ဘီအီး (BE) အရက် ပီပါ ၅ လုံးကို CNO/CNDF ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် CNO/CNDF ထိန်းချုပ်နယ်မြေအတွင်း ယမန်(ဧပြီလ ၂၈ရက်) ည ၉နာရီအချိန်ခန့်တွင် ဖလမ်းမြို့ပြည်သူ့ရဲတပ်ဖွဲ့ နှင့် CNDF ပူးပေါင်းပြီး ဘီအီး(BE) အရက် ပီပါ ၅ လုံးဖမ်းဆီးဖျက်ဆီးကြောင်း ပြည်သူ့ရဲဒုဦးစီးထံမှ သိရသည်။

” CNO ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းချခွင့်ပိတ်ထားတယ်။ ကျေးရွာတိုင်းမှာအကြောင်းကြားစာလည်းပို့ထားပြီပြီး၊တားဆီးထားတဲ့ကြားကနေရောင်းတာဖြစ်တဲ့အတွက် ဖမ်းဆီးရတာပါ”ဟု ပြည်သူရဲဒုဦးစီးမှပြောကြားပါသည်။

ဖမ်းဆီးထားတဲ့ ဘီအီး(BE) အရက် ၅လုံးသည် ပလပ်စတိတ်ပုံအပြာဖြင့် တောထဲတစ်နေရာတွင် ဖွတ်ထားပြီး ပိုင်ရှင်ကိုCNO တရားရုံးတွင်အမူဖွင့်ထားကြောင်း CNDF ရဲ့ AGSO ထံမှသိရသည်။

“ကာလတန်ဖိုးအရ ဘီ​အီး(BE) ၁ ပီပါမှာ မြန်မာကျပ်ငွေ ၁၁ သိန်းလောက်ရှိတယ်။ ၅လုံးဆိုတော့ ကျပ်သိန်း ၅၅ သိန်းလောက်ပေါ့။ မူယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်သူများအနေဖြင့်ဝိုင်းဝန်းပေးကြပါ”ဟု CNDF ရဲ့ AGSO ကပြောကြားပါသည်။

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်အတွင်းမူယစ်ဆေးဝါးပပျောက်ရေးအတွက် လူငယ်များ၊အသင်းအဖွဲ့မျာ နှင့် ဘာသာရေးခေါင်ဆောင်များကလည်း တားမြစ်ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအမှား

ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ဖလမ်းမြို့ကို မနေ့ ဒီဇင်ဘာလ ၂၅ ရက်က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ ဒီဇင်ဘာလ ၂၅ရက်နေ့က သတင်းမီဒီယာတစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။ သတင်းကို ...

ဆက်ဖတ်ရန်