ကလေးမြို့၊ လက်ပံချောင်းရွာကို စစ်ကောင်စီ ဝင်ရောက် မီးရှို့၊ ရွာလုံးကျွတ်တိမ်းရှောင်နေရ

အောက်တိုဘာလ ၂၀၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာကို စစ်ကြောင်းထိုး ၀င်‌ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကစပြီး ကလေးမြို့ပေါ်ကနေ ကလေး – တမူး လမ်းပိုင်းရှိ ကလေးမြောက်ပိုင်းကျေးရွာတွေကို အင်အားသုံးစစ်‌ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ လက်ပံချောင်းရွာကို ၀င်ရောက်လာတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Zalen ad

အဲဒီစစ်ကြောင်းဟာ ကျေးရွာတွေထဲကို ၀င်ရောက်ကာ အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီး ဒေသခံတွေကို လူသားဒိုင်အနေနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

” ဒီနေ့ မီးရှို့သွားတာ ဟုတ်ပါတယ်၊ အဝေးကနေ မီးခိုးလုံးတွေ တွေ့ရတယ်။ ရွာထဲက လူတွေ အကုန်ပြေးရတာ၊ ဘေးလွတ်ရာရှောင်နေရတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ နီးစပ်ရာ တောင်ပေါ်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ရရှိဖို့ အခုလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေရှိနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အလားတူ ကလေးနဲ့ ဂန့်ဂေါ အစပ် ဟံသာ၀တီနဲ့ကြံတောရွာမှာ အထိုင်ချတဲ့ ပျူစောထီးစစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာပြီး မှန်တောရွာက တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ကာ ပြန်လည်နေရာယူထားခဲ့ပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်