ဒီနှစ်မကုန်ခင် ဖလမ်းမြို့သစ်မှာ မြေကွက် ၅၀၀ ရောင်းချနိုင်ဖို့စီစဉ်

ဒီနှစ်မကုန်ခင် ဖလမ်းမြို့သစ်မှာ မြေကွက် ၅၀၀ ရောင်းချနိုင်ဖို့စီစဉ် ဖလမ်းမြို့သစ် စိမံကိန်းအတွင်းရှိ လုံပီးနဲ့ ဇာလိုင်ရပ်ကွက်တွင် ဒီနှစ်မကုန်ခင် မြေကွက် ၅၀၀ ရောင်းချနိုင်အောင်စီစဉ်နေတယ်လို့ ဖလမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဒါရ်လျန်အုပ်ကဆိုပါတယ်။ ယင်းအတွက် ကိုယ်ထူကိုယ်ထ လမ်းအူကြောင်း ၁၈ ကြောင်းဖောက်လုပ်ဖို့ ဒေသခံလုပ်ငန်းရှင်တွေက ဆီပီပါ ၆၀ လှူဒါန်ထားတယ်လို့သိရပါတယ်။ ဦးဒါရ်လျန်အုပ်က “ဒါကတော့ ဝန်ကြီးချုပ်ရဲ့ ဆန္ဒပေါ့နော်။ ကျနော်တို့လည်း ဖြစ်နိုင်အောင်ကြိုးစားနေတယ်။ မိုးရာသီကုန်တဲ့ချိန် စက်တင်ဘာလကစပြီး မြို့တွင်းလမ်းတွေစဖောက်မယ်။ ဒီဇင်ဘာလ ခရစ္စမတ်မတိုင်ခင် မြေကွက် ၅၀၀ ရောင်းချဖို့စီစဉ်ထားတယ်။ လမ်းအူကြောင်းဖောက်မယ့်လမ်းပေါ်က အိမ်တွေ၊ ခြံတွေလည်း အထိုးပြန်ပေးပါမယ်” လို့ပြောပါတယ်။ မြို့သစ်စီမံကိန်းအတွက် လမ်းအသစ်ဖောက်ဖို့ စည်ပင်ဘတ်ဂျက်ဟာ မရှိသလောက်နည်းပါး နေတယ်လို့လည်းဆိုပါတယ်။ ယင်းအတွက် သက်ဆိုင်ရာဆပ်ကော်မတီများကို ဒေသခံတွေနဲ့ဖွဲ့စည်းထားပြီး အကောင်းဆုံးနဲ့ တရားမျှတစွာမြေကွက်ရောင်းချပေးမယ်လို့သိရပါတယ်။ ဦးဒါရ်လျန်အုပ်က “မြေတစ်ကွက် … Continue reading ဒီနှစ်မကုန်ခင် ဖလမ်းမြို့သစ်မှာ မြေကွက် ၅၀၀ ရောင်းချနိုင်ဖို့စီစဉ်