ချင်းပြည်နယ်တွင်ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုး

October 17, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ(၁၇) ချင်းပြည်နယ်တွင် အသေးစားနဲ့အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ အမေရိကန်ဒေါ်လာ ၅၇ သန်းရင်းနှီးမြှုပ်နှံဖို့ နားလည်မှုစာချွန်းလွှာရေးထိုးထားတယ်လို့သတင်းရရှိပါတယ်။ ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “လာပြောတဲ့တရုတ်ကုမ္ပဏီက ၂ဖွဲ့၊ ၃ ဖွဲ့လောက်ရှိတယ်။ သူတို့နဲ့ လောလောဆယ် ဆာဗေးဆင်းဖို့ နားလည်မှုစာချွန်လွှာထိုးထားတယ်။ ချင်းပြည်နယ်အစိုးရနဲ့လုပ်ထားတဲ့ဖြစ်တဲ့တွက် ၃၀ မီဂ္ဂါဝပ်အောက်ပေါ့။ ဒီလောက်ပဲ […]

ကလေးမြို့တွင်း လမ်းဘေးယာဉ်ရပ်နားခကောက်ခံခြင်းအပေါ် စည်ပင်နဲ့လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးမယ်

October 17, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၇) ကလေးမြို့အတွင်းရှိ အဓိကလမ်းမများတွင် ရပ်နားထားတဲ့ယာဉ်တွေကို ရပ်နားခကောက်ခံခြင်းအပေါ် စည်ပင်ကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဒီကနေ့တွေ့ဆုံဆွေးနွေးကြမယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာလ (၁)ရက်စပြီး အဓိကလမ်းမများနဲ့ နေရာများတွင် ရပ်နားထားတဲ့ယာဉ်တွေကို ကျပ် (၁၀၀) ကနေ ကျပ် (၈၀၀)ထိကောက်ခံနေပါတယ်။ ယာဉ်ရပ်နားခကောက်ခံတဲ့နှုန်းထားကတော့ စက်ဘီး (၁၀၀)၊ ဆိုင်ကယ် (၂၀၀)၊ […]

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအမှတ် (၂)လမ်းပေါ်ရှိ မံဆောင်းတံတားသစ် တည်ဆောက်မယ်

October 16, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ(၁၆) တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအမှတ် (၂)လမ်းမပေါ်မှာရှိတဲ့ မဏီပူရမြစ်ကူး မံဆောင်းတံတားသစ် တစ်စင်းကို မကြာခင်စတင်တည်ဆောက်တော့မယ်လို့ သတင်းရရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က အောက်တိုဘာ (၁၄)ရက်တွင် တံတားသစ်တည်ဆောက်မယ့်နေရာကို သွားရောက်ကြည့်ရှုကြပါတယ်။ ယင်းတံတားဟာ ကျပ်သန်း ၄၆၀၀ ကုန်ကျမှာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် […]

ချင်းပြည်နယ်ရဲ့ (၇)နေရာမြောက်လေယာဉ်ကွင်းကို ကန်ပက်လက်မြို့နယ်တွင် ကနဦးတိုင်းတာ

October 12, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၂) ချင်းပြည်နယ်ရဲ့ (၇)နေရာမြောက် လေယာဉ်ကွင်းအတွက် ကန်ပက်လက်မြို့နယ်တွင် လေကြောင်းပို့ဆောင်ရေးဌာနမှ ကနဦးကွင်းဆင်းတိုင်းတာနေကြောင်း သတင်းရရှိပါတယ်။ လေယာဉ်ကွင်းကို အောက်တိုဘာ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ သုံးရက်ကြာ ကွင်းဆင်းလေ့လာကြပါတယ်။ လေယာဉ်ကွင်းတိုင်းတာတဲ့နေရာမှာ ကန်ပက်လက်မြို့မှ ၄ မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ မြင့်တဲ့ အနုံးစုမ်တောင်တွင်ဖြစ်ပါတယ်။ […]

ကြယ် ၄ ပွင့်အဆင့်ရှိတဲ့ ဟိုတယ် (၃)လုံးကို ဟားခါးမြို့တွင်တည်ဆောက်မယ်

October 10, 2019 za len 0

ချင်းပြည်နယ်ရဲ့ ပထမဆုံး ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ် (၃)လုံးကို ဟားခါးမြို့တွင် တည်ဆောက်ဖို့ ကုမ္ပဏီနဲ့ အစိုးရကြား နားလည်မှုစာချွန်လွှာရေးထိုးလိုက်ပြီလို့သတင်းရရှိပါတယ်။ ဟိုတယ်တည်ဆောက်မယ့် ကုမ္ပဏီတွေကတော့ King Solomon၊ KL Amazing၊ ချမ်းသာရွှေမြေ၊ နဲ့ အောင်ကံသာကုမ္ပဏီ စသည်တို့ဖြစ်ပါတယ်။ King Solomon နဲ့ […]

