ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနိုင်ငံ မြို့တော်ဝန်နဲ့ “ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ” ရဲ့ အမှုဆောင်ကော်မတီဥက္ကဋ္ဌ အဖွဲ့တို့လာရောက်တွေ့ဆုံ

November 16, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာ (၁၆) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ မြို့တော်ဝန် Mr.Ove Gundersen နဲ့“ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ” ၏ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Salai Jhon Thang Tam Mang တို့ ဦးဆောင်သော အဖွဲ့ဝင်တွေဟာ ယနေ့ညနေ ၃ […]

အဆောင်သရဲ ရဲ့မူလတေးရေး၊ဆိုရှင် ဆလိုင်းဂျွန်သင်ဇမ်းက အိုင်ဒေါလ်ဒိုင်တွေကိုဒဲ့ပြောလိုက်တယ်

November 15, 2019 za len 0

မနေ့ည မြန်မာအိုင်ဒေါလ်ရဲ့ အမှတ်တရ တက္ကသိုလ်သီချင်းများ သီဆိုယှဉ်ပြုင်မှုတွင် မူးလာက ဆလိုင်းသွှအောင်၊ စောဘွဲ့မှူး နဲ့ ဆလိုင်းဂျွန်သင်ဇမ်းက ရေးစပ်သီဆိုထားတဲ့ အဆောင်သရဲ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ မူးလာရဲ့ သီဆိုမှုနဲ့ ဒိုင်တွေအပေါ်မှာ ဆလိုင်းဂျွန်သင်ဇမ်းက အခုလို ၎င်းလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားပါတယ်။ တကယ်တော့အဆောင်သရဲဟာ Ironic song (ရွဲ့တဲ့သီချင်း)ဖြစ်ပါတယ်။ ဒါကြောင့် […]

ဂန့်ဂေါမြို့တွင် တမူးမှ မန္တလေးသို့သွားမယ် ဘင်္ဂါလီလူမျိုး ၄ ဦးကိုဖမ်းဆီး

August 6, 2019 za len 0

ဂန့်ဂေါမြို့ရဲ့ မြောက်ဘက် ဂန့်ဂေါ – ကလေး၊ ဟားခါး၊ ပုလဲ၊ ဂန့်ဂေါ-ထီးလင်းလမ်းဆုံတွင် လ.ဝ.ကနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးစစ်ဆေးနေစဉ် တမူးမြို့မှ မန္တလေးမြို့သို့သွားမယ့် အထောက်အထားမဲ့ ဘင်္ဂါလီလူမျိုး ၄ ဦးကို ဒီကနေ နံနက် ၂ နာရီခွဲတွင်ဖမ်းဆီးရမိကြောင်းသတင်းရရှိပါတယ်။ ဖြစ်စဉ်မှာ ကလေးမြို့မှ ဂန့်ဂေါဘက်သို့မောင်းနှင်လာတဲ့ အဖြူရောင် နီဆန်းယာဉ်တစ်စီးကို […]

ရခိုင်စစ်ဘေးရှောင်အားလုံးကို အိန္ဒိယအစိုးရက မြန်မာဘက်သို့ပြန်ပို့

July 5, 2019 za len 0

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လှောင်တလိုင်ခရိုင် မှောင်ဘိုချွမ်ရွာ (hmawngbuchuah khua) မှာနေထိုင်တဲ့ ရခိုင်စစ်ဘေးရှောင်တွေကို အိန္ဒိယအစိုးရက မြန်မာဘက်သို့ ဇူလိုင် ၂ ရက်နေ့က ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ မီဇိုရမ်အခြေစိုက်သတင်းစာတွေကဖော်ပြပါတယ်။ ၄င်းစစ်ဘေးရှောင်တွေဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပလက်ဝမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရခိုင်တိုင်းရင်းသား ၁၂၀၀ ကျော် မီဇိုရမ်ပြည်နယ် ကျေးရွာလေးခုသို့သွားရောက်ခိုလုံကြပါတယ်။ […]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်ခံနေရဆဲဟုဆို

June 23, 2019 za len 0

ချင်းပြည်နယ်နဲ့ ပြည်မရှိ ချင်းခရစ်ယာန်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်ခံနေရဆဲလို့ အမေရိကန်နိုင်ငံရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်မှာထုတ်ပြန်တဲ့ ၂၀၁၈ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်စာတမ်း (မြန်မာပြည်)မှာဖော်ပြထားပါတယ်။ ယင်းစာဟာ စာမျက်နှာ ၂၀ ရှိပြီး ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လစာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ […]

အစုအဖွဲ့ပိုင်သစ်တောက ကျေးရွာဥယျာဉ်ခြံတွေမီးဘေးအန္တရာယ်မှကာကွယ်ပေး

June 4, 2019 za len 0

ဆလိုင်းလာလ်နွန်အုပ် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာတွင် အစုအဖွဲ့ပိုင်သစ်တောစတင်တည်ထောင်တဲ့ချိန်ကစပြီး ကျေးရွာ ဥယျာဉ်ခြံတွေတောမီးလောင်မှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အစုအဖွဲ့ပိုင်သစ်တော ဧက ၂၄၀၀ ကျော်ရှိပြီး ယင်းသစ်တောတွေက ဥယျာဉ်ခြံတွေကို ပတ်လည်ကာကွယ်ပေးထားပါတယ်။ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်ရရှိပါက နှစ် (၃၀) မြေအသုံးချပိုင်ခွင့်ရရှိခြင်း၊ ဒေသခံများကိုယ်တိုင် သစ်တောနဲ့ သစ်တောမြေများကို စီမံအုပ်ချုပ်နိုင်ခြင်း၊ […]

