ရန်ကုန်တိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားလူဦးရေစာရင်းကောက်ခံရာတွင် အခက်အခဲရှိဟုဆို

October 17, 2019 za len 0

၂၀၁၉၊ အောက်တိုဘာ (၁၈) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ချင်းတိုင်းရင်းသားလူဦးရေစာရင်းကောက်ခံရာတွင် အသင်းတော်နဲ့ မျိုးနွယ်စုအသင်းရဲ့စာရင်းပေါ်အခြေခံကောက်ခံတဲ့တွက်ကြောင့် အခက်အခဲအနည်းငယ်ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။ ချင်းတိုင်းရင်းသားလူဦးရေစာရင်းကို ချင်းအမျိုးသားလူမှုကွန်ယက်အသင်း (Chin Advocacy Network) ကဦးဆောင်ကောက်ခံပြီး သတ်မှတ်လူဦးရေပြည့်မီပါက ရန်ကုန်တိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတောင်းဆိုဖို့ရည်ရွယ်ထားကြတယ်။ လူဦးရေစာရင်းကောက်ခံသူ ဆလိုင်းထင်အောင်က “ကျနော့်ဆီမှာ ချင်းလူဦးရေ တစ်သောင်းလောက်ရထားပါပြီ။ စာရင်းကောက်ရတာ ထင်သလောက်မလွယ်ဘူး။ […]

ချင်းပြည်နယ်တွင် ၂၀၂၀ မဲပေးပိုင်ခွင့်စာရင်းဟာ ၂၀၁၅ စာရင်းထက် လူဦးရေ ၆၇၀၀ ကျော် တိုးလာ

September 22, 2019 za len 0

ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ အခြေခံမဲဆန္ဒပေးပိုင်ခွင့်စာရင်းဟာ ၂၀၁၅ ခုနှစ် မဲဆန္ဒပေးပိုင်ခွင့်စာရင်းထက် လူဦးရေ ၆၇,၁၉၅ ဦးတိုးလာတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှတ်တမ်းအရသိရပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်း ၂၇၅,၄၁၈ ဦးရှိပြီး ၂၀၂၀ ခုနှစ်တွင် အခြေခံမဲဆန္ဒပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်း ၃၄၂,၆၁၃ ဦးရှိပါတယ်။ […]

ဇူလိုင်လမှစပြီး ချင်းပြည်နယ်မှာ မဲစာရင်းစတင်ကောက်ခံတော့မယ်

June 30, 2019 za len 0

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်မှာ ဇူလိုင်လကပြီး မဲစာရင်းစတင်ကောက်ခံတော့မယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲအဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှသတင်းရရှိပါတယ်။ ယင်းမဲစာရင်းကို ထွေအုပ်ဝန်ထမ်းတွေက ကောက်ခံမှာဖြစ်ပြီး ရလာတဲ့ မဲစာရင်းကို လ.ဝ.က ရုံးက စိစစ်ပေးမယ်လို့သိရပါတယ်။ ဦးလင်းကျော်က “ မဲစာရင်းကို ဇူလိုင်လကနေ စက်တင်ဘာလထိ ကောက်သွားမယ်။ ဆန္ဒမဲပေးပိုင်ခွင့်မရှိတဲ့သူတွေလည်းကောက်မယ်။ […]

မတူပီမှာ ချင်းပါတီအနိုင်ရပြီ

April 11, 2019 za len 0

နိုဝင်ဘာလ(၃)ရက်ကြားဖြတ်ရွေးကောက်ပွဲမှာ မတူပီမြို့နယ် အမှတ်(၁) ပြည်နယ်မဲဆန္ဒနယ်မှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)ပါတီကနေ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို ဒီနေ့(ဇူလိုင် ၄ရက်)မှာ ရွေးချယ်အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ ယင်းကိုယ်စားလှယ်လောင်းအတွက် ဆလိုင်းအောင်လျန်ကို မြို့နယ် CEC နဲ့ ဗဟို CEC တို့က အတည်ပြုရွေးချယ်လိုက်ပြီလို့ ဒီကနေ ချင်းဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ နယ်လှည့်စည်းရုံးရေးကို ဒီလနောက်ဆုံးပတ်လောက်မှာ […]

