ဒီနှစ်မကုန်ခင် ဖလမ်းမြို့သစ်မှာ မြေကွက် ၅၀၀ ရောင်းချနိုင်ဖို့စီစဉ်

လုံပီး၊ ဇာလိုင်ရပ်ကွက်အား အဝေးမှမြင်ရစဉ်

ဒီနှစ်မကုန်ခင် ဖလမ်းမြို့သစ်မှာ မြေကွက် ၅၀၀ ရောင်းချနိုင်ဖို့စီစဉ်

ဖလမ်းမြို့သစ် စိမံကိန်းအတွင်းရှိ လုံပီးနဲ့ ဇာလိုင်ရပ်ကွက်တွင် ဒီနှစ်မကုန်ခင် မြေကွက် ၅၀၀ ရောင်းချနိုင်အောင်စီစဉ်နေတယ်လို့ ဖလမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဒါရ်လျန်အုပ်ကဆိုပါတယ်။

ယင်းအတွက် ကိုယ်ထူကိုယ်ထ လမ်းအူကြောင်း ၁၈ ကြောင်းဖောက်လုပ်ဖို့ ဒေသခံလုပ်ငန်းရှင်တွေက ဆီပီပါ ၆၀ လှူဒါန်ထားတယ်လို့သိရပါတယ်။

ဦးဒါရ်လျန်အုပ်က “ဒါကတော့ ဝန်ကြီးချုပ်ရဲ့ ဆန္ဒပေါ့နော်။ ကျနော်တို့လည်း ဖြစ်နိုင်အောင်ကြိုးစားနေတယ်။ မိုးရာသီကုန်တဲ့ချိန် စက်တင်ဘာလကစပြီး မြို့တွင်းလမ်းတွေစဖောက်မယ်။ ဒီဇင်ဘာလ ခရစ္စမတ်မတိုင်ခင် မြေကွက် ၅၀၀ ရောင်းချဖို့စီစဉ်ထားတယ်။ လမ်းအူကြောင်းဖောက်မယ့်လမ်းပေါ်က အိမ်တွေ၊ ခြံတွေလည်း အထိုးပြန်ပေးပါမယ်” လို့ပြောပါတယ်။

မြို့သစ်စီမံကိန်းအတွက် လမ်းအသစ်ဖောက်ဖို့ စည်ပင်ဘတ်ဂျက်ဟာ မရှိသလောက်နည်းပါး နေတယ်လို့လည်းဆိုပါတယ်။ ယင်းအတွက် သက်ဆိုင်ရာဆပ်ကော်မတီများကို ဒေသခံတွေနဲ့ဖွဲ့စည်းထားပြီး အကောင်းဆုံးနဲ့ တရားမျှတစွာမြေကွက်ရောင်းချပေးမယ်လို့သိရပါတယ်။

ဦးဒါရ်လျန်အုပ်က “မြေတစ်ကွက် ဘယ်လောက်ရောင်းချမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။ သေချာတာတော့ ဈေးနှုန်းနည်းနည်းလေးရောင်းရင် လမ်းတွေကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူး။ များလွန်းရင်လည်း မတတ်နိုင်တဲ့သူများမှာသေချာတယ်။ မြေပြန့်နဲ့ မီဇိုရမ်က အိမ်အိုးမဲ့နေကြတဲ့ ချင်းလူမျိုးတွေတွက်လည်းစဉ်းစားပေးရမယ်။ ပင်ဆင်လခနည်းနည်းလေးနဲ့မြို့တွင်းမှာ အိမ်ငှားနေတဲ့သူတွေတွက်လည်းစဉ်းစားပေးရမယ်။ အိမ်ကောင်းကောင်းလေးဆောက်ချင်တဲ့သူတွေတွက်လည်းစဉ်းစားပေးရမယ်။ ခုချိန်ထိတော့ မြေကွက်ကို မဲနှိုက်စနစ်နဲ့ရောင်းဖို့ အားလုံးကဆွေးနွေးကြတာရှိတယ်” လို့ဆိုပါတယ်။

ဖလမ်းမြို့သစ် လုံပီ၊ ဇာလိုင်ရပ်ကွက်ဟာ ဖလမ်းမြို့မှ ၅ မိုင်ကျော်ကွာဝေးပြီး ဖလမ်း-ဟားခါးလမ်းမပေါ်မှာရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်