ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။

ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ (Political Economy) ကို အနည်းငယ်ထည့်သွင်း ဆွေးနွေးပါမည်။

စာရေးသူဟာ စီးပွားရေး ပညာရှင်မဟုတ်ပါ။ စီးပွားရေးဘွဲ့ရသူလဲ့မဟုတ်ပါ။ သို့သော် နိုင်ငံရေးဘောဂ ဗေဒများကို လေ့လာထားပြီး  ဝါသနာပါယုံသာဖြစ်သည်။ စီပွားရေး နှင့် ဘောဂဗေဒ စကားလုံးများကို အသုံးပြုမည် မဟုတ်ပဲ့ သာမန်စကားလုံးများကိုအသုံးပြုသွားမည်ဖြစ်သည်။

သမိုင်းနောက်ခံ (Historical Background)

ပလက်ဝဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီအနေအထားအရ အင်မတန် အချက်အချာကျသော ဒေသတစ်ခုဖြစ်ပြီး အဘယ်ကြောင့် ဒီကနေ့အချိန်ထိ ဆင်းရဲ နောက်ကျကျန်နေတာလဲ? ကုန်းကြောင်း ရေကြောင်း လေကြောင်း လမ်း တွေ ရှိပြီး ဘာကြောင့် မတိုးတက်တာလဲ? သုံးနိုင်ငံ (အိန္ဒိယ၊ မြန်မာနဲ ဘင်္ဂလားဒက်ရှ်) ဆုံမှတ်ဖြစ်ပြီး ဘာကြောင့် ဝေးလံ ခေါင်ဖျားပြီး တစ်သီးတစ်သန့်ကြီး ဖြစ်ရှိနေတာလဲ? အဖြေကတော့ ရှင်းပါတယ်။  ‌ေခတ်အဆက်ဆက် အစိုးရများက လုံးဝ လစ်လျူရှုထားခဲ့လို့ဖြစ်ပါတယ်။ လစ်လျူရှုထားတဲ့အကြောင်းရင်းတွေကလည်။ ရှိပါသည်။ ဖြစ်နိုင်ခြေတွေကတော့ ​ပလက်ဝဒေသအတွက် ရင်းနှီးမြုပ်နှံမှု လုပ်လိုက်ရင် ပလက်ဝ ဒေသ အနီးတစ်ဝိုက်အပြင် တခြားသောဒေသများနှင့် တနိုင်ငံလုံးအတိုင်းအတာအတွက် ဝင်ငွေပေးသည်အထိ မဖြစ်နိုင်ပေဟု စဥ်းစားကြဟန်တူသည်။ ဒုတိယအချက်ကတော့ မြန်မာအစိုးရမှာ ရင်နှီးမြုပ်နှံရန် ငွေကြေးစွမ်းရည် (Financial Capacity) မရှိတာပါ။ တတိယကတော့ တိုင်းရင်းသားဒေသဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များအတွက်အခွင့်အလမ်းများ ဖြစ်သွားနိုင်တယ်ဆိုတဲ့ လုံခြုံရေးရှု့ထောင့်ကနေ ကြည့်တာလဲ ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဆိုစေ ဤအချက်တွေဟာ  ဘာကြောင့် ခေတ်အဆက်ဆက် အစိုးရများက ပလက်ဝဒေသကို လစ်လျူရှုခဲ့သလဲ ဆိုတဲ့ အကြောင်အရင်းအချို့တွေပါ။ ။ ဤအချက်တွေကတော့ သုသေတန တွေ့ရှိချက် အချက်အလက် အထောက်အထားတွေမဟုတ်ဘဲ မိမိရဲ့အမြင်တွေသာဖြစ်သည်။ သေချာတာတစ်ခုကတော့ ပလက်ဝဒေသရဲ့ လူမှုစီးပွားရေး အခြေနေ (Social Economic Condition) ဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းတွေ နဲ့အတူ မကြာခင် တိုးတက် ပြောင်းလဲသွားမယ်ဆိုတာပါ။