ချင်းပြည်နယ်တွင် နှစ်နှစ်အတွင်း ကော်ဖီစိုက်ဧက နှစ်ဆကျော်တိုးမြှင့်ဖို့ ရည်မှန်း

October 2, 2019 za len 0

ချင်းပြည်နယ်တွင် နှစ်နှစ်အတွင်း လက်ရှိကော်ဖီစိုက်ဧကရဲ့ နှစ်ဆကျော်တိုးမြှင့်စိုက်ပျိုးမယ်လို့ ချင်းပြည်နယ်ကော်ဖီအသင်းက ရည်မှန်းထားပါတယ်။ လက်ရှိချင်းပြည်နယ်တွင် ကော်ဖီစိုက်ပျိုးတဲ့ ဧက ၇၀၀ ရှိပြီး ၂၀၂၁ ခုနှစ်တွင် ဧက ၂၅၀၀ စိုက်ပျိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ကော်ဖီအသင်း ဥက္ကဌ ကိုမာဟုန်း က “မြို့နယ်တိုင်းက ချင်းကော်ဖီအသင်းသားတွေက […]

အိန္ဒိယဘက်တွင် တရားမဝင် ကုန်တင်ကား (၅၀) ကျော်ဖမ်းဆီးတာကြောင့် မြန်မာဘက်တွင်ကုန်စည်များ သောင်တင်နေ

September 27, 2019 za len 0

ချင်းပြည်နယ်မှ အိန္ဒိယဘက်သို့ ကုန်စည်များတင်ပို့တဲ့ မီဇိုးရမ်ပြည်နယ်တွင် တရားမဝင် ကုန်တင်ကားများ ဖမ်းဆီးနေတာကြောင့် မြန်မာဘက်တွင် ကုန်စည်များ သောင်တင်နေတယ်လို့ ရိခေါ်ဒါရ်မြို့ ကုန်သည်များထံမှသတင်းရရှိပါတယ်။ စက်တင်ဘာ (၁၈)ရက်မှစပြီး အိန္ဒိယ ဗဟိုအစိုးရညွှန်ကြားချက်အရ အာသံရိုင်ဖယ်တပ်များက တရားမဝင် ကုန်တင်ကားများ စစ်ဆေးပြီး ကွမ်းသီးသည်ကား (၄၀)၊ မူဆယ်ပစ္စည်းတင်ကားများ ၁၀ စီးကျော်ဖမ်းဆီးထားတယ်လို့ […]

တီးတိန်- ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ပြန်လည်ဖွင့်လှစ်ပြီး လမ်းအဆင့်မြှင့်တင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများတောင်းဆို

September 21, 2019 za len 0

တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းမကို ညဖက်သွားလာခွင့်ပြန်လည်ဖွင့်လှစ်ပြီး ယင်းလမ်းမကို အဆင့်မြှင့်တင်ပေးရန် ဇိုမီးအရပ်ဖက်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂)လမ်းမတွင် ညဘက်ယာဉ်မတော်တဆမှုများပြားတာကြောင့် စက်တင်ဘာ (၁၈)ရက်မှစပြီး ည (၈)နာရီမှ မနက် (၅)နာရီထိ မော်တော်ယာဉ်များသွားလာခွင့်ပိတ်ပင်ထားကြောင်း ပြည်နယ်အစိုးရကထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် စက်တင်ဘာ (၂၁)ရက်တွင် ယင်းလမ်းမကို မော်တော်ယာဉ်များ […]

ချင်းပြည်နယ်ရှိ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းမ ညအချိန်ပိတ်ထားမှု ကုန်သွယ်ရေးနဲ့ ပြည်သူတွေထိခိုက်ဟုဆို

September 21, 2019 za len 0

ချင်းပြည်နယ်ရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက်အဓိကအသုံးပြုတဲ့ ကလေး-ရိဒ်လမ်းမကို ည ၈ နာရီမှ မနက် ၅ နာရီထိပိတ်ထားတာကြောင့် ဒေသခံပြည်သူနဲ့ စီးပွားရေးလုပ်ငန်းများထိခိုက်တယ်လို့ သတင်းရရှိပါတယ်။ ညအချိန်ယာဉ်မတော်တဆမှုနဲ့ လမ်းပိတ်ဆို့မှုတွေများတာကြောင့် စက်တင်ဘာ (၁၈)ရက်ကစပြီး တီးတိန်-ကလေး၊ တီးတိန်-ရိဒ်လမ်းပိတ်ဖို့ ပြည်နယ်အစိုးရက အမိန့်စာထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ် လမ်း၊ပန်းဝန်ကြီး ဦးရွှေထီးယိုက “မိုးရာသီဆိုတော့ […]

တီးတိန်မြို့နယ်တွင် အစိုးရနဲ့ပြည်သူပူးပေါင်းပြီး ရေအားလျှပ်စစ်ပြုလုပ်

September 12, 2019 za len 0

တီးတိန်မြို့နယ် ထုတ်လိုင်ရွာ နဲ့ ခေါ်ဆရွာ အနီးတွင် အစိုးရ နဲ့ ဒေသခံတို့ တစ်ဝက်ဆီအကုန်အကျခံကာ ရေအားလျှပ်စစ်ပြုလုပ်နေပါတယ်။ ထုတ်လိုင်ရွာ နဲ့ ခေါ်ဆကျေးရွာတို့အတွက် ၂၀၀၀ ခုနှစ်တွင် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ADRA ရဲ့ထောက်ပံ့ကူညီမှုနဲ့တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဟာ ၂၀၁၅ ခုနှစ်ရေကြီးမြေပြိုတုန်းကပျက်စီးခဲ့ပါတယ်။ လက်ရှိတွင် ထုတ်လိုင်ရွာနဲ့ သုံးမိုင်၊ […]