ဟားခါးမြို့တွင် လိင်တူချင်းအဓမ္မပြုကျင့်သူက ၄င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကိုကို တရားပြန်စွဲ

May 8, 2018 za len 0

ဟားခါးမြို့တွင် လိင်တူချင်းအဓမ္မပြုကျင့်သူ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)က ၄င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကို ဆလိုင်းဗျက်ဇာထောင်း(၂၂နှစ်)ကို တရားပြန်စွဲလိုက်သည်ဟုသတင်းရရှိသည်။ ဦးခင်မောင်ထူး(၃၅နှစ်)က အိမ်နီးနားရှိ အသက်(၇)နှစ်အရွယ်ယောက်ျားလေးတစ်ဦးကို ၂၀၁၈ ခုနှစ် ဧပြီလ(၈)ရက်ညနေပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်။ ယင်းကဲ့သို့အဓမ္မပြုကျင့်စဉ်တွေ့ရှိသော ကလေးအစ်ကိုက တုတ်ချောင်းဖြစ်ရိုက်စဉ် လက်ဖြစ်ကာသဖြင့် ဒဏ်ရာရရှိသည်ဟုသိရသည်။   “အစတုန်းကတော့ အမှုမဖွင့်ဘူးလို့ပြောတယ်။ ဒါပေမယ့် ကလေးမြို့မှာဆေးရုံတက်ပြီးအပြန် […]

ဟားခါးတွင် ဝန်ထမ်းတစ်ဦးက အသက်(၇)နှစ် ယောက်ျားလေး အဓမ္မပြုကျင့်

May 8, 2018 za len 0

ဧပြီ(၁၀)၊ ၂၀၁၈ ဟားခါးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)က အသက်(၇)နှစ်အရွယ် ဒေသခံယောက်ျားလေးတစ်ဦးကို ဧပြီလ(၈)ရက်ညနေပိုင်းတွင် အဓမ္မပြုကျင့်ကြောင်း ဟားခါးမြို့နယ် ရဲစခန်းမှသတင်းရရှိသည်။ “အခုလိုဖြစ်တာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့သိရတယ်။ သူတို့က အိမ်နီးနားချင်းချင်းဗျာ။ ဟားခါးမှာဆို ယောက်ျားချင်းချင်း အဓမ္မပြုကျင့်တာ ဒါ ပထမဆုံးအကြိမ်ပဲ”ဟု ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူး […]

ကချင်စစ်ဘေးရှောင်တွေကူညီဖို့ ချင်း(ဖလမ်း)လူမှုအဖွဲ့အစည်း၊ရန်ကုန်က ရန်ပုံငွေထည့်နိုင်အောင် ဘဏ်အကောင့် နှစ်ခုဖွင့်

May 7, 2018 za len 0

လက်ရှိ ကချင်လူမျိုး စစ်ဘေးရှောင်ပြည်သူတွေကူညီဖို့ ရန်ပုံငွေထည့်နိုင်အောင် ချင်း(ဖလမ်း)လူမှုအဖွဲ့အစည်း၊ရန်ကုန်က AYA ဘဏ် အကောင့်နဲ့ KBZ  ဘဏ်အကောင့်နှစ်ခု ယနေ့ဖွင့်လှစ်လိုက်ပါပြီ။ AYA Bank Account no – 0080202010255128 KBZ Bank Account no – 17330204001913701 အလှူ ​ငွေကို […]

နောက်တစ်ပတ်တွင် ချင်းပြည်နယ်ဝန်ကြီးတစ်ဦးနှုတ်ထွက်ခိုင်းသည့်စာ ထုတ်ပြန်မည်

May 7, 2018 za len 0

ချင်းပြည်နယ်အစိုးရ ဝန်ကြီးတစ်ဦးနှုတ်ထွက်ခိုင်းသည့်စာကို နောက်တစ်ပတ်တွင် သမ္မတအတည်ပြုချက်နှင့်ထုတ်ပြန်မည်ဟုသိရသည်။ အဆိုပါဝန်ကြီးကို လုပ်ငန်းတာဝန်မကျေပွန်မှုနှင့် နှုတ်ထွက်ခိုင်းမည်ဖြစ်ကြောင်းသိရသည်။   “ကျနော်နဲ့ဝန်ကြီးချုပ်တို့ တဘက်ခါနေပြည်တော်ကိုသွားပြီး စာတင်မယ်။ သမ္မတရဲ့အတည်ပြုချက် ထုတ်ပြန်ပြီးမှသေချာမယ်။ ဘယ်ဝန်ကြီးဆိုတာလည်းပြောလို့မကောင်းသေးဘူး။ နောက်ပတ်ဆို ထုတ်ပြန်တော့မှာပါ” ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က Zalen သတင်းဌာနသို့ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အလွတ်ကျက်ဖြေစနစ်ကနေ တွေးခေါ်မြော်မြင်မှုသဘောတရားနဲ့ ဖြေဆိုတဲ့စနစ်သို့ပြောင်းမယ်