မြန်မာနဲ့ကိုးရီးယားအနုပညာရှင်တွေပါဝင်တဲ့ ချင်းပြည်နယ်မှာရိုက်ကူးမယ့်ရုပ်ရှင်ကို ဒီပတ်စတင်ရိုက်ကူးမယ်

June 3, 2019 za len 0

မြန်မာနိုင်ငံနဲ့ ကိုးရီးယားချစ်ကြည်ရေးအတွက်ရိုက်ကူးမယ့် တိမ်တွေပေါ်က ပန်း ရုပ်ရှင်ကို ဇွန်လ ၆ ရက်နေ့တွင်စတင်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ကိုးရီးယားနိုင်ငံမှ ရှပ်ရှင်မင်းသားနဲ့မင်းသမီးအပါအဝင် မြန်မာပြည်မှ ဝတ်မှုန်ရွှေရည်၊ ကျော်ထက်အောင်၊ မေသန်းနုတို့ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်က ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ သရုပ်ဆောင်ကျော်ထက်အောင်က ချင်းလူငယ် ထန် နေရာမှာသရုပ်ဆောင်မှာဖြစ်ပြီး မြန်မာနဲ့ […]

ကွဲပြားမှုကြားက ခံစားချက်တူ စစ်နွံ နစ်နေသူ စစ်ရှောင်များ

February 13, 2019 za len 0

ဆလိုင်းလာလ်နွန်အုပ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့က စစ်ရှောင်စခန်းတွေမှာနေနေရတဲ့ ကချင်၊ လီဆူ၊ ရှမ်းနဲ့ တအာင်းတိုင်းရင်းသား ၇၀၀ နီးပါးဟာ ခြောက်နှစ်ကျော်ပြီဖြစ်ပေမယ့်နေအိမ်မပြန်နိုင်သေးဘဲ ဖြစ်နေရပါတယ်။ ၄င်းတို့ရဲ့ အကြီးဆုံးမျှော်လင့်ချက်ဟာ စားဝတ်နေရေးပြေလည်ဖို့ တောင်ယာလုပ်ပိုင်ခွင့်နဲ့ ၄င်းတို့ မူလအိမ်ယာနဲ့ တောင်ယာတွေ မဆုံးရှုံးရေးပင်ဖြစ်ပါတယ်။ နမ္မတူမြို့ပေါ်က ဒီ စစ်ရှောင်စခန်းလေးခုဟာ နှစ်တွေကြာလာတဲ့အမျှ ထောက်ပံ့ကူညီမှုတွေလျာ့ပါးလာနေပါတယ်။ […]

အောက်မန်ပြိန်းစစ်ရှောင်အတွက် နေအိမ်များ မတ်လတွင် ပြီးမည်

February 13, 2019 za len 0

လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာစစ်ဘေးရှောင်ပြည်သူတွေအတွက်နေအိမ်(၂၃)လုံးတည်ဆောက်တာ မတ်လကုန်မှာ ပြီးစီးသွားမယ်လို့ လားရှိုးအခြေစိုက်မေတ္တာဖောင်ဒေးရှင်းမန်နေဂျာ ဒေါ်မြင့်မြင့်ဌေးထံက သိရပါတယ်။ အဆိုပါအိမ်တွေကိုမေတ္တာဖောင်ဒေးရှင်းကဆောက်လုပ်လှူဒါန်းထားတာဖြစ်ပါတယ်။ ဆောက်လုပ်လှူဒါန်းထားတဲ့နေအိမ်တွေက ၁၅ပေ×ပေ ၃၀ သစ်သားအိမ်ဖြစ်ပါတယ်။ ၀ရံတာအပါအ၀င် မီးဖိုဆောင်လည်းထည့် သွင်းထားပြီး ဆောက်လုပ် ပေးနေတာဖြစ်ပါတယ်။ ပြန်လည် တည်ဆောက်ပေးတဲ့အိမ်တွေကို အောက်မန်ပြိန်းရွာနဲ့ကပ်ရပ်မှာ တည်ဆောက်ပေးနေတာဖြစ်ပါ တယ်။ “နှစ်လအတွင်းမှာ အကုန်အပြီးတည်ဆောက်မယ်။ ရုံးလုပ်ငန်းနဲ့ပတ်သက်တာတွေအားလုံးပြီးသလာက်ရှိပြီ။ […]

မန်ပြိန်းရွာ စစ်ဘေးရှောင်ပြည်သူအချို့ ဆန်ပြတ်လပ်လို့ချေးယူနေရ

February 11, 2019 za len 0

လားရှိုးမြို့နယ်နဲ့ (၁၂)မိုင်အကွာမှာရှိတဲ့ မန်ပြိန်းရွာ စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲကြုံ့တွေ့နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေထံမှသတင်းရရှိပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)နဲ့ RCSS(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)တို့ဟာ မန်ပြိန်းရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်။ ရွာထဲက ကလေးတွေခေါ်ဖို့သွားတဲ့ချိန်မှာသေဆုံးသွားတဲ့အမျိုးသားရဲ့ ဇနီးဒေါ်ခွန်မိုင်( ၃၀နှစ်)က “စားရေးသောက်ရေးက အဆင်မပြေဘူးဆိုလည်း အဆင်ပြေသလိုနေရတယ်။ ဟင်းမရှိရင်လည်း […]