မတူပီမြို့ (၂၄)နာရီမီး ရပြီ

မတူပီမြို့တွင် ဒီမနက် နံနက် ၉ နာရီ ၁၈ မိနစ်ကစပြီး မဟာဓာတ်အားလိုင်းနဲ့ (၂၄)နာရီမီးစတင်ထုတ်လွတ်ပေးပြီလို့ မြို့နယ် လျှစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်းထံမှသတင်းရရှိပါတယ်။

ဦးအွမ်ဟုန်းက “ဒီမနက်က စပြီး မတူပီမြို့ပေါ်က ၂၄ နာရီမီးရသွားပြီ။ ကြားထဲမှာ မီးမပျက်ဘူးဆိုရင်ပေါ့နော်။ နောက်ပိုင်းကျရင် မီတာဘုတ်လည်းထပ်တိုးမယ်။ ပြည်ထောင်စုကိုတောင်းပြီး ပြည်နယ်က မြို့နယ်အလိုင်ခွဲတမ်းထပ်ချမယ်ပေါ့နော်။ မတူပီက ခုမှမီးစရတယ်ဆိုတော့ ဦးစားပေးထဲမှာပါပါမယ်။ နမ့်လောင်ရေအားလျှပ်စစ်ကနေထုတ်တဲ့ဓာတ်အားကိုတော့ ဝေတူးရွာကိုမီးပေးမယ်။ ဘုံတလာရေအားလျှပ်စစ်ကတော့ တပ်ကုန်းကိုပဲ မီးပေးမယ်ထင်တယ်” လို့ပြောပါတယ်။

အရင်က မတူပီမြို့ဟာ နမ့်လောင်ရေအားလျှပ်စစ်နဲ့ စစ်တပ်ပိုင် ဘုံတလာရေအားလျှပ်စစ်ကနေ မိုးရာသီတွင် တစ်ရက်ခြား ၂၄ နာရီမီးရရှိပြီး နွေရာသီတွင် ၄ ရက်တစ်ကြိမ် ၁၀ နာရီခန့်မီးရရှိကြပါတယ်။

Photo: ESE Matupi

မတူပီမြို့ မဟာဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်စတင်ဆောင်ရွက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုက ဘတ်ဂျက်ချပေးတာဖြစ်ပါတယ်။

Zalen ad

မတူပီမြို့ပေါ် လက်ရှိအစိုးရမီးအသုံးပြုသူ (၁၃၄၁)အိမ်ရှိပြီး ဒီ့အပြင် ဖနိုင် နဲ့ ငလိုင်ကျေးရွာကိုလည်း မဟာဓာတ်အားလိုင်းပေးဖို့စီစဉ်နေလို့ ဦးအွမ်ဟုန်းက ဆိုပါတယ်။

ချင်းပြည်နယ်တွင် 66kv မဟာဓာတ်အားလိုင်းရရှိတဲ့မြို့တွေကတော့ ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက် နဲ့ မတူပီ စသည့်မြို့တွေဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ တီးတိန်၊ တွန်းဇံ နဲ့ ပလက်ဝမြို့ကိုတော့ ၂၀၂၁ နောက်ပိုင်းတွင်သာ မဟာဓာတ်အားလိုင်းရရှိမယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်