တာလီဘန်နှင့် စစ်ကောင်စီ ကုလကိုယ်စားလှယ် လက်ခံမခံအရေးကို လာမယ့် ၉ လအတွင်းဆုံးဖြတ်မည်

အာဖဂန်နစ္စတန်က တာလီဘန်နှင့် မြန်မာနိုင်ငံက စစ်ကောင်စီတို့ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ထားရှိရေး ဆုံးဖြတ်မည့်အရေးကို ဒုတိယအကြိမ် နောက်ဆုတ်ထားသော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့် ၉ လအတွင်း ဆုံးဖြတ်ချက်ချမှတ်ရန် ထပ်မံဆွေးနွေးကြမည်ဖြစ်ပါတယ်။

ကိုယ်စားလှယ်ပေါင်း ၁၉၃ နိုင်ငံရှိသော ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကိုယ်စားလှယ်ပေါင်း ၁၉၃ ဦးကို သောကြာနေ့တွင် အတည်ပြုမှု လုပ်ဆောင်မည်ဖြစ်ပါတယ်။ ခုလို ဆုံးဖြတ်ချက်ချရန် နောက်ဆုတ်နိုင်ခြင်းကြောင့် လက်ရှိ ကိုယ်စားလှယ်အဖြစ် ရှိနေသူများဟာသူတို့နိုင်ငံကို ဆက်လက်ကိုယ်စားပြုခွင့်ပေးထားမည်ဖြစ်ပါတယ်။

တာလီဘန်နှင့် မြန်မာနိုင်ငံက စစ်ကောင်စီကတော့ နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိရန် ကုလသမဂ္ဂတွင် ကိုယ်စားလှယ် ထားရှိရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေကြပြီး ဒီနှစ်နိုင်ငံလုံးကတော့ ပြီးခဲ့တဲ့နှစ်တွင် ဖြုတ်ချခံလိုက်ရသော အစိုးရများ စေလွှတ်ခဲ့သော ကိုယ်စားလှယ်များကို အစားထိုးရန် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

မည်သည့်ကိုယ်စားလှယ်ကို ကုလသမဂ္ဂတွင် ထားရှိမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ၉ လ အတွင်း ဆုံးဖြတ်ရမည့် နိုင်ငံများတွင် အာဖဂန်နစ္စတန်၊ လီဗျားနှင့် မြန်မာနိုင်ငံတို့ ပါဝင်ပါတယ်။ ထို့ကြောင့် လက်ရှိ NUG အစိုးရကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိမလားဆိုတာကိုတော့ ၂၀၂၃ စက်တင်ဘာလတွင် ဆုံးဖြတ်ကြမည်ဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်