ကလေးတက္ကသိုလ်နဲ့ တောင်ပိုင်းက စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရ

၂၄၊ ဧပြီ ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူး‌ပေါင်းအဖွဲ့တွေက ဧပြီ ၂၂ရက်နေ့မှာ Fixed Wing Drone ဒရုန်းနဲ့ Air bomb ဗုံးသီး လေးလုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၁ရက်နေ့က ကလေးမြို့‌တောင်ပိုင်း အဖွဲ့စက် စစ်ကောင်စီဂိတ်ကို Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့ ဒရုန်းနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ – Wings of Kalay Drone Team က ထုတ်ပြန်ထားပါတယ်။

Zalen ad

အဲဒီတိုက်ခိုက်မှာကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

” အခြေနေကတော့ ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ တက္ကသိုလ်၀န်းထဲကလေ။ ပြီးတော့ ကလေးမြို့ အခြေအနေက တင်းမာနေတဲ့ အနေအထားပဲ။ မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်ရှိနေတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ကလေးတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ လမ်းသွားလမ်းလာတွေကို လူတစ်ဦးကို တစ်သောင်းကျပ်ဆီ ငွေကြေးကောက်ခံလေ့ရှိပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ – Wings of Kalay Drone Team နဲ့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Kalay Revolution Force (KRF) ကလေးဒေသကာကွယ်‌ရေးတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်