ယီမင်ဟူသီ စစ်ဦးစီးချုပ်အသတ်ခံရမှု အစ္စရေးကိုလက်တုံ့ပြန်မယ်လို့ဆို

၁၇ ၊ အောက်တိုဘာလ၊ ၂၀၂၅

Zalen

ယီမင်နိုင်ငံရှိဟူသီသူပုန်များဟာ သူတို့ရဲ့စစ်ဦးစီးချုပ် Muhammad Abd al-Ghamari က ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်း မှာ တာဝန်ထမ်းဆောင်စဉ်အသတ်ခံခဲ့ရတယ်လို့ အောက်တိုဘာလ ၁၅ ရက်မှာအတည်ပြုခဲ့ပါတယ်။

ဟူသီသူပုန်အဖွဲ့က ကြာသပတေးနေ့မှာအဆိုပါသတင်းကို အတည်ပြုပြီးနောက် မကြာခင်မှာပဲ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Israel Katz က အဆိုပါသတ်ဖြတ်မှုကို သူတို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားကာ အနာဂတ် မှာ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို အလားတူ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Zalen ad

အစ္စရေးနဲ့ ပဋိပက္ခများ မပြီးဆုံးသေးကြောင်း ဟူသီများက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အစ္စရေးက ၎င်းကျူးလွန် ခဲ့သော ပြစ်မှုများအတွက် အဟန့်အတား ပြစ်ဒဏ်ကို ခံယူရမယ်လို့ဆိုပါတယ်။

အစ္စရေးဟာ ယီမင်မြို့တော်ဆာနာကို လေကြောင်းတိုက်ခိုက်မှုအတွင်း အယ်လ်ဂါမာရီ ( Al-Ghamari) အပါအဝင် အကြီးတန်းပုဂ္ဂိုလ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ယီမင်နိုင်ငံ ဟူသီအုပ်ချုပ်သော အစိုးရ၀န်ကြီးချုပ် နဲ့ အခြားဝန်ကြီးအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း သြဂုတ်တွင် ပြောကြားခဲ့ပါတယ်။

၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာဂါဇာကမ်းမြောင်ဒေသကို အစ္စရေးကစစ်ပွဲစတင်ခဲ့ပြီးကတည်းက ဟူသီသူပုန်များဟာ ပါလက်စတိုင်းများနဲ့ တညီတညွတ်တည်း ရပ်တည်ကာ အစ္စရေးအား ဒရုန်းနဲ့ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့အပြင် ပင်လယ်နီရှိ သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဟူသီတပ်ဖွဲ့များက သင်္ဘောလမ်းများအပေါ်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေဖြင့် အမေရိကန်နဲ့ ဗြိတိန်တို့က ယီမင်ရှိ ဟူသီစခန်းများကို တိုက်ခိုက်ခဲ့ပါတယ်။

ကိုးကား- ALjAZEERA

သတင်း – Mickey

ပုံအညွှန်း – အစ္စရေးလက်ချက်ဖြင့်သေဆုံးခဲ့တဲ့ ဟူသီ စစ်ဦးစီးချုပ်

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်