ဒေါ်အောင်ဆန်းစုကြည်ရဲ့ NCA (၄)နှစ်ပြည့်မိန့်ခွန်းအပေါ် သုံးသပ်ချက်

November 1, 2019 za len 0

ဆလိုင်းကျဲအိုဘိတ်ထောင် နိုင်ငံတော်အတိုင်ပင်ခံက ဒီတစ်ခေါက်သူ့မိန့်ခွန်းမှာ ထူးထူးခြားခြားဖြင့် အမျိုးသားတန်းတူရေးရဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို အာမခံချက်ရှိဖို့ အရေးကြီးကြောင်း ပြောကြားလာတယ်။ ထို့ပြင် ဖက်ဒရယ်စနစ်နဲ့ အညီ အာဏာခွဲဝေမှု၊ (သဘာဝ)သယံဇာတခွဲဝေမှုနဲ့ ပြည်နယ်များ ကိုယ်ပိုင်အခြေခံဥပဒေ ထားရှိရေးကိုလည်း ထည့်သွင်းပြောကြားပါတယ်။ အရမ်းကောင်းပါတယ်။ ဗမာခေါင်းဆောင်တစ်ဦးအနေဖြင့် အခုလို တိုင်းရင်းသားအရေးများကို လိုလားလား ပြောဆိုမှုသည် မွန်မြတ်လှပါတယ်။ […]

ရိုးရာ ဓားပလိုင်း၊ လက်နက် ကိုင်ဆောင်ခွင့်ပိတ်သင့်လာ

September 29, 2019 za len 0

အယ်ဒီတာ့အာဘော် မြန်မာပြည်ဟာ လူမျိုးစုံ၊ ယဉ်ကျေးမှုဓလေ့အစုံရှိတဲ့ နိုင်ငံဖြစ်သလို ပထဝီအနေအထားအရ မြေပြန့်ရှိသလို၊ တောင်တန်းလည်းရှိပါတယ်။ လူမျိုးနဲ့ နေရာဒေသ မတူညီတာကြောင့် မိမိတို့ တန်ဖိုးထားတဲ့အရာတွေလည်းမတူညီကြသလို ယဉ်ကျေးမှုဓလေ့တွေလည်း ကွဲပြားကြပါတယ်။ လူမျိုးတိုင်းက မိမိတို့ ယဉ်ကျေးမှုနဲ့ ရိုးရာကို အမြတ်တနိုးတန်ဖိုးထားကြပါတယ်။ ခေတ်နဲ့ လျှော်ညီသော ယဉ်ကျေးမှု ဓလေ့တွေ ပြုစုပျိုးထောင်ပြီး […]

ချင်း(၅၃)မျိုးပြင်ဆင်ဘာပြဿနာတွေကြုံနိုင်လဲ၊ ဘယ်လိုပြင်ရမလဲ

September 11, 2019 za len 0

Ro Sang ယနေ့(စက်တင်ဘာ ၁၀ရက်)ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်က “မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃)မျိုးဟု ဖော်ပြထားခြင်းကို မြေပြင်ကွင်းဆင်း စိစစ်၍ ပြန်လည်သုံးသပ်ရန် အစီအစဉ် […]

မင်းတပ်မြို့နယ် NLD ပါတီရုံးဆောက်မယ့်နေရာက စမ်းထွက်ဧရိယာမဟုတ်ဟု လွှတ်တော်ဒုဥက္ကဌဆို

July 22, 2019 za len 0

မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတည်ဆောက်မယ့်နေရာဟာ စမ်းထွက်ဧရိယာမဟုတ်ဘူးလို့ မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လွှတ်တော်ဒုက္ကဌဖြစ်သူ ဦးတိတ်ထန်းကဆိုပါတယ်။ ဦးတိတ်ထန်းနာမည်နဲ့ မင်းတပ်မြို့ စံပြရပ်ကွက်တွင် ၀ ဒသမ ၀၆၈ ဧကကို ပါတီရုံးတည်ဆောက်ရန် မြေစာရင်း ပုံစံ (၁၀၅/၁၀၆)ရေးဆွဲခွင့်လျှောက်ထားလာတာကြောင့် မြို့နယ် ထွေအုပ်ရုံးက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် […]

ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှု နှင့် ကုန်စည်ပြပွဲ၏ နောက်ဆက်တွဲ သုံးသပ်ချက်

April 9, 2019 za len 0

SM (ပန်းလောင်) ပြီးခဲ့တဲ့ မတ်လ ၁၆-၁၇ ရက်တွင် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့တဲ့ ချင်းပြည်နယ် ရင်းနှီးမြှပ် နှံမှု နှင့် ကုန်စည်ပြပွဲ ကို အခွင့်ကြုံလို့ ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အရမ်းကိုကောင်းမွန်ပြီး အားရစရာကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။ တကယ်တမ်းမှာလည်း ချင်းပြည်နယ်ဟာ အခြား ပြည်နယ်နဲ့ တိုင်းတွေနဲ့စာရင် ပြည်တွင်းပြည်ပ […]

