စစ်ကောင်စီ ရဲတပ်သား ၂ ဦး လက်နက်အပြည်စုံနဲ့ CDF-KKG ထံ အလင်းဝင်

၂၄၊ မတ်လ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးဟာ CDF-KKG ထံ လက်နက်ခဲယမ်းအပြည့်စုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒီနေ့ မတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကလေးမြို့မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးဟာ ၎င်းတို့ရဲ့ G3 သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆန် ၄၇၀ တောင့်နဲ့အတူ CDF – KKG ထံ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

Zalen ad

“ကလေးမြို့က စကစ ရဲတပ်ရင်း ၁၆ က ရဲတပ်သားတွေ ဖြစ်ပါတယ်။ အသက်အားဖြင့် ၂၅ နှစ်အရွယ်နဲ့ ၂၆ နှစ်အရွယ်တွေပါ။ သူတို့တွေကို အရင်လိုဘဲ ဘေးကင်းလုံခြုံတဲ့ နေရာမှာ စောင့်ရှောက်ထားပါတယ်။ နောက်မှ သူတို့သွားချင်တဲ့ နေရာကို ပို့ပေးသွားမှာပါ။” လို့ CDF-KKG တာဝန်ရှိသူက ဆိုပါတယ်။

လက်နက်ခဲယမ်း အပြည့်စုံနဲ့ အလင်း၀င်လာတဲ့ ရဲတပ်သား ၂ ဦးကို CDF-KKG က ဆုကြေးငွေ ကျပ်သိန်း ၅၀ ဆု ချီးမြင့် ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်တွင်း CDF-KKG ထံ အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား စုစုပေါင်း ၄ ဦးခန့် ရှိပြီလို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်တိုက်ပွဲ‌တွင်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးပြီး ဖမ်းမိသူ ၄၀ ကျော်ရှိ

မတ် ၁၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ...

ဆက်ဖတ်ရန်