ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဒီကနေ့ ထုတ်ပြန်

November 9, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာ (၉) ပလက်ဝမြို့နယ်တွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး ဒီနေ့ကစပြီး ညမထွက်ရအမိန့် ပုဒ်မ (၁၄၄)ကို မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ ထုတ်ပြန်လိုက်ပါတယ်။ ယင်းအမိန့်စာထဲတွင် ပလက်ဝမြို့နယ် အတွင်းတွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု၊ ခေါ်ဆောင်မှုများ […]

လွှတ်တော် (၃)နှစ်ကျော်သက်တမ်းအတွင်း တပ်မတော်ကိုယ်စားလှယ်တွေ မေးခွန်းနဲ့အဆို တစ်ခုမှမရှိသေ

November 3, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၃) ချင်းပြည်နယ်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေး (၁၉)ကြိမ်ကျင်းပလုပ်ခဲ့ပြီဖြစ်ရာ ယင်းအစည်းအဝေးတစ်လျှောက် တပ်မတော်ကိုယ်စားလှယ်တွေ မေးခွန်းနဲ့ အဆို တစ်ခုမှမရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်ရုံးရဲ့ မှတ်တမ်းစာရင်းအရသိရပါတယ်။ ပြည်နယ်လွှတ်တော်တွင် ပြည်သူလူထုကရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်ကတိုက်ရိုက်တာဝန်ပေးထားတဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် (၆)ဦးရှိပါတယ်။ မတူပီမြို့နယ် CNLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “သူတို့လွှတ်တော်အစည်းအဝေးမှာ ထိုင်ယုံပဲ။ […]

ချင်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးအမတ်တွေရဲ့ မေးခွန်းနဲ့အဆို အချိုးအများဆုံးဖြစ်နေ

November 3, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၃) NLD ခေတ် ချင်းပြည်နယ် ပြည်နယ်လွှတ်တော်သက်တမ်းတွင် ကြံ့ခိုင်ရေးပါတီအမတ် (၃)ဦးက မေးခွန်းနဲ့အဆို (၉၉)ခုရှိပြီး တစ်ဦးလျှင် မေးခွန်း၊အဆို (၃၃)ခုနှုန်းမေးမြန်းထားသဖြင့် NLD အမတ်တွေထက် မေးခွန်းနဲ့အဆိုပိုမိုများပြားနေကြောင်း ချင်းပြည်နယ်လွှတ်တော်ရုံးစာရင်းအရသိရပါတယ်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်စက်တင်ဘာလအထိ ပြည်နယ်လွှတ်တော်အစည်းအဝေး (၁၉)ကြိမ်ကျင်းပပါပြီ။ ပြည်နယ်လွှတ်တော်တွင် […]

ပလက်ဝ နဲ့ ရခိုင်ပြည်နယ်ရှိ ချင်းပြည်သူများထံ CNLD ပါတီခေါင်းဆောင်များသွားရောက်တွေ့ဆုံမယ်

October 18, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၈) ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားများနေထိုင်တဲ့ မြို့နယ်များတွင် ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ (CNLD) ခေါင်းဆောင်များသွားရောက်ကာ ပြည်သူများနဲ့တွေ့ဆုံကြမယ်လို့သတင်းရရှိပါတယ်။ ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက “ပလက်ဝ နဲ့ ရခိုင်သွားဖို့ လုံခြုံရေးအပေါ် အမြင်ချင်းမတူတာတွေတော့ရှိတယ်။ ဒါပေမယ့် အခက်အခဲဘယ်လောက်ပဲကြုံကြုံသွားကို သွားရမယ်လို့ ဆုံးဖြတ်ထားတယ်။ သွားရမယ့် […]

သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ချင်းပြည်နယ်အစိုးရကို ကန်ပက်လက်အမတ် ဝေဖန်

September 27, 2019 za len 0

မြို့နယ် အလိုက် ဘတ်ဂျက်ခွဲဝေမှု မညီမျှခြင်းကြောင့် ချင်းပြည်နယ် အစိုးရကို သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းက ဝေဖန်လိုက်ပါတယ်။ (၁၉)ကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ပထမနေ့ (စက်တင်ဘာ ၂၅)ရက်တွင် ၂၀၁၉-၂၀၂၀ ပြည်နယ် န.တ.လ ထပ်တိုးဘတ်ဂျက်မေးခွန်းမေးမြန်းစဉ် အခုလို ဝေဖန်လိုက်တာပါ။ လွှတ်တော်အမတ် ဦးကွီးထန်က […]

ယာယီရပ်ဆိုင်းထားတဲ့ မင်းတပ် NLD ရုံးကို မူလတည်ဆောက်တဲ့စမ်းထွက်ဧရိယာတွင် ပြန်လည်တည်ဆောက်

