ရန်ကုန်မြို့တွင် CNLD ပါတီရဲ့ ဗဟိုဌာနချုပ်ရုံးကို ဒီနေ့ ဖွင့်လှစ်

ရန်ကုန်မြို့တွင် CNLD ပါတီရဲ့ ဗဟိုဌာနချုပ်ရုံးကို ဒီနေ့ ဖွင့်လှစ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီရဲ့ ရုံးချုပ်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ဒီမနက် ၉း၃၀ အချိန်က Rev.Dr. Cho Hung Om Ngai ဆုတောင်းခြင်းဖြစ် စတင်ဖွင့်လှစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

လက်ရှိအချိန်တွင် CNLD ပါတီက ချင်းပြည်နယ် (၈)မြို့နယ်တွင်းလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ တမူး၊ ခမ်းပတ်မြို့တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ငဖဲ၊ ထီးလင်း၊ မင်းဘူး၊ ဂန့်ဂေါမြို့နယ် စသည်တို့တွင် ပါတီရုံးဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

ဒီလကုန်တွင် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် မြေပုံမြို့တွင် ပါတီရုံးဆက်လက်ဖွင့်လှစ်ဖို့ အစီအစဉ်ပြီး မြို့နယ် (၂၀)တွင် ပါတီရုံးဖွင့်လှစ်ဖို့ရှိကြောင်း ပါတီအတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ဆလိုင်း ကျဲအိုဘိတ်ထောင်းကဆိုပါတယ်။

ချင်းနိုင်ငံရေးပါတီ (၃)ခုဖြစ်တဲ့ CPP, CNDP, နဲ့ CLD ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာ (၂၉)ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် CNLD ပါတီတစ်ခုအဖြစ်ပေါင်းစည်းခြင်းလက်မှတ်ထိုးပွဲကျင်းပခဲ့ပါတယ်။
CNLD ပါတီရဲ့ လိပ်စာကတော့ B-12(301)၊ရွှေကမ္ဘာအိမ်ရာ (2)လမ်း၊မင်းဓမ္မလမ်း၊(3)ရပ်ကွက်၊မရမ်းကုန်းမြို့နယ် ဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်