ချင်းတော်လှန်ရေးခေါင်းဆောင် ဝမ္မသူးမောင်းပန်းခြံအတွက် စတင်မြေတိုင်းပြီး မကြာမီ အုတ်တံတိုင်ကာမယ်

November 9, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၉) မင်းတပ်မြို့အဝင်တွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဝမ္မသူးမောင်းပန်းခြံအတွက် နိုဝင်ဘာ (၈)ရက်တွင် မြေတိုင်းပြီး မကြာမီ ပန်းခြံအုတ်တံတိုင်ခတ်တော့မယ်လို့ သတင်းရရှိပါတယ်။ ယင်းတိုင်းတာချက်အရ ပန်းခြံဟာ ၃ ဒသမ ၄၂ ဧက (၁၅၄၆ ပေပတ်လည်)ရှိပါတယ်။ ဝမ္မသူးမောင်း ကြေးရုပ်ဖြစ်မြောက်ရေးကော် ဥက္ကဌ ဆလိုင်းကီးရှိန်က “မနေ့က […]

ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဒီကနေ့ ထုတ်ပြန်

November 9, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာ (၉) ပလက်ဝမြို့နယ်တွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး ဒီနေ့ကစပြီး ညမထွက်ရအမိန့် ပုဒ်မ (၁၄၄)ကို မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ ထုတ်ပြန်လိုက်ပါတယ်။ ယင်းအမိန့်စာထဲတွင် ပလက်ဝမြို့နယ် အတွင်းတွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု၊ ခေါ်ဆောင်မှုများ […]

ပြိုင်ပွဲမှာ ဆုရဖို့ထက် တကယ့်လက်တွေ့ဘဝမှာ ဆုရဖို့ပိုအရေးကြီးတယ်လို့ ယောကီးကိုအားပေးလိုက်တဲ့ Raymond

November 8, 2019 za len 0

မနေ့ညက ကျင်းပတဲ့ Myanmar Idol Rock Week မှာ ယောကီးက Idiots အဖွဲ့က အဆိုတော် Raymond ရဲ့ “ဝမ်းနည်းတတ်တဲ့ချစ်သူ”သီချင်းကိုသီဆိုတဲ့ပေါ်မှာ မူလသီချင်းအဆိုရှင်က ယောကီးကို ချီးကျူးလိုက်ပါတယ်။ အဆိုတော် Raymond က ၎င်းလူမှုကွန်ယက်စာမျက်နှာမှာ “သီချင်းက Low (Bass) ကိုအသားပေးဆိုရတဲ့သီချင်းပါ […]

မင်းတပ်မြို့တွင် လူနေအိမ် ၂ လုံးမီးလောင်

November 8, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၈) မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်-မတူပီလမ်းမဘေးတွင် ဒီမနက် ၂ နာရီခန့်တွင် လူနေအိမ် ၂ လုံးမီးလောင်သွားတယ်လို့ ဒေသခံတွေဆီကသတင်းရရှိပါတယ်။ ဒေါ်အောင်လိုင်းအိမ်မှ မီးကြွင်းမီးကျန်ကနေ စတင်မီးလောင်တာဖြစ်ပြီး ယင်းအိမ်ဘေးရှိ ဦးဟာမာန်အိမ်သို့ မီးကူးသွားပါတယ်။ အနောက်ရပ်ကွက် စာရေးဦးရောင်နိုင်းက “မီးစလောင်တဲ့အိမ်ရှင်က ဆွမ်းချက်ဖို့ ဘုန်းကြီးကျောင်းမှာသွားအိပ်နေတယ်။ မီးလောင်သွားတယ်ဆိုတာလည်း […]

ပလက်ဝ နဲ့ ဆမီးမြို့ ရဲစခန်းကို အေအေလက်နက်ကိုင်အဖွဲ့က ဝင်တိုက်မယ်ဆိုတဲ့သတင်းများထွက်ပေါ်

November 4, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ(၄) ချင်းပြည်နယ် ပလက်ဝမြို့ နဲ့ ဆမီးမြို့ ရဲစခန်းတွေကို အေအေလက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ (၄၊၅၊၆)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့စာကပ်ထားတယ် သတင်းများထွက်ပေါ်နေပါတယ်။ ပလက်ဝမြို့ဒေသခံတစ်ဦးက “ဒီသတင်းကို ရဲဝန်ထမ်းမိသားစုတွေဆီက နိုဝင်ဘာ (၂)ရက်နေ့ကကြားတာပါ။ AA ကပလက်ဝရဲစခန်းမှာစာလာကပ်တယ်ကြားတယ်။ ရဲစခန်းအနီး ဆိုင်ကလူတွေလည်း သတိနဲ့နေဖို့ စာထဲမှာရေးထားပါတယ်လို့ပြောတယ်။ ခုတလော ပလက်ဝအခြေအနေက […]

အေအေကဖမ်းထားစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်မှအပ အားလုံးပြန်လည်လွှတ်မြောက်