September 15, 2019 za len 0

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတည်ဆောက်ခြင်းကို ယာယီရပ်ဆိုင်းပြီးတစ်လအကြာတွင် မူလတည်ဆောက်တဲ့စမ်းထွက်ဧရိယာမှာပဲ မြို့နယ်စည်ပင်ခွင့်ပြုချက်နဲ့ ပြန်လည်တည်ဆောက်နေတယ်လို့သတင်းရရှိပါတယ်။ မင်းတပ်မြို့နယ် စည်ပင်သာယာရေးကော်မတီက သြဂုတ်လ (၈)ရက်တွင် တည်ဆောက်ခွင့်ပြုသော်လည်း ယင်းအဆောက်အဦးတည်ဆောက်မယ့်နေရာရဲ့အောက်ဖက်တွင် မြေအောက်ရေထွက်ရှိလာသဖြင့်ဟုဆိုကာ သြဂုတ်လ (၉)ရက်တွင် မြို့နယ်စည်ပင်က ယာယီရပ်ဆိုင်းရန်ထုတ်ပြန်ခဲ့ပါတယ်။ မင်းတပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အလုပ်အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းက “တည်ဆောက်ခွင့်ပြန်ပေးလိုက်တာက စက်တင်ဘာ (၄)ရက်နေ့ကပါ။ […]

ဗိုလ်ချုပ်ကြေးရုပ်ထက် ပင်လုံကတိကဝတ် နဲ့ပင်လုံစာချုပ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ရန် ချင်းလူငယ်ကွန်ရက်က တိုက်တွန်း

September 15, 2019 za len 0

ချင်းလူငယ်ကွန်ရက်က ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတည်ဆောက်ခြင်းထက် ပင်လုံကတိကဝတ် နဲ့ ပင်လုံစာချုပ်ပါအချက်များ အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းကြော်ငး စက်တင်ဘာ (၁၅)ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။ ၎င်းထုတ်ပြန်ချက်ထဲတွင် NLD အစိုးရတာဝန်ယူသည့်နောက်ပိုင်း တိုင်းရင်းသားဒေသများဖြစ်သော မွန်၊ ကရင်နီ(ကယား)၊ နှင့် ကချင်ပြည်နယ်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဒေသခံတိုင်းရင်းသားများမှ ကြိုတင်ကန့်ကွက်နေသည့်ကြားမှ ပြည်နယ်အစိုးရတို့မှ အတင်းအဓမ္မတည်ဆောက်ခဲ့သည့်ကိစ္စများဆက်တိုက်ဖြစ်ခဲ့သည်။ ယခုတွင်လည်း […]

ဆလိုင်းအောင်လျန်ရဲ့မေးခွန်း (၃)ခုကို ချင်းပြည်နယ်လွှတ်တော်က ခဏဆိုင်းငံ့

September 12, 2019 za len 0

မတူပီမြို့နယ် နယ်ဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်ရဲ့ မေးခွန်း (၃)ခုကို မပြည့်စုံလို့ဟုဆိုကာ ပြည်နယ်လွှတ်တော်က ခဏဆိုင်းငံ့ထားကြောင်း ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံမှသတင်းရရှိပါတယ်။ ဒုတိယသက်တမ်း (၁၉)ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေးကို စက်တင်ဘာ (၂၅)ရက် တွင်စတင်ကျင်းပမှာဖြစ်ပါတယ်။ ချင်းပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဦးဇော်နိုင်ငြိမ်းက “ဘာကြောင့်ဆိုင်းငံ့ရတာလဲဆိုရင် မေးခွန်းတင်လာတဲ့စာက ကြယ်ပွင့်ပြမေးခွန်းလာ၊ ကြယ်ပွင့်မပြမေးခွန်းလာဆိုတာလည်းမပါဘူး။ ပြီးတော့ […]

အသက် (၂၈)နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်

September 10, 2019 za len 0

သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ် ရွေးကောက်ပွဲတွင် အသက်၂၈ နှစ်အရွယ် ဆလိုင်းရမ်သင်သိင်(Salai Ram Tin Thei) လည်း Stirling မြို့ ဘာလ်ဂါရပ်ကွက်မှ ခရိုင်ကောင်စီဝင်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သတင်းရရှိပါတယ်။ ၄င်းဟာ ထန်တလန်မြို့နယ် အိုင်ဘွရ် (Aibur) ရွာဇာတိဖြစ်ပြီး ထန်တလန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း Pi Za Tlem ရဲ့တူဖြစ်ပါတယ်။ ၂၀၁၇ […]

ပလက်ဝမြို့အနီးတွင် ရဟတ်ယာဉ်တစ်စီးပစ်ချဟုအေအေတပ်ဖွဲ့ကထုတ်ပြန်ပေမယ့် ဒေသခံများငြင်းဆို

September 7, 2019 za len 0

ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာမှ ၅ မိုင်အကွာတွင် M 17 လို့ယူဆရတဲ့ ရဟတ်ယာဉ်တစ်စင်းကို စက်တင်ဘာ (၅)ရက်နေ့ နေ့လည် (၃)နာရီခွဲခန့်တွင် ရက္ခိုင့်တပ်မတော်က ပြစ်ချခဲ့တယ်လို့ ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက စက်တင်ဘာ (၆)ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ အေအေတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊နေ့လည်(၃) နာရီ(၃၀) မိနစ်ခန့်အချိန်တွင် […]