ကလေးမြို့တွင် ချောင်းထဲမှမျောလာတဲ့ အမည်မသိအလောင်းတွေ့ရှိ

November 12, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၁၂) ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် ချောင်းထဲမှမျောပါလာတဲ့ အမည်မသိ အမျိုးသားအလောင်းကို ဒီမနက် နံနက် (၈)နာရီခန့်တွင် ရပ်ကွက်နေပြည်သူများကတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။ တောင်ဇလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတီရယ်ထန်းက “အလောင်းကောက်တဲ့နေရာကတော့ ရွှေနှင်းဆီ(၁)လက်ဖက်ရည်ဆိုင်နားက ချောင်းဘေးမှာ စမ်းမြို့ဘုန်းကြီးကျောင်းဘေးက ချောင်းပေါ့နော်။ နဖူးပေါ်မှာ ဒဏ်ရာနည်းနည်းပါးပါးတော့တွေ့ပေမယ့် စခန်းမှူးက လဲလို့ဖြစ်တာနေမယ်လို့ပြောတယ်။ အခုတော့ ကလေးပြည်သူ့ဆေးရုံ […]

မင်းတပ်မြို့တွင် လူနေအိမ် ၂ လုံးမီးလောင်

November 8, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၈) မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်-မတူပီလမ်းမဘေးတွင် ဒီမနက် ၂ နာရီခန့်တွင် လူနေအိမ် ၂ လုံးမီးလောင်သွားတယ်လို့ ဒေသခံတွေဆီကသတင်းရရှိပါတယ်။ ဒေါ်အောင်လိုင်းအိမ်မှ မီးကြွင်းမီးကျန်ကနေ စတင်မီးလောင်တာဖြစ်ပြီး ယင်းအိမ်ဘေးရှိ ဦးဟာမာန်အိမ်သို့ မီးကူးသွားပါတယ်။ အနောက်ရပ်ကွက် စာရေးဦးရောင်နိုင်းက “မီးစလောင်တဲ့အိမ်ရှင်က ဆွမ်းချက်ဖို့ ဘုန်းကြီးကျောင်းမှာသွားအိပ်နေတယ်။ မီးလောင်သွားတယ်ဆိုတာလည်း […]

ပလက်ဝ နဲ့ ဆမီးမြို့ ရဲစခန်းကို အေအေလက်နက်ကိုင်အဖွဲ့က ဝင်တိုက်မယ်ဆိုတဲ့သတင်းများထွက်ပေါ်

November 4, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ(၄) ချင်းပြည်နယ် ပလက်ဝမြို့ နဲ့ ဆမီးမြို့ ရဲစခန်းတွေကို အေအေလက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ (၄၊၅၊၆)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့စာကပ်ထားတယ် သတင်းများထွက်ပေါ်နေပါတယ်။ ပလက်ဝမြို့ဒေသခံတစ်ဦးက “ဒီသတင်းကို ရဲဝန်ထမ်းမိသားစုတွေဆီက နိုဝင်ဘာ (၂)ရက်နေ့ကကြားတာပါ။ AA ကပလက်ဝရဲစခန်းမှာစာလာကပ်တယ်ကြားတယ်။ ရဲစခန်းအနီး ဆိုင်ကလူတွေလည်း သတိနဲ့နေဖို့ စာထဲမှာရေးထားပါတယ်လို့ပြောတယ်။ ခုတလော ပလက်ဝအခြေအနေက […]

အေအေကဖမ်းထားစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်မှအပ အားလုံးပြန်လည်လွှတ်မြောက်

November 4, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ(၄) အေအေလက်နက်ကိုင်တပ်ဖွဲ့တို့ဖမ်းဆီးထားစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးတာကြောင့် ဒီမနက် (၆)နာရီတွင် လွှတ်တော်အမတ်ဦးဝှေ့တင်းမှအပ အားလုံးပြန်လည်လွတ်မြောက်လာပြီလို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက်ထံမှသတင်းရရှိပါတယ်။ ဝန်ကြီးဦးစိုးထက်က “သူတို့ကိုဖမ်းတဲ့ ကျောက်တန်းရေဆိပ်ကနေ ကျောက်တော်ကိုထွက်သွားပြီ။ ကျောက်တော်မှာ စက်လှေသမား ၂ယောက်ကိုကျန်ထားပြီး စစ်တွေကိုဆက်ထွက်သွားကြတယ်။ လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကိုတော့ မေးစရာရှိတယ်ဆိုပြီး ဆက်ဖမ်းထားတယ်။ အိန္ဒိယနိုင်ငံသား အသက် ၆၀ အရွယ်တစ်ယောက်က […]

ပလက်ဝမြို့နယ်လွှတ်တော်အမတ်နဲ့ အိန္ဒိယနိုင်ငံသား (၅)ဦးအပါအဝင် လူ(၉)ဦးပျောက်ဆုံးနေ

November 3, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၃) ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း နဲ့ ပလက်ဝ-အိန္ဒိယလမ်းစီမံကိန်းမှ အိန္ဒိယနိုင်ငံသား (၅)ဦးအပါအဝင် လူ (၁၀)ဦးဟာ ပလက်ဝ နဲ့ ကျောက်တော်လမ်းအကြားတွင် ပျောက်ဆုံးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ကြေးနန်းစာရသိရပါတယ်။ ၎င်းတို့ဟာ ဒီမနက် (၈)နာရီတွင် ပလက်ဝမြို့မှ speed boat (၂)စီးဖြစ် […]

ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသားနှစ်ဦးရေနစ်ပြီး တစ်ဦးသေဆုံး

November 2, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၂) ကလေးမြို့ရှိ သူနာပြု နှင့် သားဖွားသင်တန်းကျောင်းတွင် တက်ရောက်နေတဲ့ ကျောင်းသား (၇)ဦးတို့ရေဆင်းချိုးရာမှ ပထမနှစ်ကျောင်းသား ကိုသန်းထိုက်အောင် (၁၉ နှစ်)ဟာ မြစ်သာမြစ်ထဲတွင် ရေနစ်သေဆုံးသွားတယ်လို့ ကလေးမြို့နယ် ရဲမှတ်တမ်းအရသိရပါတယ်။ ဖြစ်စဉ်မှာ ကလေးမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းက ပထမနှစ်ကျောင်းသားတွေဖြစ်တဲ့ မောင်သန်းထိုက်အောင်၊ မောင်ဇော်မျိုးအောင်၊ […]

ပလက်ဝမြို့နယ် ဒေသခံ (၅)ဦးထပ်မံပျောက်ဆုံး

October 21, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၂၁) တိုက်ပွဲများဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စက်တင်ဘာလမှ အောက်တိုဘာလထိ ဒေသခံ (၅)ဦးထပ်မံပျောက်ဆုံးနေတယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(KACC)က အောက်တိုဘာ (၂၀)ရက်က ထုတ်ပြန်ထားပါတယ်။ ပလက်ဝမြို့နယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် သြဂုတ်လထိ ဒေသခံချင်းတိုင်းရင်းသား (၁၀)ဦးပျောက်ဆုံးပြီး ယနေ့ထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ […]

သက်ငယ်မုဒိမ်းကျူးလွန်သူရဲ့ဓာတ်ပုံ ရရှိထားသော်လည်း နှစ်ပတ်ကျော်ကြာတဲ့ထိ မဖမ်းမိနိုင်သေး

October 17, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၇) ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာနေထိုင်တဲ့ (၆)နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သူအမျိုးသား ဆိုင်ကယ်နဲ့ခေါ်သွားစဉ် CCTV ဓာတ်ပုံရရှိထားပေမယ့် နှစ်ပတ်ကျော်ကြာတဲ့ထိ ကျူးလွန်သူအား မဖမ်းမိနိုင်သေးကြောင်း သတင်းရရှိပါတယ်။ တာဟန်းရဲစခန်းမှ တာဝန်ကျသူတစ်ဦးက “ဓာတ်ပုံတော့ရထားပြီ။ စုံစမ်းနေဆဲ အခြေအနေပါ” လို့ပြောပါတယ်။ အောက်တိုဘာလ (၁)ရက် ညနေကျောင်းဆင်းချိန်တွင် KG တန်းတက်နေတဲ့ […]

တီးတိန်မြို့နယ်တွင် ပညာရေးအဆောက်အအုံ (၅)လုံးနဲ့ နေအိမ်တစ်လုံးမီးလောင်ပျက်ဆီး

October 12, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၂) တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာတွင် ယမန်နေ့ ည (၁၁း၄၅)အချိန်က စပြီး အ.ထ.က(ခွဲ)ကျောင်းဆောင် တစ်ဆောင်၊ ဝန်ထမ်းအိမ်ရာ (၅)လုံးနဲ့ ကျောင်းအနီးရှိ လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးသွားတယ်လို့ သတင်းရရှိပါတယ်။ လူနေအိမ်တစ်လုံးက မီးမကူးအောင် ကြိုတင်ဖျက်ဆီးလိုက်တာပါ။ တုန်းဇန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခမ်လျန်ဟောင်က “မီးလောင်တဲ့ထဲမှာ ကျောင်းစာရွက်စာတမ်းတွေအကုန်လုံးမီးထဲပါသွားတယ်။ […]

နေ့ခင်းကြောင်တောင် တစ်နေ့တည်းရွှေကြိုးနှစ်ကြိမ်ဖြတ်ပြေးသူ နှစ်ဦး ဖမ်းမိ၊ တစ်ဦးလွတ်မြောက်နေဆဲ

October 11, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၂) ကလေးမြို့တွင် တစ်နေ့တည်းတွင် ရွှေကြိုးနှစ်ကြိမ်ဖြတ်ယူသွားတဲ့ လူနှစ်ဦးကို အောက်တိုဘာ (၁၀)ရက်နေ့ညနေ (၅)နာရီကျော်ခန့်တွင် ရပ်ကွက်နေပြည်သူများကဖမ်းမိကြတယ်လို့သတင်းရရှိပါတယ်။ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် ဘောဂလမ်းမှာ အောက်တိုဘာ (၁၀)ရက် ညနေပိုင်းတွင် လမ်းပေါ်သွားနေတဲ့အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးဖြတ်ပြေးလို့ဖမ်းမိခဲ့တာပါ။ ကလေးမြို့ မြို့မရဲစခန်းတွင် တာဝန်ကျတဲ့ ဒုရဲအုပ်တစ်ဦးက “ဆွဲကြိုးဖြတ်ပြေးလို့ ဖမ်းမိတဲ့ပုံကို […]