သုံးလကြာအကူအညီရပ်နားထားတဲ့ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်အား အကူညီများပံ့ပို့ပေးရန် CDF ပလက်ဝနဲ့ PADC က တောင်းဆို

၁၈၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင် သုံးသောင်းကျော်အား ပြည်တွင်း ပြည်ပ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ NGO/INGO အဖွဲ့စည်းများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမူဆိုင်ရာ အကူညီများ ပံ့ပိုးပေးရန် ချင်းနယ်မြေကာကွယ်ရေးတပ်-ပလက်ဝနဲ့ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီတို့က ဒီဇင်ဘာ ၁၈ ရက်နေ့က တောင်းဆိုထားပါတယ်။

ပလက်ဝခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သားပြည်သူများအနေဖြင့် ဘေးလွှတ်ရာ နီးစပ်ရာကျေးရွာ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ နယ်စပ်ဒေသများတွင် ယနေ့အထိ တိမ်းရှောင်နေရပြီး ဒီဇင်ဘာလ အတွင်း ထပ်မံဖြစ်ပွားခဲ့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ထိ ရှိတယ်လို့ ဆိုပါတယ်။

Zalen ad

လက်ရှိ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင် အိမ်ထောင်စု ၁၇၃ ခုက စစ်ဘေးရှောင် အယောက် ၇၀၀ ကျော်ဟာ NGO အဖွဲ့စည်းက စစ်ကောင်စီကနေတဆင့် ထောက်ပံ့ကူညီပေမယ့် ထောက်ပံ့မူ ရပ်ဆိုင်းထားတာ ၃ လ ကျော်ရှိနေပြီဟု စစ်ဘေးရှောင် တစ်ဦးက Zalen ကို ပြောပါတယ်။

” အရင်က စစ်ဘေးရှောင် တစ်ဦးဆိုလျင် တစ်ရက် ဆန် ၂ ဗူးနှုန်းနဲ့ ထောက်ပံ့ပေးတယ်။ ဆီ၊ ဆား၊ ပဲတွေလည်း ရသေးတယ်။ အခုက ဘာမှ ထောက်ပံ့တာ မရှိတော့ဘူး။ ပလက်ဝမှာ ဆန်စျေးတွေ အရမ်းတက်တယ်။ အခုဆို ဆန်ဝယ်လို့မရတဲ့နေထားတွေ ဖြစ်နေတယ်။ စားဝတ်နေရေးအတော်လည်း ခက်ခဲပါတယ်။” လို့ဆိုပါတယ်။

တိုက်ပွဲရှောင်အရပ်သားပြည်သူတွေဟာ စားနပ်ရိက္ခါ၊ နေရာထိုင်ခင်းနဲ့ အခြေခံ ကျန်မာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးပစ္စည်းတွေ အရေးပေါ်လိုအပ်လျှက်ရှိပြီး ပြည်တွင်း ပြည်ပ တိုင်းရင်းသားညီကိုမောင်နှမများနဲ NGO/INGO အဖွဲ့အစည်းတွေ အနေဖြင့် ကူညီထောက်ပံ့ပေးရန် တောင်းဆိုထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်