ကလေးမြို့မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒဏ်ရိုက်

၁၄၊ ဇွန်၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ဇွန်လ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေ့ရှိလို့ ဖမ်းဆီး ဒဏ်ရိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ကိုင်းဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့ရှိသူတွေကိုလူတစ်ဦးကို ငွေတစ်သိန်းထက်မနည်း ဒဏ်ငွေပေးဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။

” လမ်းတွေပေါ်မှာ ကားတွေလာပြီး စစ်တာ၊ ဖုန်းထဲမှာ အသုံးပြုနေတဲ့ VPN ကို လာပြီးတော့ ရှာတာပေါ့နော်။ ကျွန်တော်ကတော့ နှစ်သိန်းပေးလိုက်ရတယ်။ VPN က သုံးလို့ အဆင်မပြေလို့ ကျွန်တော့်ဖုန်းထဲမှာ VPN လေးခုလောက်ရှိတယ်။ အဲ့တော့ သူတို့အကြိုက်ဖြစ်သွား‌ ပေါ့ဗျာ။ ” လို့ ကိုယ်တိုင်ဒဏ်ရိုက်ခံရသူတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၁ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လက်ကိုင်ဖုန်းအတွင်း VPN ဆော့ဖ်ဝဲအသုံးပြုသူ ဒေသခံတွေကို စစ်ကောင်စီတပ်က ငွေကျပ် ဆယ်သိန်းကနေ သိန်းသုံးဆယ် အထိ ဒဏ်ရိုက်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာပြင်ဆင်ရေးဆွဲနေပြီး အဲဒီအထဲမှာ ခွင့်ပြုချက်မရဘဲ VPN သုံးရင် ထောင်သုံးနှစ်၊ ငွေဒဏ် ကျပ်သိန်းငါးဆယ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးချနိုင်တဲ့ ဥပဒေပုဒ်မတွေ ပါဝင်လာခဲ့ပါတယ်။

လက်ရှိမှာ ဥပဒေအတည်မပြုရသေးပေမယ့် အောက်ခြေတပ်သားတွေက ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေတောင်းတာတွေ ဒီရက်ပိုင်းမှာ ခပ်စိတ်စိတ် လုပ်ဆောင်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တမူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွား

ဒီဇင်ဘာ ၂ရက်၊ ၂၀၂၅။ Zalen စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိ‌တွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။ ဒီဇင်ဘာ ၁ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုများက တမူးမြို့နယ် စစ်ကောင်စီတပ်များ ဂိတ်ချထားတဲ့ တမူးမြို့အဝင် ...

ဆက်ဖတ်ရန်