ချင်းပြည်နယ် မြေယာဥပဒေကို အဓိကလုပ်ဆောင်သွားမယ်ဆိုတဲ့ မတူပီမြို့နယ်ရွေးကောက်ခံ ဆလိုင်းအောင်လျန်

November 6, 2018 za len 0

နိုဝင်ဘာ(၃)ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဆလိုင်းအောင်လျန်(CLD) က (၅၉၆၄)မဲ၊ ဆလိုင်းအောင်ထန်(NLD)က (၅၂၀၆)မဲနဲ့ အနိုင်ရရှိသွားပါတယ်။ ဆလိုင်းအောင်လျန်ဟာ အသက်(၃၁)နှစ်သာရှိတဲ့တွက် ချင်းပြည်နယ်လွှတ်တော်မှာကော၊ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ချင်းကိုယ်စားလှယ်တွေထဲမှာကော အသက်အငယ်ဆုံးလည်းဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေနဲ့ လွှတ်တော်ထဲမှာလုပ်ဆောင်ဖို့စီစဉ်ထားတဲ့ကိစ္စတွေကို Zalen Media က ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။ မေး= ဘာလို့ရွေးကောက်ပွဲဝင်တာလဲ။ ဘယ်ချိန်က စပြီးပြင်ဆင်ထားတာလဲ။ […]

ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ အများဆုံး မဲဆန္ဒပေး

November 4, 2018 za len 0

ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မတူပီ (၇၀)ရာခိုင်နှုန်းနဲ့ ကန်ပက်လက်မြို့နယ် (၆၀)ရာခိုင်နှုန်းတို့ဖြစ် အများဆုံးလာရောက်မဲပေးကြပါတယ်။ မတူပီမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ (၁၇,၀၀၀)ကျော်အနက် (၁၂,၀၀၀)ကျော် ရာခိုင်နှုန်းဖြစ် (၇၀) ရာခိုင်နှုန်းက လာရောက်မဲပေးခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူအချို့ကအတည်ပြုပြောကြားပါတယ်။ တခြား မဲဆန္ဒနယ်တွေမှာဆို မဲပေးသူဦးရေ ရာခိုင်နှုန်း (၅၀)အထက်ရှိတဲ့ မဲဆန္ဒနယ်လေးခု သာရှိပြီး ကျန်မဲဆန္ဒနယ် […]

မတူပီမြို့နယ်မှာ ချင်းပါတီ အနိုင်ရပြီ

November 3, 2018 za len 0

မတူပီမြို့နယ် အမှတ်(၁)ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာ မဲရုံ(၇၀)ရှိတဲ့အနက် မဲရုံ(၆၆)ရုံမှာ CLD ပါတီက ဆန္ဒမဲ(၅၆၅၅)မဲရရှိပြီး NLD ပါတီက မဲ(၄၆၇၀)မဲရရှိပြီ မဲကိုးရာကျော်နဲ့ CLD က အနိုင်ရရှိပြီလို့သိရပါတယ်။ CLD ပါတီအတွင်းရေးမှူး ဆလိုင်းအောင်လိန်းက “အခု ရွာလေးရွာက မဲစာရင်းကျန်သေးတယ်။ အဲ့ရွာတွေမှာ မဲပေးနိုင်သူက (၇၀၀)ရှိတယ်။ အဲ့ဒီ (၇၀၀)ထဲမှာလည်း […]

ကြားဖြတ်ရွေးကောက်ပွဲကြိုတင်မဲကို ပခုက္ကူတက္ကသိုလ်က ကန်ပက်လက်ကျောင်းသား တစ်ဝက်ကျော်ကမဲပေး