May 4, 2018 za len 0

၂၀၁၉ ခုနှစ်ကစပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အလွတ်ကျက်ဖြေဆိုတဲ့ စနစ်ကနေ တွေးခေါ်မြော်မြင်မှုသဘောတရားနဲ့ဖြေဆိုတဲ့ စနစ်သို့ပြောင်းလဲတော့မယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကဆိုပါတယ်။ “အခု ၂၀၁၉ ကစပြီးတော့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကလည်းပဲ အရင်တုန်းကလို အလွတ်ကျက်ဖြေတဲ့နေရာကနေ တွေးခေါ်မြော်မြင်မှုသဘောတရားနဲ့ ဖြေတဲ့စနစ်တွေကိုစပြောင်းပါမယ်။ တွေးခေါ်မြော်မြင်မှုနဲ့ဖြေတဲ့အခါမှာ ကျောင်းစာအုပ်ထဲကသင်ရိုးညွှန်းတမ်းပါ ကျောင်းစာအုပ်ထဲကစာနဲ့မလုံလောက်တော့ပါဘူး။ ဆက်စပ်နေတဲ့ […]

ချင်းအများပိုင်ကုမ္ပဏီ BOD အဖွဲ့ရွေးချယ်ပြီးနောက် ရှယ်ယာရောင်းမည်

May 1, 2018 za len 0

ချင်းအများပိုင်ကုမ္ပဏီ၏ Board of Director(BOD) အဖွဲ့ကို မေလ(၅)ရက်တွင်ရွေးချယ်မည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ရှယ်ယာရောင်းမည်ဖြစ်သည်။ ဧပြီ(၂၈)ရက် UMFCCIရုံးတွင်ကျင်းပသည့်အစည်းအဝေးတွင် ကုမ္မဏီမူဝါဒနှင့်စည်းမျဉ်းစည်းကမ်းများချမှတ်ခဲ့ သည်။ “ဘုတ်အဖွဲ့(၁၅)ဦးအရင်ရွေးချယ်ပြီးတော့ ဥက္ကဌ၊ CEO တွေခန့်ပြီးမှ ရှယ်ယာစဖွင့်တော့မယ်။ ရှယ်ယာကို အနည်းဆုံး သိန်း (၃၀)နဲ့ ပထမဆုံးစရောင်းမယ်။ ရှယ်ယာဝယ်မယ်ဆိုရင် လျှောက်လွှာကိုရုံးမှာ အရင်လာဖြည့်ရမယ်။ […]

ရိရေကန်နားမှာ ရိခေါ်ဒါရ်မြို့ဒေသခံတွေ ဆန္ဒဖော်ထုတ်မယ်

April 30, 2018 za len 0

ရိခေါ်ဒါရ်မြို့ဒေသခံတွေက ရိရေကန်နားမှာ မေလ(၅)ရက် စနေနေ့မှာ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်မယ်လို့ သိရပါတယ်။ ဆန္ဒဖော်ထုတ်မယ့်အကြောင်းကြားစာကိုတော့ မနက်ဖြန် ဖလမ်းမြို့နယ်ရဲစခန်းကို ပေးပို့ပြီးတော့ လူသုံးရာလောက်က ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်မယ်လို့ခန့်မှန်းထားပါတယ်။ “ဆန္ဒပြမယ့်အကြောင်းရင်းကတော့ ရိခေါ်ဒါရ်မြို့ စိတ်ရတုကျောက်တိုင်စိုက်မယ့်နေရာကို အစိုးရက အကြောင်းမဲ ကန့်ကွက်တာကြောင့်ပါ။ သူတို့ကတော့ ဟိုးဂျောင်းထဲမှာသွားစိုက်စေချင်တာ။ ကျောက်တိုင်ဆိုတာ လူအများမြင်နိုင်တဲ့နေရာမှာပဲစိုက်လေ့ရှိတယ်လေ။ ဒါကြောင့် သဘောမတူနိုင်ဘူး။ ပြီးတော့ […]