အဂတိလိုက်စားမှုကပ်ဆိုးနှင့် နိုင်ငံတော် ဘတ်ဂျက်

April 7, 2019 za len 0

ဆလိုင်းဘွေး ( ချင်းမိုင်) အဂတိလိုက်စားမှုမှာ လူမှုအသိုင်းအ၀န်းအကြား လူကျင့်ဝတ်ကို ဖျက်ဆီးသည့် အတွင်းလှိုက်စား ကပ်ရောဂါဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကဆိုခဲ့ဖူးပါသည်။ အဂတိလိုက်စားမှုသည် နိုင်ငံတိုင်း ဒေသတိုင်း နယ်ပယ်တိုင်းတွင်တွေ့ ရတတ်ပြီး ၄င်းတို့ ၏အကျိုးဆက်ကြောင့် အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ အစာခေါင်းပါးမှု၊ ခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှု အစရှိသဖြင့် မလိုလားအပ်သော […]

ရင်းနှီးမြုပ်နှံမှုနှင့်တာဝန်

March 19, 2019 za len 0

ဆလိုင်းဘွေး ( ချင်းမိုင်) ရင်းနှီးမြုပ်နှံမှုဆိုတဲ့ စကားရပ်ကို လေ့လာရာတွင် လူတစ်ဦးလိုက်သော်လည်းကောင်း၊ အစုအဖွဲ့ လိုက်သော် လည်းကောင်း မိမိတို့ ငွေကြေးအရင်းအနှီးကိုထုတ်သုံးပြီး ရေရှည်အတွက် အကျိုးအမြတ်ရယူရန် မျှော်မှန်းခြင်း၊ အသုံးပြုခြင်းဟုဆိုနိုင်ပါသည်။ အထူးသဖြင့် ရင်းနှီးမြုပ်နှံသူနှင့် ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းဟူသော စကားရပ် နှစ်ခုကို တွေ့ နိုင်ပါသည်။ ရင်းနှီးမြုပ်နှံသူများ […]

ပလက်ဝ စစ်ဘေးရှောင်တွေရဲ့စားနပ်ရိက္ခာ သောက

February 25, 2019 za len 0

ဇန်နဝါရီလ ဆောင်းရာသီမနက်ခင်း မြူနှင်းတွေကြားမှာ ပီတောင်စစ်ရှောင်ပြည်သူတွေနေထိုင်ရာ ဝါးတဲလေးတွေဟာ လမ်းဘေးမှာအစီအရီဆောက်ထားကြတယ်။ ဝါးတဲလေးတွေရဲ့ အစွန်ဆုံးဟာ ဦးသော့လျန်(နာမည်လွဲ)ရဲ့အိမ်ပဲဖြစ်ပါတယ်။ သူဟာ မူလတန်းအရွယ် သားနဲ့သမီးတို့ကျောင်းသွားဖို့ အိမ်ရှေ့ဝရံတာမှာ သားလေးကို ဘွတ်ဖိနပ်စီးပေးနေပါတယ်။ သူ့သားငယ်က ကျောင်းသွားဖို့ ကျီးကျတာကြောင့် မုန့်ထုပ်တစ်ထုပ်ပေးပြီး သူ့အမနဲ့ ကျောင်းသွားဖို့ဖြောင်းဖျပြောဆိုပြီးကျောင်းရှိရာ ကိုဖြည်းဖြည်းလေးလျှောက်နေပါတယ်။ ပလက်ဝဒေသမှာ အများစုဟာ ဝါးတွေနဲ့အိမ်ဆောက်ကြတော့ […]

အမေရိကန်ကလာတဲ့ ဟားခါးဒိုးနတ် နဲ့ တီးတိန်ကွတ်ကီး

December 2, 2018 za len 0

ရေး- Letyar Tun  ခရစ်ယာန်သာသနာပြုဆရာတွေရဲ့ ချင်းတောင်တန်းအပေါ်မှာထားခဲ့တဲ့ကျေးဇူးတွေဟာ ဒီနေ့ထိ ဘုရားကျောင်းတွေ အသင်းတော်တွေက အစ ဟိုးမီးဖိုချောင်ထဲအထိ တနည်းပြောရရင် ယုံကြည်မှု ကစလို့ မုန့်ပဲသရေစာတွေအထိ သက်ရောက်ကျေးဇူးပြုနေတုန်းပဲ။ ဟားခါးရောက်ရင် ကာဆန်ခန်းမ ဘေးမှာ ဟားခါးဒိုးနတ်ဆိုင်ရှိတယ်။ ဒီ ဒိုးနတ် ဖော်မြူလာကို ၁၉၄၇ ခုနှစ်က ဟားခါးကိုသာသနာပြုလာတဲ့ […]

ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၄)

August 30, 2018 za len 0

ဆလိုင်းဗန်ကျုံးလျန် (ယူကေ) ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း ချင်းပြည်သို့ ချီတက်ရန်ဆုံးဖြတ်ခြင်း ထိုအချိန်တွင် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းသည် ချင်းပြည်သို့တော်လှန်ရေး လုပ်ဆောင်ရန် အဆင်သင့်မဖြစ်သေးခဲ့ပေ။ ငွေရေးကြေးရေးအရ သော်လည်းကောင်း၊ လူအင်အား နှင့် လက်နက်အင်အားအတွက် သော်လည်းကောင်း၊ ချင်းပြည်အတွင်း (သို့) နယ်စပ်တွင် အခြေချနိုင်မည့် နေရာအတွက် သော်လည်းကောင်း အဆင်သင့်မဖြစ်ခဲ့သော်လည်း ချင်းပြည်အတွက် တော်လှန်ရေး […]