ကလေးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးရဲ့ ပိုစတာများ ဖြုတ်ချခံရ

ကလေးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးရဲ့ ဗီနိုင်းပိုစတာ (၂၉)ချပ်ကို မနေ့ည ၆ နာရီခွဲခန့်က အမည်မသိလူတစ်ဦးက လိုက်ဖြုတ်နေတယ်လို့သတင်းရရှိပါတယ်။

ဗီနိုင်းပိုစတာ ဖြုတ်ချခံရတဲ့ ကိုယ်စလှယ်လောင်းတွေကတော့ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာအမတ်လောင်း ဦးလာလ်ထန်ကြွမ်း (တစ်သီးပုဂ္ဂလ) ပိုစတာ (၂၅)ချုပ်၊ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာအမတ်လောင်း ဦးဘွန်းဇနန်း- Pu Vum Za Nang (တစ်သီးပုဂ္ဂလ) ပိုစတာ (၁)ချပ်၊ DNP ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဗန်လာလ်မွန် ရဲ့ ပိုစတာ (၂)ချပ် နဲ့ Pu Tuang Lam Thang ရဲ့ ပိုစတာ ၁ ချပ် ပါဝင်ပါတယ်။ ဒါ့ပြင် ကိုဗစ်-၁၉ ပညာပေး ပိုစတာ (၂)ခုလည်း ဖြုတ်ထားပါတယ်။

ချင်းရေးရာအမတ်လောင်း ဦးလာလ်ထန်ကြွမ်း ဝန်းရံသူ ဆလိုင်းမာလျန်က “မနေ့ညက လူတစ်ယောက်က ပိုစတာတွေလိုက်ဖြုတ်နေတယ်ဆိုလို့အမြန်လိုက်သွားတယ်။ ဒါပေမယ့်မမှီတော့ဘူး။ တစ်ယောက်က ဗီဒီယိုမှတ်တမ်းယူထားတာတော့တွေ့တယ်။ လမ်းပေါ်က လူ ၄ ယောက်လောက်လည်းမေးကြည့်တာ ပိုစတာတွေဖြုတ်တဲ့သူက စိတ်ဝေဒနာရှင်လို့ပြောတယ်။ ဒါကြောင့် ကျနော်တို့လည်း ဘယ်လိုရှေ့ဆက်ဆောင်ရွက်ရမလဲဆိုတာ မပြောတတ်ဘူး။ ဗီနိုင်းတွေဖြုတ်တဲ့နေရာက လမ်းဆုံတစ်ဝိုက်မှာအများဆုံးပဲ။ စည်ပင်ရုံးရှေ့တို့၊ မင်းကြီးဟိုတယ်ထိ ဖြုတ်ချခံရတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်