မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များကို ဇီဝမှတ်တမ်း မကောက်ယူရန် ဗဟိုအစိုးရထံတင်ပြမယ်

EC /၂၈၊ စက်တင်ဘာ၊ ၂၀၂၃

အိန္ဒိယ ဗဟိုအစိုးရက စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်အလက်မှတ်တမ်း (biometric နဲ့ biographic) ကောက်ယူဖို့ ပြည်နယ်အစိုးရများထံအကြောင်းကြားခြင်းကို မီဇိုရမ်ပြည်နယ်အစိုးရက ငြင်းဆန်မယ်လို့ မနေ့ စက်တင်ဘာ ၂၇ ရက် ပြည်နယ်ဝန်ကြီးများအစည်းအဝေးမှာ ဆုံးဖြတ်ကြောင်း ဒေသတွင်းသတင်းမှာဖော်ပြတယ်။

“ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သွေးချင်းညီအစ်ကို စစ်ဘေးဒုက္ခသည်တွေရဲ့ biometric နဲ့ biographic ကောက်ယူမှတ်တမ်းတင်ဖို့ ဖိအားပေးခြင်းဟာ  ကျနော်တို့နဲ့ သွေးချင်းညီအစ်ကိုများအကြား နောက်ဆက်တွဲပြဿနာဖြစ်နိုင်တယ်။ ဒါကို ရှေးရှူပြီး စစ်ဘေးဒုက္ခသည်တွေရဲ့ biometric နဲ့ biographic အား ကောက်ယူမှတ်တမ်းတင်မှာ မဟုတ်ဘူးဆိုတာ ဗဟိုအစိုးရထံတင်ပြမယ်”လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး Pu Lalruatkima က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါတယ်။

ဇူလိုင်လကုန် ပိုင်းကစပြီး မီဇိုရမ်ပြည်နယ်နဲ့ မဏီပူရ်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းတချို့တွင် ဇီ၀အချက်အလက်မှတ်တမ်းကောက်ယူမှုကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် မီဇိုရမ်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများရဲ့ ကန့်ကွက်မှုကြောင့် ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှုလုပ်ငန်းကို ပြန်လည်းရပ်တန့်ခဲ့ပါတယ်။ မဏီပူရ်ပြည်နယ်မှာတော့ မြန်မာစစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်အလက်မှတ်တမ်းကို ဆက်လက်ကောက်ခံနေဆဲလို့သိရတယ်။

Zalen ad

Biometric ကောက်ခံရာတွင် ကိုယ်ရေးအချက်အလက်များအပြင် လက်ပွေ‌၊ မျက်စိ စကင်ဖတ်တဲ့ထိပြုလုပ်ခဲ့ကြတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီသတ်ဖြတ်ထားတယ်လို့ ယူဆရတဲ့အမျိုးသားတဦးရုပ်အလောင်းတွေ့ရှိ

မတ် ၉၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Tuphei ကျေးရွာမှာအကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်ခြင်းခံရတယ်လို့ ယူဆ ရတဲ့ အမျိုးသားရုပ်အလောင်းတလောင်းကို ယမန်နေ့ မတ်လ ၈ ရက်နေ့မှာဒေသခံများကတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလောင်း ကို ယမန်နေ့ မတ်လ ၈ ...

ဆက်ဖတ်ရန်