဲ့ အမ်းမြို့နယ်မှာ ဆန်ပြုတ်သောက်နေရ

၁၆၊ ဧပြီလ၊ ၂၀၂၄ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း လမ်းကြောင်းတွေ အားလုံးပိတ်ထားပြီး ဆန်စတင် ပြတ်လတ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ ချင်းလူမျိုး အများပြားနေထိုင်တဲ့ အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ တိုက်ပွဲတွင်း ...

ဆက်ဖတ်ရန်