ပလက်ဝ၏ လက်ရှိအနေထား နှင့် အခွင့်အလမ်းအလားအလာ

ရှေ့မှာဖော်ပြထားသလို ပလက်ဝဟာ သုံးနိုင်ငံဆုံမှတ်ဖြစ်သည်သာ မက ကုန်းကြောင်း ရေကြောင်း လေ ကြောင်း ရှိသည်။ ထို့အပြင် စိုက်ပျိုးမွေးမြူးရေးအတွက် သဘာဝမြေဆီလွှာများ အင်မတန် ကောင်းသော ဒေသဖြစ်သည်သာမက ကူးသန်းရောင်း​ဝယ်ရေးအတွက် အချက်ချာကျသည်။ စီးပွားရေး သမားများ ၊ ကုမ္ပဏီ ကြီးများ မထိရသေးသောဒေသ (Virgin land) ဖြစ်သည်။ ခရီးသွားလာရေး လုပ်ငန်းအတွက် လုံလောက်​ သော သဘာဝ အလှတရားများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ အရှေ့မူဝါဒ (Act East Policy) အတွက် ပလက်ဝတွင် ကုလာတန်စီမံကိန်းကြီး ဆောက်လုပ် ပြီးစီး ပြီဖြစ်သည်။ အိန္ဒိယ၏ အမျိုးသား လမ်းမကြီး (National Highway) ဟာ အာသံပြည်နယ် (Assam State) မှ ပလက်ဝ အထိကို အိန္ဒိယမှ  တာဝန်ယူပြီးဖောက်လုပ်ပြီးစီးပြီဖြစ်သည်။ ထို့အပြင် အိုင်လ်ဇော်​ မြို့၊မီဇိုရမ် ပြည်နယ်မှ ပလက်ဝ၊ ချင်းပြည်နယ်ကို ရထားလမ်းဖောက်လုပ်ရန် အိန္ဒိယအစိုးရမှ အတည် ပြုပြီးဖြစ်သည်။ (India has also recently announced financing a railway line between the Chin State and Mizoram, sourced: The WIRE media, 2024)။ ဒီစီမံကိန်းကြီးသည် အိန္ဒိယ၏ နောက်ကျကျန်နေသော အရှေ့ မြောက်ပြည်နယ် (၈) ခု၏ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ထားသည်။ ကုန်းတွင်းပိတ်နေသော အရှေ့မြောက် ပြည်နယ်  များအတွက် ပင်လယ်တံခါးပေါက်ဖွင့်ပေးရန် နှင့် အာဆီယံ နိုင်ငံများနှင့် ချိတ်ဆက် ပေးရန် ဖြစ်သည်။ ကုလားက္ကတား (Kolakota) ၏ Hoogly ဆိပ်ကမ်း နှင့် ပလက်ဝ ဆိပ်ကမ်းတို့ ကို ချိတ်ဆိပ်ကာ အိန္ဒိယပြည်မ နှင့် အရှေ့မြောက်ပြည်နယ်၏ တစ်ခုတည်းသော  ကြက်လည်ပင်း (Chicken Neck) ဟုခေါ်ကြသည့် လမ်းကြောင်းအပြင် နောက်ထပ် လမ်းကြောင်းတစ်ကြောင်းဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ပလက်ဝဒေသသည် မြန်မာနိုင်ငံ အတွက်ထက် အန္ဒိယအတွက် ပိုပြီးအချက်​ချာကျနေသည်ဟု ဆိုရမည့်အလားဖြစ်နေသည်။ အိန္ဒိယ (၈) ပြည်နယ်၏ လူဦးရေးနှင့် GDP သည် မြန်မာနိုင်ငံထက်ပိုများသည်။ ထို့ကြောင့် အိန္ဒိယ (၈) ပြည်နယ်၏ လူမှုစီးပွား ဖွံဖြိုးရေးအတွက် ရည်စူးထားသော စီမံကိန်းကြီးသည် ပလက်ဝ ဒေသအတွက်သာမက ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တွေအတွက်ပါ အသုံးပြုလို့ရမည့် မဟာစီးပွားအခွင့်ရေးကြီးဖြစ်လာသည်။ ထို့အပြင် ပလက်ဝနှင့် သိပ်မဝေးသော ကျောက်ဖြု​တွင် တရုတ်၏ အထူးစီးပွားရေးဇုန် ကြီးရှိနေသည်။ ထို့အပြင် ပလက်ဝဟာ ဘင်္ဂလားဒေရှ့်နှင့် ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေးပါသည်။ ထို့ကြောင့် မကြာခင်တွင် ပလက်ဝ ဒေသ၌ အိန္ဒိယ ပစ္စည်း၊ ဘင်္ဂလားဒေရှ်ပစ္စည်း၊ မြန်မာပစ္စည်းနှင့် တရုတ်ပစ္စည်းများ စျေနှုန်းချိုသာစွာ ရရှိနိုင်မည့်ဒေသ ဖြစ်လာနိုင်ပါသည်။ဤအချက်များကို ကြည့်ခြင်း အားဖြင့် ပလက်ဝ ဒေသ၏ အနာဂတ် သည် တောက်ပနေသည်မ​ဟုတ်လော။

