အမတ်လောင်း ၈၆ ဦးကို ကိုယ်စားလှယ်လောင်း စာရင်းကနေ UEC ပယ်ဖျက်

အောက်တိုဘာ ၂၆၊ ၂၀၂၅
Zalen

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စာရင်းပေးသွင်းထားသူ အမတ်လောင်း ၈၆ ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကနေ ပယ်ဖျက်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် (UEC) က ပြောပါတယ်။

အဲဒီထဲမှာ ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် အနိုင်ရအကုန်ယူစနစ် (FPTP) မဲဆန္ဒနယ် အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်လည်း ပါ၀င်နေပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း ၅,၀၂၃ ဦးအထိ ရှိနေခဲ့ပြီး ၈၆ ဦးကိုတော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိလို့ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့ UEC က ပြောပါတယ်။

Zalen ad

ဒေါ်သက်သက်ခိုင်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်တွေ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခဲ့တာဖြစ်ပြီး အယူခံတင်သွင်းမယ့် ကာလစည်းကမ်းသတ်မှတ်ချက်ကိုလည်း ကျော်လွန်ပြီးဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ) ကတော့ ‘နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များကင်းရှင်းသူ’ ဆိုပြီး ပြဋ္ဌာန်းထားတာပါ။

ဒေါ်သက်သက်ခိုင်အနေနဲ့ ကမ္ဘောဇဘဏ်ထံမှ ချေးငွေ ကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးတင် ချေးငွေရယူထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


Mary

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်တိုက်ပွဲ‌တွင်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးပြီး ဖမ်းမိသူ ၄၀ ကျော်ရှိ

မတ် ၁၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ...

ဆက်ဖတ်ရန်