ကလေးတွေကျောင်းတက်စေချင်

အယ်ဒီတာ့အာဘော်

ဒီလိုခေါင်းစဉ်နဲ့ အခုချိန်စာရေးတာဟာ ဝေဖန်ဆဲဆိုသူတွေများမယ်လို့ယူဆပါတယ်။ ဒါပေမယ့် တကယ့်မြေပြင်မှာ မိဘတွေ ၎င်းတို့ကလေးတွေရဲ့ပညာရေးအပေါ်စိတ်ပူနေကြတဲ့အသံကို ကြားနေရတာတော့ အမှန်ပါ။ ဒါကြောင့် ကလေးတွေရဲ့ ပညာရေးခါးကျိုးမပျက်စေချင်လို့ ဝေဖန်ဆဲဆိုမှုတွေ ဘယ်လောက်များပါစေ ဒီစာရေးလိုက်ခြင်းဖြစ်ပါတယ်။

ဒီစာကို ချင်းပြည်နယ်နဲ့ ကလေးကဘော်ဒေသကို အခြေခံပြီးရေးသားလိုပါတယ်။ တော်လှန်ရေးအဖွဲ့တွေကလည်း ကလေးတွေကျောင်းတက်စေချင်လို့ ၎င်းတို့ဘာသာဖော်ဆောင်နေပါတယ်။ ဒီတော်လှန်ရေးကာလဟာလည်း ဘယ်လောက်ထိကြာအုံးမလဲဆိုတာ ဘယ်သူမှကြိုမပြောနိုင်ကြပါ။ ၅ နှစ်လည်းဖြစ်နိုင်တယ်။ အဲ့ထက်လည်းကြာနိုင်တယ်။ တော်လှန်ရေး မအောင်မြင်မချင်း ကလေးတွေ ကျောင်းမတက်နိုင်ဘူးဆိုရင် အနာဂတ်မြန်မာပြည်ကြီးအတွက် အတော်ရင်လေးစရာကောင်းပါတယ်။

အခု ချင်းပြည်နယ်နဲ့ ကလေးကဘော်က မိဘတချို့ဟာ ၎င်းတို့ကလေးတွေပညာရေးအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကိုပို့ကာ ကျောင်းတက်ခိုင်းနေကြပါတယ်။ တချို့တတ်နိုင်တဲ့သူတွေဆို ရန်ကုန် နဲ့တခြားပြည်မဘက်မြို့တွေမှာ ကလေးတွေကိုကျောင်းတက်ခိုင်းကြပါတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေဆို ကျောင်းမထားဘဲဒီတိုင်းနေကြပါတယ်။

မီဇိုရမ်ဘက်ကို ကျောင်းထားတာလည်း ပညာရေးစနစ်မတူတော့ ကလေးတွေသနားစရာကောင်းတယ်။ အသက်နဲ့မလိုက်အောင် ကျောင်းစာဖိအားတွေပိုများတယ်။ ဘာသာစကားအခက်အခဲနဲ့ နေရာထိုင်ခင်းအခက်အခဲတွေလည်းရင်ဆိုင်နေကြတယ်။ ဒါပေမယ့် မိဘတွေက သူတို့ကလေး စာမသင်ရတာထက်စာရင် အဲ့ဒီလမ်းကိုရွေးချယ်ကြတော့တာပဲ။

