ပလက်ဝ နဲ့ တွန်းဇံမြို့နယ်တွင် ကျောင်းဖွင့်လှစ်ခွင့်မရသေး

ကိုဗစ်-၁၉ ကာလချင်းပြည်နယ်တွင် ဒီမနက်ကစပြီးအထက်တန်းကျောင်း (၂၁)ကျောင်းဖွင့်လှစ်ခွင့်ရပေမယ့် ယင်းတို့ထဲတွင် ပလက်ဝ နဲ့ တွန်းဇံမြို့နယ်က ကျောင်းတွေမပါဝင်သေးဘူးလို့သတင်းရရှိပါတယ်။

အစိုးရ ကိုဗစ်ကာလအတွင်းလိုအပ်တဲ့ပစ္စည်းတွေအပြည့်အစုံထားရှိတဲ့ကျောင်းတွေသာ အခုဖွင့်ခွင့်ပေးတာဖြစ်ပါတယ်။ အများစုက မြို့ပေါ်ကျောင်းတွေပဲဖြစ်ပါတယ်။

ယင်းသို့စစ်ဆေးရာတွင် အဆင့် A, B, C သတ်မှတ်ပြီး ကိုဗစ်ကာကွယ်တဲ့ ပစ္စည်းအပြည့်အစုံရှိတဲ့ကျောင်းကို A အဆင့်ပေးထားပါတယ်။ အခြား B နဲ့ C အဆင့်ကျောင်းတွေတော့ ဖွင့်ခွင့်မပေးသေးပါဘူး။

ချင်းပြည်နယ်တွင် အထက်တန်းကျောင်း (၂၀၇)ကျောင်းရှိပါတယ်။ ကျောင်းဖွင့်ခွင့်ပေးထားတဲ့ (၂၁)ကျောင်းတွင် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်းပါပါတယ်။

Zalen ad

ကျောင်းဖွင့်လှစ်ခွင့်ပေးထားတဲ့ကျောင်းတွေကတော့ ဟားခါးမြို့တွင် အ.ထ.က (၁)၊ (၂)၊ (၃)၊ (၄) ကျောင်း၊ အ.ထ.က (ခွဲ)မြို့ဟောင်းကျောင်း နဲ့ ချင်းဂလစ်စီ ကျောင်း၊ ထန်တလန်မြို့တွင် အ.ထ.က (၁)၊ (၂) ကျောင်း၊ နဲ့ Chinland Flower ကျောင်း၊ ဖလမ်းမြို့တွင် အ.ထ.က (၁)၊ (၂)၊ (၃) ကျောင်း၊ အ.ထ.က ဗားလုံ၊ အ.ထ.က လုံးဟော့၊ အ.ထ.က သီးဘွာလ်၊ တီးတိန်မြို့တွင် အ.ထ.က-ဟေလေး၊ မတူပီမြို့တွင် အ.ထ.က (၁)၊(၂)ကျောင်း၊ မင်းတပ်မြို့တွင် အ.ထ.က (၁)ကျောင်း၊ ကန်ပက်လက်မြို့တွင် အ.ထ.က-ကန်ပက်လက်ကျောင်းတို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်