ကိုဗစ်-၁၉ ကြောင့် သုံးလကျော်ကြာရပ်နားထားတဲ့ ကလေး-ဂန့်ဂေါရထား မနက်ဖြန် ပြန်ဖွင့်တော့မယ်

ကိုဗစ်-၁၉ ရောဂါကြောင့် မတ်လနောက်ဆုံးပတ်ကနေ ခေတ္တပိတ်ထားတဲ့ ကလေး-ဂန့်ဂေါရထားခရီးစဉ်ကို ဇူလိုင် (၇)ရက်ကစပြီး ပြန်လည်ပြေးဆွဲတော့မယ်လို့ တာဝန်ရှိသူများထံမှသတင်းရရှိပါတယ်။

မနက်ဖြန် မနက် ၆း၃၀ အချိန်ကနေ ၅တွဲပါတဲ့ ရထားဟာ ကလေးဘူတာမှ ဂန့်ဂေါဘူတာသို့ပြေးဆွဲမှာဖြစ်ပြီး ယင်းရထားဂန့်ဂေါရောက်တဲ့ချိန်မှ ကလေးဘက်သို့ပြန်လည်ပြေးဆွဲမှာဖြစ်ပါတယ်။

ယာဉ်စီးခကတော့ တစ်ယောက် ၁၁၅၀ ကျပ်ဖြစ်ပြီး ရထားတွဲတစ်တွဲတွင် လူ (၂၀)သာထိုင်ခွင့်ပြုမယ်လို့ ကလေးဘူတာရုံတာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်။

၎င်းက “ရထားစီးတဲ့သူတို့ Mask တပ်ရပါမယ်။ ပြီးတော့ ထိုင်ခုံတစ်ခုံခြားပြီးတော့ ထိုင်ရပါမယ်” လို့ပြောပါတယ်။

ရထားစီးနှင်သူခရီးသည်တွေတဖြည်းဖြည်းနည်းပါးလာတာကြောင့် အရင်က ကလေး- မွေ့လယ်၊ ကလေး – ဟံသာဝတီ လိုင်းတွေအခုတော့ မရှိတော့ပဲ ကလေး-ဂန့်ဂေါတစ်လိုင်းသာပြေးဆွဲပါတော့တယ်။

ရထားဟာ စောင့်ဆိုင်းတဲ့ချိန်ကြာမြင့်တာရယ်၊ ရထားမြန်နှုန်းနှေးကွေးတာကြောင့် လူတွေက ကားလမ်းကိုသာပိုမိုအသုံးပြုလာကြပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်