ဒါကြောင့် ဒီနှစ်ကိုတော့ ဘာသာရေးအသိုင်းအဝိုင်းကနေ ကမကထလုပ်ပြီး ကလေးတွေကျောင်းစာနဲ့မပျက်အောင် စီစဉ်ပေးစေလိုပါတယ်။ ဘာလို့လဲဆိုရင် စစ်ကောင်စီကလည်း ဒီချိန်ကလေးတွေအကုန်လုံးကျောင်းပြန်အပ်ရင် မနိုင်ဝန်ထမ်းနေရသလိုဖြစ်မယ်။ တော်လှန်ရေးတပ်သားတွေစိုးမိုးတဲ့ ကျေးရွာဘက်မှာဆိုရင်လည်း ဒီချိန် ပညာရေးအတွက် အဆင်သင့်မဖြစ်ကြသေးဘူး။ တချို့ကျတော့ စာသင်ပေးနေကြပါတယ်။ စစ်ရှောင်ရင်းသင်နေတယ်ဆိုတော့ ရွှေ့ပြောင်းပညာရေးစနစ်ပဲဖြစ်ပါတယ်။ ကြားထဲမှာ စစ်ကောင်စီတွေဝင်လာရင် ကျောင်းသုံးပစ္စည်းတွေဖျက်ဆီးကြတယ်ဆိုတော့ အခက်အခဲတွေကြုံနေကြတယ်။

ဒါကြောင့် စစ်ကောင်စီကလည်း ဘယ်အဖွဲ့ကပဲ လုပ်လုပ် ပညာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို မထိတာပိုကောင်းမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေလည်း မြို့ပေါ်မှာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေကို မကန့်ကွက်ပဲ လျစ်လျူရှုပေးစေချင်တယ်။

တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ကလေးတွေကျောင်းမတက်နိုင်ဘဲ တော်လှန်ရေးအားနည်းတဲ့ဒေသတွေမှာ ကေလးတွေကျောင်းတက်နိုင်တယ်ဆိုရင် ကျောင်းမတက်နိုင်တဲ့ဒေသမှာရှိတဲ့ကလေးတွေ ပိုပိုနစ်နာလာမယ်။

Zawgyi

အယ္ဒီတာ့အာေဘာ္

ကေလးေတြေက်ာင္းတက္ေစခ်င္

ဒီလိုေခါင္းစဥ္နဲ႔ အခုခ်ိန္စာေရးတာဟာ ေဝဖန္ဆဲဆိုသူေတြမ်ားမယ္လို႔ယူဆပါတယ္။ ဒါေပမယ့္ တကယ့္ေျမျပင္မွာ မိဘေတြ ၎တို႔ကေလးေတြရဲ႕ပညာေရးအေပၚစိတ္ပူေနၾကတဲ့အသံကို ၾကားေနရတာေတာ့ အမွန္ပါ။ ဒါေၾကာင့္ ကေလးေတြရဲ႕ ပညာေရးခါးက်ိဳးမပ်က္ေစခ်င္လို႔ ေဝဖန္ဆဲဆိုမႈေတြ ဘယ္ေလာက္မ်ားပါေစ ဒီစာေရးလိုက္ျခင္းျဖစ္ပါတယ္။

ဒီစာကို ခ်င္းျပည္နယ္နဲ႔ ကေလးကေဘာ္ေဒသကို အေျခခံၿပီးေရးသားလိုပါတယ္။ ေတာ္လွန္ေရးအဖြဲ႕ေတြကလည္း ကေလးေတြေက်ာင္းတက္ေစခ်င္လို႔ ၎တို႔ဘာသာေဖာ္ေဆာင္ေနပါတယ္။ ဒီေတာ္လွန္ေရးကာလဟာလည္း ဘယ္ေလာက္ထိၾကာအုံးမလဲဆိုတာ ဘယ္သူမွႀကိဳမေျပာႏိုင္ၾကပါ။ ၅ ႏွစ္လည္းျဖစ္ႏိုင္တယ္။ အဲ့ထက္လည္းၾကာႏိုင္တယ္။ ေတာ္လွန္ေရး မေအာင္ျမင္မခ်င္း ကေလးေတြ ေက်ာင္းမတက္ႏိုင္ဘူးဆိုရင္ အနာဂတ္ျမန္မာျပည္ႀကီးအတြက္ အေတာ္ရင္ေလးစရာေကာင္းပါတယ္။

