မင်းတပ် အ.ထ.က (၂) ရွှေရတုသဘင်ပွဲတွင် ကျောင်းသားဟောင်းများနဲ့ ဝန်ထမ်းဟောင်းများအားလုံးဖိတ်ခေါ်

November 2, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာ (၂) မင်းတပ်မြို့ အ.ထ.က (၂)ကျောင်းရဲ့ နှစ် (၅၀)ပြည့် ရွှေရတုသဘင်ပွဲသို့ တက်ရောက်ကြရန် ကျောင်းသူ၊သားဟောင်းများနဲ့ ဝန်ထမ်းဟောင်းများအားလုံးဖိတ်ခေါ်တယ်လို့ တာဝန်ရှိသူ ဆလိုင်းအောင်လောဟာကဆိုပါတယ်။ ရွှေရတုသဘင်ပွဲကို နောက်လ ဒီဇင်ဘာ (၇)ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပရန်ပြင်ဆင်ထားကြပါတယ်။ ဆလိုင်းအောင်လောဟာက “မင်းတပ် အ.ထ.က (၂)ကျောင်းမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာ၊မအားလုံး၊ […]

ပထမနှစ် သားဖွားသင်တန်းကျောင်းအတွက် အခက်အခဲတချို့ကြောင့် သင်တန်းသူ (၃၂)သာခေါ်ယူ

October 22, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၂၂) ချင်းပြည်နယ်ရဲ့ ပထမဆုံး ဘက်စုံသားဖွားသင်တန်းကျောင်းကို နောက်လတွင်စတင်ဖွင့်လှစ်ရန်ရှည်ရွယ်ထားပြီး နေရာ နဲ့ ဆရာ၊မ အခက်အခဲကြောင့် သင်တန်းသူ (၃၂)သာ လက်ခံထားကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ထံမှသတင်းရရှိပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို နိုဝင်ဘာလ (၁၅)ရက်တွင် ဖွင့်လှစ်နိုင်ရန်ရည်မှန်းထားပါတယ်။ ယင်းသင်တန်းဟာ (၂)နှစ်သင်တန်းဖြစ်ပြီး ဒီပလိုမာပေးအပ်မှာဖြစ်ပါတယ်။ ဝန်ကြီး […]

တုန်းဇန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းမီးလောင်သောကြောင့် ပရိဘောဂများလိုအပ်နေ

October 21, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၂၁) တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းဟာ အောက်တိုဘာ (၁၁)ရက်ညက မီးလောင်သောကြောင့် ဒီနေ့ကျောင်းပြန်ဖွင့်ချိန်တွင် စာရေးခုံနဲ့စာပွဲများအခက်အခဲဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ တုန်းဇန်ကျေးရွာ လူငယ်အဖွဲ့ဦးဆောင်သူ ကိုဆုမ်းပီးက “ဒီနေ့တော့ ဘုရားကျောင်းသုံး ကျောင်းမှာ အတန်းခွဲပြီးတော့စာသင်ကြတယ်။ ဒါပေမယ့် စာရေးခုံတို့၊ စာပွဲတို့မရှိတော့ အဆင်မပြေဘူး။ ကျောင်းဝန်းထဲမှာ မီးမလောင်ပဲကျန်တာက […]

ဟားခါးကောလိပ်တွင် စတင်သင်ကြားမယ့်မေဂျာသစ်တွေလျှောက်ထားသူနည်းသဖြင့် အမှတ်လျော့ကာ ထပ်မံခေါ်မယ်

October 19, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၉) ဟားခါးကောလိပ်တွင် ဒီနှစ် ဒီဇင်ဘာလမှစတင်သင်ကြားမယ့် အင်ဂျင်နီယာနဲ့ ကွန်ပျူတာဘာသာရပ်တွင် လျှောက်ထားသူနည်းပါးသဖြင့် အမှတ်လျော့ကာ ထပ်မံခေါ်ယူမယ်လို့ ဟားခါးကောလိပ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်ထံမှသတင်းရရှိပါတယ်။ အင်ဂျင်နီယာဘာသာရပ်ကို မြို့ပြ၊ လျှပ်စစ်၊ စက်မှု၊ အီလစ်ထရိုနစ်ဆိုပြီး မေဂျာလေးခု ထပ်မံခွဲထားပြီး မေဂျာတစ်ခုတွင် ကျောင်းသူ၊သား ၃၀ စီလက်ခံနိုင်ပေမယ့် […]

တီးတိန်မြို့နယ်တွင် ပညာရေးအဆောက်အအုံ (၅)လုံးနဲ့ နေအိမ်တစ်လုံးမီးလောင်ပျက်ဆီး

October 12, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၂) တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာတွင် ယမန်နေ့ ည (၁၁း၄၅)အချိန်က စပြီး အ.ထ.က(ခွဲ)ကျောင်းဆောင် တစ်ဆောင်၊ ဝန်ထမ်းအိမ်ရာ (၅)လုံးနဲ့ ကျောင်းအနီးရှိ လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးသွားတယ်လို့ သတင်းရရှိပါတယ်။ လူနေအိမ်တစ်လုံးက မီးမကူးအောင် ကြိုတင်ဖျက်ဆီးလိုက်တာပါ။ တုန်းဇန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခမ်လျန်ဟောင်က “မီးလောင်တဲ့ထဲမှာ ကျောင်းစာရွက်စာတမ်းတွေအကုန်လုံးမီးထဲပါသွားတယ်။ […]