November 4, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ(၄) အေအေလက်နက်ကိုင်တပ်ဖွဲ့တို့ဖမ်းဆီးထားစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးတာကြောင့် ဒီမနက် (၆)နာရီတွင် လွှတ်တော်အမတ်ဦးဝှေ့တင်းမှအပ အားလုံးပြန်လည်လွတ်မြောက်လာပြီလို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက်ထံမှသတင်းရရှိပါတယ်။ ဝန်ကြီးဦးစိုးထက်က “သူတို့ကိုဖမ်းတဲ့ ကျောက်တန်းရေဆိပ်ကနေ ကျောက်တော်ကိုထွက်သွားပြီ။ ကျောက်တော်မှာ စက်လှေသမား ၂ယောက်ကိုကျန်ထားပြီး စစ်တွေကိုဆက်ထွက်သွားကြတယ်။ လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကိုတော့ မေးစရာရှိတယ်ဆိုပြီး ဆက်ဖမ်းထားတယ်။ အိန္ဒိယနိုင်ငံသား အသက် ၆၀ အရွယ်တစ်ယောက်က […]

သုံးထပ်ကွင်းချန်ပီယံ ရဲသွေးနီ နဲ့ အောက်ချင်းလေး စိန်ခေါ်ပွဲ သရေကျ

November 3, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၃) သုံးထပ်ကွင်းချန်ပီယံ ရဲသွေးနီ နဲ့ အောက်ချင်းလေး တို့စိန်ခေါ်ပွဲထိုးတွင် ပွဲပြည့်တဲ့ ငါးချီအထိရင်ဆိုင်ထိုးသတ်ရာ သရေကျခဲ့ပါတယ်။ AIR KBZ Fight – 6 ရိုးရာလက်ဝှေ့ ရွှေအောင်လံလုပွဲကို ရန်ကုန်မြို့သိမ်ဖြူ လက်ဝှေ့ရုံ၌ ဒီနေ့ ညနေ (၂)နာရီတွင် ကျင်းပပါတယ်။ ရဲသွေးနီဟာ […]

ပလက်ဝမြို့နယ်လွှတ်တော်အမတ်နဲ့ အိန္ဒိယနိုင်ငံသား (၅)ဦးအပါအဝင် လူ(၉)ဦးပျောက်ဆုံးနေ

November 3, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၃) ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း နဲ့ ပလက်ဝ-အိန္ဒိယလမ်းစီမံကိန်းမှ အိန္ဒိယနိုင်ငံသား (၅)ဦးအပါအဝင် လူ (၁၀)ဦးဟာ ပလက်ဝ နဲ့ ကျောက်တော်လမ်းအကြားတွင် ပျောက်ဆုံးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ကြေးနန်းစာရသိရပါတယ်။ ၎င်းတို့ဟာ ဒီမနက် (၈)နာရီတွင် ပလက်ဝမြို့မှ speed boat (၂)စီးဖြစ် […]

လွှတ်တော် (၃)နှစ်ကျော်သက်တမ်းအတွင်း တပ်မတော်ကိုယ်စားလှယ်တွေ မေးခွန်းနဲ့အဆို တစ်ခုမှမရှိသေ

November 3, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၃) ချင်းပြည်နယ်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေး (၁၉)ကြိမ်ကျင်းပလုပ်ခဲ့ပြီဖြစ်ရာ ယင်းအစည်းအဝေးတစ်လျှောက် တပ်မတော်ကိုယ်စားလှယ်တွေ မေးခွန်းနဲ့ အဆို တစ်ခုမှမရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်ရုံးရဲ့ မှတ်တမ်းစာရင်းအရသိရပါတယ်။ ပြည်နယ်လွှတ်တော်တွင် ပြည်သူလူထုကရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်ကတိုက်ရိုက်တာဝန်ပေးထားတဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် (၆)ဦးရှိပါတယ်။ မတူပီမြို့နယ် CNLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “သူတို့လွှတ်တော်အစည်းအဝေးမှာ ထိုင်ယုံပဲ။ […]

ချင်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးအမတ်တွေရဲ့ မေးခွန်းနဲ့အဆို အချိုးအများဆုံးဖြစ်နေ

November 3, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၃) NLD ခေတ် ချင်းပြည်နယ် ပြည်နယ်လွှတ်တော်သက်တမ်းတွင် ကြံ့ခိုင်ရေးပါတီအမတ် (၃)ဦးက မေးခွန်းနဲ့အဆို (၉၉)ခုရှိပြီး တစ်ဦးလျှင် မေးခွန်း၊အဆို (၃၃)ခုနှုန်းမေးမြန်းထားသဖြင့် NLD အမတ်တွေထက် မေးခွန်းနဲ့အဆိုပိုမိုများပြားနေကြောင်း ချင်းပြည်နယ်လွှတ်တော်ရုံးစာရင်းအရသိရပါတယ်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်စက်တင်ဘာလအထိ ပြည်နယ်လွှတ်တော်အစည်းအဝေး (၁၉)ကြိမ်ကျင်းပပါပြီ။ ပြည်နယ်လွှတ်တော်တွင် […]