အခြေခံအဆောက်အုံ (Basic Infrastructures) များ မြှုပ်နှံရန်လို

တာဝန်ရှိသောအစိုးရများအနေဖြင့်  ပလက်ဝဒေသဖွံဖြိုးတိုးတက်ရေး နှင့် နိုင်ငံခြားရင်နှီးမြို့နှံမှုများအတွက်  အခြေခံအဆောက်အအုံများ ကို ဆောက်လုပ်ပေးရန်လိုအပ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ ရေအား လျှပ်စစ် ၊စွမ်းအင်၊ ပညာရေး နှင့် ကျန်မားရေး အစရှိသော အခြခံအဆောက်အအုံများကို ချပေးမည် ဆိုပါက အကြီးစား နိုင်ငံခြား ကုမ္ဓဏီများပင်လျှင် ရင်းနှီးမြုပ်နှံလာမည်ဖြစ်သည်။ ဖြစ်နိုင်မည်ဆိုပါက  တာဝန်ရှိသော အစိုးရများအနေဖြင့် အထူးစီးပွားရေးဇုန် (Special Economic Zone) အဖြင့် သတ်မှတ်ပေးပြီး ရေရှည် ရင်းနှီးမြုပ်နှံမှု လုပ်သင့်ပါသည်။ ထို့သို့ပြုလုပ်နိုင်ပါက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နှစ်ခုစလုံး သာမက တိုင်းပြည်ကြီး တစ်ခုံးလုံး၏ ဖွံ့ဖြို့တိုးတက်မှုများကိုပါ များစွာ အထောက်အကူပြုမည်ဖြစ်သည်။ အများ ပြည်သူ ရင်းနှီးမြုပ်နှံမှုများ (Public Investment) သာမက ပုဂ္ဂလိက ရင်နှီးမြို့နှံမှု (Private Investment) များကိုလည်း လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများပေးထားရမည်။ ထို့သို့ ဆိုပါက ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့များဖြစ်ကြ သော မတူပီ၊ ကန်ပလက်၊ မင်းတပ်မြို့နယ် များအတွက်  အလုပ်အကိုင် အခွင့်အလမ်း များလာမည်ဖြစ်ပြီး လူနေမှုအဆင့်အတန်းများ နေ့ချင်းညချင်း ပြောင်းလဲ သွားနိုင်သည်။ ပလက်ဝ  ဒေသတွင် အကြီးစား မီကာဝတ် (MW) ရေအားလျှပ်စစ် ထုတ်နိုင် သောနေရာ များရှိသည်ဟုသိရသည်။ ထိုရေအား လျှပ်စစ်ကို ထုတ်လုပ်နိုင်ပါက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏီပူရ်ပြည်နယ်၊ ဘင်္ဂလာဒေးရှ့် နိုင်ငံများကိုပါ ရေအားလျှပ်စစ် (Power Supply) ရောင်းနိုင် မည် ဖြစ်သည်။

နိဂုံး

သိုသော် ပလက်ဝဒေသ၏ စီးပွားရေး အနာဂတ်အ လားအလာဟာ ပလက်ဝကို စီမံအုပ်ချုပ်မယ့် အစိုးရ အပေါ်တွင်များစွာမူတည်သွားမည်ဖြစ်သည်။ရခိုင်နိုင်ငံတော်ကြီးပေါ်ပေါက်လာလို့ ရခိုင်အစိုးရ အောက်က သွားမလား၊ ချင်းပြည်နယ်အောက်ကသွားမလား၊ ဗဟိုအစိုးရအောက်ကသွားမလား ဆိုဒါထက် အပြုသဘောဆောင်သည့် စီးပွားရေးရှု့ထောင့်မှ သုံးသပ်ခြင်းသာဖြစ်သည်။

လက်ရှိတွင် ပလက်ဝဒေသသည် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ခန့်လှုပ်ရှားနေ​ေသာ နေရာဒေသဖြစ်သည်။ အဓိက အချက်အချာကျသော နေရာတွေကို AA က ထိန်းချုပ်ထားသည်။ ထို့ကြောင့် ပလက်ဝ၏ ပထဝီနယ်မြေသည်လည်း အနာဂတ်တွင် ပြောင်းလဲနိုင်ခြေ များနေသည်ဟုဆိုရမည် ဖြစ်သည်။ ဒေသတစ်ခု ဖွံဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းဖို့လိုပါသည်။ မည်သို့ပင် ဆိုစေ ပလက်ဝဒေသကို ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ပါက ပလက်ဝ၏ ကံကြမ္မာသည် ဆယ်စုနှစ်အတွင်းပြောင်းလဲသွားမည်မှာ အသေ အချာ ဖြစ်သည်။

R.Lakher

+918731065896

Peterjune20@gmail.com

နောက်ဆုံးရသတင်းများ

သင်ခန်းစာ ယူစရာအပြည့်နဲ့ ဆီးရီးယား ပြည်တွင်းစစ်

ကိုဗန် ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးကနေ စတင်ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ (၁၄)နှစ် နီးပါးအကြာမှာ အာဏာရှင်ခေါင်းဆောင် အာဆက်ကို ပြုတ်ကျသွားစေခဲ့ပြီ ဖြစ်တယ်။ ဆီးရီးယားစစ်ပွဲသမိုင်းဟာ နိုင်ငံတကာခေါင်းဆောင်တွေ၊နိုင်ငံရေးသုတေသီတွေရဲ့ ထင်မြင်ချက်၊ယူဆချက်တွေကိုတောင် မှားယွင်းကြောင်း ပြသသွားတဲ့ ပြယုဒ်တခုပဲ။ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်တော့ ...

ဆက်ဖတ်ရန်