ခမ်းပတ်မြို့မှာ မီးလောင်မှုတခုဖြစ်ပွာခဲ့လို့ အသက် ၈၀ကျော်အမျိုးသမီးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။

Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့မှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့လို့ လူနေအိမ်တစ်လုံးမီးလောင်ပျက်ဆီးခဲ့ပြီး အသက် ၈၀ကျော်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး ၂ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံများထံကသိရပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ည ၈နာရီခန့်က ခမ်းပတ်အမှတ်(၃) ရပ်ကွက်မှာ လူနေအိမ်တစ်လုံးမီးလောင်မှုတစ်ဖြစ်ပွားခဲလို့ အခုလို လူနေအိမ်တစ်လုံးနဲ့ အသက်ကြီးပိုင်း အိမ်ရှင်အမျိုးသမီး ၂ဦးသေးဆုံးသွားခဲ့တာဖြစ်ပါတယ်။

Zalen ad

” မီးလောင်မှုဖြစ်တာက ည၈ နာရီလောက်မှာပါ။ မီးထဲပါသွားတာက အသက် ၈၀ကျော် ဒေါဟွေ့နဲမ်နဲ့ သူ့ယောင်းမ ဒေါဆွန့်ညင်း တို့ပါ အိမ်ကတော့ သူတို့အိမ်ဘဲလောင်တာ။ တခြားအိမ်တော့ မီးကူးတာမရှိပါဘူး” လို့ ခမ်းပတ်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက Zalen ကိုပြောပါတယ်။

အဲဒီလို မီးလောင်မှုဖြစ်ပွားခဲ့တဲ့ လူနေအိမ်ကို ရပ်ကွက်သူ၊ ရပ်ကွက်သားများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး အိမ်ရှင်အမျိုးသမီး ၂ဦးကိုကယ်ထုတ်ရန်ကြိုးစားခဲ့ကြပေမယ့် ကယ်ထုတ်နိုင်ခြင်းမရှိဘဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

အခုလိုခမ်းပတ်အမှတ် (၃)ရပ်ကွက်မှာမီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ပါတ်သက်ပြီး အကြောင်းရင်းကို မသိရသေးပါ။

သတင်း – တမူးနွေဦး

ပုံစာ – ခမ်းပတ်မြို့အမှတ်(၃) ရပ်ကွက်က နေအိမ်တခု မီးလောင်မှုအခြေအနေ။

ဗွီဒီယို/ ဓာတ်ပုံ – ဒေသခံတဦး

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်