ဟွာလ်ငိုးတပ်ခွဲ ရာပြည့်ကျောက်တိုင်စိုက်ဖို့ရွေးထားတဲ့နေရာကို စည်ပင်ပန်းခြံအဖြစ်သတ်မှတ်ဖို့ သဘောမတူ

April 30, 2018 za len 0

ဟွာလ်ငိုးတပ်ခွဲ ရာပြည့်ကျောက်တိုင်စိုက်ဖို့ရွေးထားတဲ့နေရာကို စည်ပင်ပန်းခြံအဖြစ်သတ်မှတ်ဖို့ ဟွာလ်ငိုးစာပေနှင့်ယဉ်ကျေးမှုကော်မတီက သဘောမတူကြောင်းသိရပါတယ်။ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ဧပြီလ(၂၅)ရက်နေ့မှာ ရိခေါ်ဒါရ်မြို့ကိုသွားရောက်စဉ် ပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ယင်းကျောက်တိုက်စိုက်မယ့်နေရာကို စည်ပင်ပန်းခြံအဖြစ်ပြောင်းလဲပြီး ရိခေါ်ဒါရ်မြို့ စိန်ရတုကျောက်တိုင်နဲ့ ဟွာလ်ငိုးတပ်ခွဲ ရာပြည့်ကျောက်တိုင်တွေစိုက်ဖို့ နှုတ်ဖြစ်ပြောကြားခဲ့တယလို့ဆိုပါတယ်။ “ရိရေကန်နားမှာစိုက်ထားတဲ့ ရာပြည့်ကျောက်တိုင်ကို အာဏာပိုင်တွေကသဘောမတူလို့ တခြားနေရာကိုရှာကြပါလို့ပြောမှ […]

မနက်ဖြန် မြစ်ကြီးနားမြို့မှာ ပြည်သူများဆန္ဒဖော်ထုတ်မယ်

April 29, 2018 za len 0

ကချင်စစ်ဘေးရှောင်များအထောက်အပံ့မတားဆီးဖို့၊ အမြန်ဆုံးနေရပ်ပြန်နေရပ်ပြန်နိုင်ဖို့ ဧပြီလ(၃၀))ရက် နံနက် (၇)နာရီတွင် မြစ်ကြီးနားမြို့မှာ ပြည်သူများလမ်းလျှောက်ဆန္ဒဖော်ထုတ်မယ်လို့သိရပါတယ်။   ခုချိန်မှာ ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ကားမိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့အင်ဂျန်းယာန်မြို့နယ်တွေမှာ တပ်မတော်နဲ့ ကေအိုင်အေထိုးစစ်တိုက်ခိုက်တာကြောင့်နှစ်ပတ်ကျော်ကြာ ပြည်သူ နှစ်ထောင်ကျော်တောထဲမှာပိတ်မိပြီး တစ်ထောင်ကျော်စစ်ဘေးရှောင်နေကြပါတယ်။  

၁၉၉၀ အမတ်ဟောင်း၊ CNFဥက္ကဌဟောင်း ဒေါက်တာဇာလှယ်ထန်အလောင်း မေလ(၂)ရက်ရန်ကုန်ရောက်မယ်

April 29, 2018 za len 0

၁၉၉၀ ခုနှစ် ဖလမ်းမြို့နယ်အမတ်ဟောင်းနဲ့ ၂၀၁၂ ခုနှစ် CNF ဥက္ကဌဟောင်း ဒေါက်တာဇာလှယ်ထန်(၇၅ နှစ်)အလောင်းကို မေလ(၂)ရက်နေ့ ည ၁၀:၃၀တွင် အမေရိကန်မှ ရန်ကုန်လေဆိပ်သို့ရောက်ရှိလာမယ်လို့သိရပါတယ်။ ဒေါက်တာဇာလှယ်ထန်ဟာ မတ်လ(၁၇)ရက်နေ့တွင် အဆုပ်ရောင်ရောဂါနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့နယ် Georgetown University ဆေးရုံမှာကွယ်လွန်ခဲ့တယ်။ ၄င်းရုပ်အလောင်းကို ကလေးမြို့နဲ့ ဖလမ်းမြို့တွင်ကြိုဆိုဂုဏ်ပြုကြမှာဖြစ်ပြီး […]