October 31, 2018 za len 0

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပခုက္ကတက္ကသိုလ်မှာကျောင်းတက်နေတဲ့ ကန်ပက်လက်ကျောင်းသားတွေက ဒီနေ့(အောက်တိုဘာ ၃၁ရက်) ကြိုတင်မဲပေးကြတယ်လို့သိရပါတယ်။ ပခုက္ကူတက္ကသိုလ်က ကန်ပက်လက်ကျောင်းသူ၊သား ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၉)ဦးရှိတဲ့အနက် ကျောင်းသူ၊သား (၆၉)ဦးက လာရောက်မဲထည့်ကြတယ်လို့ ပခုက္ကူတက္ကသိုလ်က ဆရာမ ဟုန်းရောင်ထံကသိရပါတယ်။ ကြိုတင်မဲပေးတဲ့ချိန်က အောက်တိုဘာ(၃၁)ရက် နံနက်(၈း၃၀)နာရီကနေ ညနေ(၅)နာရီထိ ကျွန်းရွှေဝါခန်းမတွင်မဲပေးကြပါတယ်။ ဆရာမဟုန်းရောင်က “အစကတည်းက ကြိုတင်မဲပေးဖို့ကြေညာထားပေမယ့် အခုချိန်က […]

ကန်ပက်လက်မြို့နယ် အမတ်လောင်းအတွက် ဆက်လက်အရွေးခံမယ်လို့ CPP အမတ်လောင်းဦးမနားရှင်ပြော

October 22, 2018 za len 0

ကိုယ်စားလှယ်လောင်းနှုတ်ထွက်လွှာတင်သွင်းခွင့်သတ်မှတ်ရက်ကျော်လွန်ပြီဖြစ်၍ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကို ဆက်လက်အရွေးခံမယ်လို့ CPP ကိုယ်စားလှယ်လောင်း ဦးမနားရှင်းကဆိုပါတယ်။ ချင်းတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အောက်တိုဘာဘ(၁၉)ရက်နေ့စွဲဖြစ် ကန်ပက်လက်မြို့နယ် ချင်းတိုးတက်ရေးပါတီဝင်များအနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးကီးထန်းလွန်းကို ထောက်ခံဆန္ဒပြုကြရန် တိုးတွန်းအပ်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဦးမနားရှင်းက ၄င်းလူမှုကွန်ရက်စာမျက်နှာတွင် “ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် လောင်းကိုယ်တိုင်ကနှုတ်ထွက်လိုပါက ကိုယ်စားလှယ်လောင်းကိုယ်တိုင်နှုတ်ထွက်လွှာတင်သွင်းရမည်ဖြစ်သည်။ တင်သွင်းခွင့်သတ်မှတ်ရက်ကျော်လွန်သွားပြီဖြစ်သည်။ သို့ဖြစ်၍ […]

ကန်ပက်လက်မှာ CPP ကCNDP ကိုယ်စားလှယ်လောင်းကိုထောက်ခံဆန္ဒပြုကြဖို့တိုက်တွန်း

October 20, 2018 za len 0

နိုဝင်ဘာ(၃)ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ CNDP ပါတီရဲ့ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကီးထန်းလွန်းကို ထောက်ခံဆန္ဒပြုကြဖို့ CPPကတိုက်တွန်းကြောင်းကြေညာချက်ကို အောက်တိုဘာ(၁၉)ရက်ကထုတ်ပြန်ပါတယ်။ အခုလို CPPကကြေညာချက်ထုတ်ပြန်ထားပေမယ့် CPPပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားရှင်း မှာဆန္ဒရှိပါက ဆက်လက်အရွေးခံမယ်လို့သိရပါတယ်။ ချင်းတိုးတက်ရေးပါတီ(CPP)ပါတီမှ တာဝန်ရှိသူတစ်ယောက်က “သုံးပါတီမပေါင်းစည်းခင်မှာရော၊ ပေါင်းစည်းပြီးတဲ့ချိန်မှာရော ဦးမနားရှင်းကို အကြိမ်ကြိမ်နှုတ်ထွက်ဖို့ညိုနှိုင်းပေမယ့်မရဘူး။ ဒီကြေညာချက်ထုတ်ပြန်ပြီးနောက်မှာ […]