ကော့ကရိတ်မှာ KNLA ပူးပေါင်းတပ်နဲ့စစ်ကောင်စစ်တပ်တို့တိုက်ပွဲဖြစ်ပွါးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးအပါဝင် ၆ဦးသေဆုံး

HAK/၂၅၊အောက်တိုဘာ၊၂၀၂၃။

Zalen

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းရွာအနီးမှာ ယမန်နေ့ အောက်တိုဘာလ ၂၄ရက်နေ့ မနက်မှာ KNLA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါဝင် ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

တပ်မဟာ(၄၄)လက်အောက်ခံ ခမရ-၂၀၇ စစ်ကောင်စီစစ်ကြောင်းက ကော့ကရိတ်မြို့ကနေ ဆင်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ကြားဖြတ်တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဒရုန်းတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက ”မနက် ၅နာရီဝန်းကျင်မှာ စပြီးကိုယ့်ဘက်ကဦးအောင်တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့ဘက်က Fixed-Wing မောင်းသူမဲ့ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်နိုင်လို့ အားသာချက်ရခဲ့တယ်။သူတို့ဘက်က တပ်ရင်းမှူးလည်းသေတယ်။ ကျွန်တို့ပူးပေါင်းတပ်ဖွဲ့ဝင်ဘက်ကတော့ အနည်းငယ်ဒဏ်ရာရတာလောက်ပဲရှိတယ်။ စစ်ကောင်စီက အထိနာတော့ Mi35ရဟတ်ယာဉ်နဲ့ပါပစ်ကူတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်ကူတာတွေရှိတယ်”လို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကိုအပါဝင် ၆ဦးသေဆုံးပြီး ၈ယောက်ကျော် ဒဏ်ရာရတယ်လို့ ၎င်းရဲ့ပြောကြားချက်အရ သိရပါတယ်။

တပ်မဟာ (၄၄)လက်အောက်ခံ ခမရ-၂၀၇တပ်ရင်းဟာ KNU တပ်မဟာ၆ နယ်မြေအတွင်းမှာ တပ်ပြေး၊အရာရှိများနဲ့သေဆုံးမှုများတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

တမူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွား

ဒီဇင်ဘာ ၂ရက်၊ ၂၀၂၅။ Zalen စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိ‌တွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။ ဒီဇင်ဘာ ၁ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုများက တမူးမြို့နယ် စစ်ကောင်စီတပ်များ ဂိတ်ချထားတဲ့ တမူးမြို့အဝင် ...

ဆက်ဖတ်ရန်