MTC/MDF ကို ဆက်လက် ပံ့ပိုးကူညီပေးသွားမယ်လို့ အေအေ ပြော

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်

Zalen

ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာနယ်မြေကာကွယ်ရေးတပ် (MTC/MDF) ကို မဟာမိတ်အဖြစ် ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ အာရက္ခတပ်တော် (အေအေ) က ပြောကြားလိုက်ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ MTC/MDF က ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ အခမ်းအနားမှာ AA အမှတ် (၃) တပ်မဟာ၊ အမှတ် (၁) စစ်ဗျုဟာမှူး မုန်တိုင်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

Zalen ad

” MTC /MDF မရာအဖွဲ့အစည်းကို ကျွန်တော်တို့ ULA/AAအနေနဲ့ အိမ်နီးနားချင်း မိတ်ဆွေဆိုတဲ့အတိုင်း မိတ်ကောင်းဆွေကောင်း ပီသစွာ ရပ်တည်ကူညီ ပံ့ပိုးပေးသွားမယ်။ ကျွန်တော်တို့ ကူညီပံ့ပိုးမယ်ဆိုတာ လူပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ ကူညီပံ့ပိုးတာမဟုတ်ပါဘူး။ အဖွဲစည်းတစ်ခုကို ပံ့ပိုးတာပါ။ ဒီပြည်သူ့ညီလာခံက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ဘယ်ပုဂ္ဂိုလ် ဘယ်သူမဆို ပံ့ပိုးကူညီပေးသွားမယ်။”ဟု အေအေ စစ်ဗျူဟာမှူး မုန်တိုင်းက ဆိုပါတယ်။

မရာအဖွဲ့အစည်း နဲ့ ULA/AA အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက နှစ်ဖက်ခေါင်းဆောင်တွေ ရင်းနှီးမှုတည်ဆောက်ပြီး တပ်တော်ကို တည်ထောင်ဖို့ လုပ်ဆောင်ပေမဲ့ ၂၀၁၉ ခုနှစ်မှာ တည်ထောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အေအေ စစ်ဗျူဟာမှူး မုန်တိုင်းက ဆက်လက်ပြီး”အခက်အခဲတွေ အများကြီးထဲက မရာပြည်သူတွေအတွက် အင်မတန်မှအရေးကြီးတဲ့ အင်မတန်မှလိုအပ်တဲ့ စည်းကမ်းပြည့်ဝတဲ့ တပ်တစ်ခုဖြစ်ဖို့အတွက် ဘယ်လောက်ကြိုးစားခဲ့ရတယ်။ ဘယ်လောက်ထိ ကျွန်တော်တို့အခက်အခဲ စိန်ခေါ်မှုများကို ဘယ်လောက်ထိ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို ဒီက မရာခေါင်းဆောင်တွေ၊ ရဲဘော်တွေ အကုန်လုံးအသိပါပဲ။ အဲဒီချိန်က ယုံကြည်မှုရှိရှိ တစ်ယောက်ပေါ်တစ်ယောက် လေးစားမှုရှိရှိ စိတ်ရင်းစေတနာအမှန်နဲ့ လျောက်လှမ်းလာခဲ့တာ အခုဆိုရင် ခရီးတစ်ထောင့် မဟုတ်ရင်တောင်မှ တော်တော်များများ ခရီးရောက်ခဲ့ပြီ။” လို့ ဆိုပါတယ်။

ဒါ့အပြင် MTC MDF အဖွဲ့အစည်းဟာ စစ်ရေးနဲ့ နိုင်ငံရေးမှာ လက်ရှိအနေအထားအရ ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတဲ့အတွက် ခေါင်းဆောင်များအနေနဲ့ ခံစားချက်ကို ဦးစားမပေးပဲ ခံယူချက်နဲ့ အလုပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်