အခု ခ်င္းျပည္နယ္နဲ႔ ကေလးကေဘာ္က မိဘတခ်ိဳ႕ဟာ ၎တို႔ကေလးေတြပညာေရးအတြက္ အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ကိုပို႔ကာ ေက်ာင္းတက္ခိုင္းေနၾကပါတယ္။ တခ်ိဳ႕တတ္ႏိုင္တဲ့သူေတြဆို ရန္ကုန္ နဲ႔တျခားျပည္မဘက္ၿမိဳ႕ေတြမွာ ကေလးေတြကိုေက်ာင္းတက္ခိုင္းၾကပါတယ္။ ေငြေၾကးမတတ္ႏိုင္တဲ့သူေတြဆို ေက်ာင္းမထားဘဲဒီတိုင္းေနၾကပါတယ္။

မီဇိုရမ္ဘက္ကို ေက်ာင္းထားတာလည္း ပညာေရးစနစ္မတူေတာ့ ကေလးေတြသနားစရာေကာင္းတယ္။ အသက္နဲ႔မလိုက္ေအာင္ ေက်ာင္းစာဖိအားေတြပိုမ်ားတယ္။ ဘာသာစကားအခက္အခဲနဲ႔ ေနရာထိုင္ခင္းအခက္အခဲေတြလည္းရင္ဆိုင္ေနၾကတယ္။ ဒါေပမယ့္ မိဘေတြက သူတို႔ကေလး စာမသင္ရတာထက္စာရင္ အဲ့ဒီလမ္းကိုေ႐ြးခ်ယ္ၾကေတာ့တာပဲ။

ဒါေၾကာင့္ ဒီႏွစ္ကိုေတာ့ ဘာသာေရးအသိုင္းအဝိုင္းကေန ကမကထလုပ္ၿပီး ကေလးေတြေက်ာင္းစာနဲ႔မပ်က္ေအာင္ စီစဥ္ေပးေစလိုပါတယ္။ ဘာလို႔လဲဆိုရင္ စစ္ေကာင္စီကလည္း ဒီခ်ိန္ကေလးေတြအကုန္လုံးေက်ာင္းျပန္အပ္ရင္ မႏိုင္ဝန္ထမ္းေနရသလိုျဖစ္မယ္။ ေတာ္လွန္ေရးတပ္သားေတြစိုးမိုးတဲ့ ေက်း႐ြာဘက္မွာဆိုရင္လည္း ဒီခ်ိန္ ပညာေရးအတြက္ အဆင္သင့္မျဖစ္ၾကေသးဘူး။ တခ်ိဳ႕က်ေတာ့ စာသင္ေပးေနၾကပါတယ္။ စစ္ေရွာင္ရင္းသင္ေနတယ္ဆိုေတာ့ ေ႐ႊ႕ေျပာင္းပညာေရးစနစ္ပဲျဖစ္ပါတယ္။ ၾကားထဲမွာ စစ္ေကာင္စီေတြဝင္လာရင္ ေက်ာင္းသုံးပစၥည္းေတြဖ်က္ဆီးၾကတယ္ဆိုေတာ့ အခက္အခဲေတြႀကဳံေနၾကတယ္။

ဒါေၾကာင့္ စစ္ေကာင္စီကလည္း ဘယ္အဖြဲ႕ကပဲ လုပ္လုပ္ ပညာေရးနဲ႔ပတ္သက္တဲ့ပစၥည္းေတြကို မထိတာပိုေကာင္းမယ္။ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြလည္း ၿမိဳ႕ေပၚမွာ စစ္ေကာင္စီဖြင့္တဲ့ေက်ာင္းေတြကို မကန႔္ကြက္ပဲ လ်စ္လ်ဴရႈေပးေစခ်င္တယ္။

ေတာ္လွန္ေရးအားေကာင္းတဲ့ ေဒသေတြမွာ ကေလးေတြေက်ာင္းမတက္ႏိုင္ဘဲ ေတာ္လွန္ေရးအားနည္းတဲ့ေဒသေတြမွာ ေကလးေတြေက်ာင္းတက္ႏိုင္တယ္ဆိုရင္ ေက်ာင္းမတက္ႏိုင္တဲ့ေဒသမွာရွိတဲ့ကေလးေတြ ပိုပိုနစ္နာလာမယ္။

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်