ကလေးမြို့နယ်ရှိ ဘာသာရေးပိုင် မူကြိုကျောင်း (၆၀) ကျော် မှတ်ပုံတင်မယ်

September 26, 2019 za len 0

ကလေးမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၆၁)ကျောင်းကို ယခုလကုန်ပိုင်းတွင် အစိုးရထံ မှတ်ပုံတင်မယ်လို့သတင်းရရှိပါတယ်။ ယင်းကျောင်းတွေမှာ ဖလမ်းစကားပြော ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၄၀)၊ ဟားခါးစကားပြော ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၁၂)ကျောင်း၊ နဲ့ တီးတိန်စကားပြော ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၉)ကျောင်း စုစုပေါင်း (၆၁)ကျောင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး LFECCD […]

ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အခြေခံပညာကျောင်းများကူညီမယ့်စာရင်းတွင် ချင်းပြည်နယ်မှ ၄ မြို့နယ်ပါဝင်

September 19, 2019 za len 0

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နဲ့ အခြေခံပညာကျောင်းများကူညီဆောင်ရွက်မယ့် မြို့နယ် (၁၁၅)မြို့နယ်ထဲတွင် ချင်းပြည်နယ်မှ ၄ မြို့နယ်ပါဝင်တယ်လို့သတင်းရရှိပါတယ်။ ယင်းမြို့နယ်များမှာ ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ် နဲ့ ထန်တလန်မြို့နယ် ဖြစ်ပြီး ယင်းမြို့နယ်အတွင်းရှိ ကျောင်းများအားလုံးပါဝင်တယ်လို့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ထံမှသိရပါတယ်။ ဆလိုင်းမျိုးထိုက်က […]

မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံကောလိပ်တည်ဆောက်ဖို့ ကျပ်သန်း ၃၇၀၀ ကျော်လျာထား

September 13, 2019 za len 0

မင်းတပ်မြို့တွင် ဝိဇ္ဇာသိပံ္ပကောလိပ်တည်ဆောက်ဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆောက်အအုံး ၈ လုံးတည်ဆောက်ဖို့နဲ့ ရေ၊မီးမြေယာပြုပြင်ဖို့အတွက် စုစုပေါင်း ကျပ်သန်း ၃၇၅၃ ဒသမ ၈၄ လျာထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောပါတယ်။ မင်းတပ်တွင်ကောလိပ်တည်ဆောက်ဖို့ မြေနေရာ ဧက ၃၂၅ ဒသမ ၉၁ လျာထားပြီး ယင်းမြေများကို […]

ချင်းပြည်နယ်တွင် ဆရာ၊မရွေးချယ်ရာတွင် ဒေသခံများကိုဦးစားပေးရွေးချယ်ရန်တောင်းဆို

September 13, 2019 za len 0

ဟားခါး ပညာရေးကောလိပ်ရှိ လုပ်ငန်းခွင်ဆရာအကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) ဝင်ခွင့်တွင် ဒေသခံတိုင်းရင်းသား ၃၀ ရာခိုင်နှုန်းသာရွေးချယ်ခံရသဖြင့် ဒေသခံများကိုဦးစားပေးရွေးချယ်ရန် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းက တောင်းဆိုပါတယ်။ စက်တင်ဘာ (၁၃)ရက်တွင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒေါ်နီရွှေလျန်းက လုပ်ငန်းခွင် ဆရာအကြို မူလတန်း ဆရာအတတ်ပညာသင်တန်း […]

ချင်းပြည်နယ်တွင် တိုင်းရင်းသားစာပေသင်ကြားသူအများစုခန့်စာတွင်မပါဝင်သဖြင့် လစာမရမှာစိုးရိမ်

September 8, 2019 za len 0

ချင်းပြည်နယ်တွင် တိုင်းရင်းသားဘာသာစာပေသင်ကြားသူ သုံးထောင်နီးပါးရှိတဲ့အနက် ပြည်ထောင်စုအစိုးရက ၃၅၉ ဦးသာခန့်ထားသဖြင့် ခန့်စာတွင်မပါဝင်တဲ့ဆရာ၊မများ လစာမရမှာစိုးရိမ်ပူပန်နေကြတယ်လို့သတင်းရရှိပါတယ်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက စက်တင်ဘာ (၂)ရက်နေ့ကထုတ်ပြန်တဲ့ အမိန့်စာထဲတွင် သြဂုတ် (၂၈)ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ချင်းပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် နေ့စားလပေးအဖြစ် အမှန်တကယ် […]