မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄

Zalen

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ မောင်တောမြို့နယ်က နောက်ထပ် တပ်စခန်းတွေဖြစ်တဲ့ ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်း၊ တမန်းသား စစ်ကောင်စီစခန်းနဲ့ ဘူးသီးတောင်မြို့နယ်က ခြေမြန်တပ်ရင်း ခမရ – ၅၅၂ တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။

Zalen ad

ရန်အောင်မြင်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့သလို စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မောင်တော်မြို့က နောက်ထပ် စခန်းတွေကိုရရှိဖို့ကို ထိုးစစ်ကို အရှိန်မြှင့်ထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့ အပါအ၀င် ရခိုင်ပြည်နယ်က မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲစတဲ့ ရှစ်မြို့ကို AAက သိမ်းပိုက်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၆၃ ဦး သေဆုံးပြီး ၆၆ဦး ဒဏ်ရာရ

မတ် ၁၀၊ ၂၀၂၆ Zalen အကြမ်းဖက် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်း နိုင်ငံတ၀န်းက အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး ၆၆ဦး ဒဏ်ရာရခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ အမျိုးသမီးတွေကို ...

ဆက်ဖတ်ရန်