ပလက်ဝမြို့နယ်တွင် ဆရာ၊မ မလုံလောက်သည့် ကျေးရွာတွင် စစ်ကောင်စီတပ်သားများက စာသင်ပေးနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာရှိ အထက်တန်းကျောင်းတွင် ကျောင်းဆရာ၊မ များ မလုံလောက်သောကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင်ပေးနေတယ်လို့ သတင်းရရှိပါတယ်။

အထက-ခဝဲ ကျောင်းသည် (KG)တန်း မှ (၁၂) တန်း ထိ ရှိပြီး ကျောင်းသား ကျောင်းသူ (၁၅၀) ခန့် တက်ရောက် စာသင်နေပါတယ်။

 “အရင်က ဆရာ၊ဆရာမ (၅) ယောက် ရှိပါတယ်၊ (၂)ယောက်က ပြောင်းသွားပြီး၊ အခုက တစ်ကျောင်းလုံးမှာ ဆရာ၊ဆရာမ (၃)ဘဲ ရှိတော့တယ်”လို့ ဒေသခံက ပြောပါတယ်။

ခဝဲကျေးရွာမှာ ပြည်မဘက်က စစ်ကောင်စီ အင်အား (၂၀၀)နီးပါး တပ်စခန်းချပြီး ကျေးရွာအတွင်း လူမူရေး၊ ကျန်းမာရေးတွေကို စည်းရုံးရေး ဆင်းနေကြလို့ သိရပါတယ်။

Zalen ad

“ဆရာ၊ဆရာမ မရှိတော့ စစ်ကောင်စီတပ်သားတွေက စာသင်ပေးနေပါတယ်။ ရွာထဲမှာလည်း ကျန်းမာရေး ကူညီစောင့်ရှောက်မူတွေ လုပ်တယ်။ လူမူရေးအပိုင်းမှာလည်း ကူညီတယ်။ ငွေကြေးရေး အပိုင်းတော့ ကူညီတာမျိုးက မရှိပါဘူး”ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ကျောင်းဆရာ၊မ မလုံလောက်သောကြောင်း ပလက်ဝမြို့နယ်၊ ‌နယ်ကျွေးရွာများရှိ ကျောင်းများမှာ တစ်ကျောင်းလျှင် ဆရာ၊ ဆရာမ နှစ်ဦး၊ သုံးဦးနှုန်းနဲ့သာ ကျောင်းများဖွင့်ကာ စာသင်နေရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်တိုက်ပွဲ‌တွင်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးပြီး ဖမ်းမိသူ ၄၀ ကျော်ရှိ

မတ် ၁၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ...

ဆက်ဖတ်ရန်