NUG ၊ PDF ကို လက်မခံကြောင်း  သက်သေပြသည့်အနေဖြင့် အိန္ဒိယ၊ အာသံတပ်ဖွဲ့က ရှင်းလင်းပြီး လက်နက်များသိမ်းယူခဲ့ ဆိုတဲ့ သတင်းအမှား

မေ ၂၆၊၂၀၂၅။

Zalen

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကို လက်မခံကြောင်း သက်သေပြသည့်အနေဖြင့် အိန္ဒိယနိုင်ငံ၊ အာသံတပ်ဖွဲ့က ရှင်းလင်းပြီး လက်နက်များသိမ်းယူခဲ့ဆိုတဲ့သတင်းကို သဇင်ဦးအမည်ရှိ တယ်လီဂရမ်ချန်နယ်က ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ရေးသားဖြန်ချီခဲ့ပါတယ်။

သဇင်ဦးအမည်ရှိ တယ်လီဂရမ်ချန်က”မြန်မာအစိုးရကို ဆန့်ကျင်ပုန်ကန်နေသည့်  NUG ၊ PDF နဲ့ ပသုံးလုံး တို့ကို ဘယ်နိုင်ငံကမှ လက်မခံကြောင်း  သက်သေပြသည့်အနေဖြင့် အိန္ဒိယ၊ အာသံတပ်ဖွဲ့က ရှင်းလင်းပြီး လက်နက်များသိမ်းယူခဲ့။”လို့ သတင်းရေးသားဖြန့်ချီနေပါတယ်။

သတင်းမူရင်းလင့်ခ်

https://archive.ph/55pYD

အဲဒီသတင်းကို မနေ့ မေလ ၂၅ ရက်နေ့ ညနေထိ ဖတ်ရှူသူ ၃၀,၃၀၀ ကျော် ၊ Reaction ပေးသူ ၆၃၀၀ ဦး နဲ့ Comments ပေးထားသူ ၁ ခု တို့ရှိပါတယ်။

စိစစ်တွေ့ရှိချက်

========

Zalen Fact-Checking Teams က စိစစ်ကြည့်တဲ့အခါ NUG ၊ PDF နဲ့ ပသုံးလုံး တို့ကို ဘယ်နိုင်ငံကမှ လက်မခံကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က စာထုတ်တာဖြစ်ဖြစ် မတွေ့ရှိရပါဘူး။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ၁၀ ဦးကို အိန္ဒိယ၊ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာ မှန်ကန်ပေမယ့် NUG ၊ PDF နဲ့ ပသုံးလုံး တို့ကို လက်မခံကြောင်း သက်သေပြသည့်အနေဖြင့် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ဘူးလို့ တမူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“အဲဒီဖြစ်စဥ်က ကျတော်တို့ NUG ဆီ အကြောင်းကြား တိုင်ကြားထားတဲ့အတွက် အခုအချိန်မှာ ဘာမှမဖြေကြားစေချင်သေးဘူး။ ဒါပေမယ့် NUG ၊ PDF၊ ပကဖ တွေကို ဘယ်နိုင်ငံကမှ လက်မခံလို့၊ သက်သေပြတဲ့အနေနဲ့ အခုလို ဖမ်းဆီးသတ်ဖြတ်လိုက်တာတော့ မဟုတ်ဘူး။ အမှုမှန်ပေါ်ပေါက်ရေး တာဝန်ရှိသူတွေ ဆောင်ရွက်နေတာကြောင့် မကြာခင် အကြောင်းစုံ သိရမှာပါ။”လို့ သူက ဆိုပါ။

အိန္ဒိယ-မြန်မာနယ်စပ်မှာ စခန်းချတဲ့ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ်တာဖြစ်ပြီး ၎င်းတို့ကို လက်မခံတဲ့အတွက်ကြောင်း သက်သေပြသည့်အနေဖြင့် သတ်ဖြတ်ခဲ့ခြင်းမဟုတ်ဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ပကဖ ရဲဘော် ၁၀ ဦးကို အိန္ဒိယစစ်တပ်က သတ်ဖြတ်သွားတယ်ဆိုတာက ဟုတ်ပါတယ်။ သူတို့က ဖမ်းဆီးပြီး အလောင်းကို ပြန်ယူခိုင်းတယ်။ NUG၊ PDF တွေကို ဘယ်နိုင်ငံကမှ လက်မခံတာကို သက်သေပြတဲ့အနေနဲ့ သူတို့ကို သတ်ဖြတ်သွားတာ မဟုတ်ဘူး။”လို့ သူက ဆိုပါတယ်။

BBC သတင်းဌာနကလည်း ပကဖ ရဲဘော် ၁၀ ဦးကို အာသံရိုင်ဖယ်တပ်ဖွဲ့က သတ်ဖြတ်သွားတယ်ဆိုတဲ့ သတင်းဖော်ပြပြီး NUG ၊ PDF တို့ကို ဘယ်နိုင်ငံကမှ လက်မခံကြောင်း သက်သေပြသည့်အနေဖြင့် သတ်ဖြတ်သွားတယ်ဆိုတာကို မဖော်ပြပါဘူး။

မေလ ၁၄ ရက်နေ့က မြန်မာ-အိန္ဒိယနယ်စပ် Chandel ခရိုင်မှာ နယ်မြေရှင်းလင်းရေးဆောင်နေစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိတယ်လို့ အိန္ဒိယစစ်တပ်က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

သေဆုံးတဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ တမူးမြို့နယ် ပကဖ ရဲဘော် ၁၀ ဦးဖြစ်ပြီး ၎င်းတို့ကို လက်မခံတဲ့အတွက် အိန္ဒိယစစ်တပ်က သတ်ဖြတ်သွားခြင်းဖြစ်ကြောင့် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာ မတွေ့ရှိရပါဘူး။

ထုတ်ပြန်ချက် မူရင်းလင်ခ်

https://archive.ph/xAics

သုံးသပ်ချက်

=======

အထက်ပါတာဝန်ရှိသူနဲ့ မီဒီယာတွေရဲ့ဖော်ပြချက်အရ PDF တပ်ဖွဲ့ဝင် ၁၀ ဦးကို ရှင်းလင်းပြီး လက်နက်များ သိမ်းဆည်းရမိတယ်ဆိုတဲ့ အချက်လက်မှာ မှန်ကန်ပြီး NUG ၊ PDF၊ ပကဖ တွေကို ဘယ်နိုင်ငံကမှ လက်မခံကြောင်း သက်သေပြတဲ့အနေဖြင့် ရှင်းလင်းခဲ့တယ်ဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။

ဒါကြောင့် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

သဇင်ဦး တယ်လီဂရမ်ချန်နယ်ဟာ စစ်ကောင်စီထောက်ခံအားပေးတဲ့ ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေကို နေ့စဥ် ရေးသားဖြန်ချိနေပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်