ချင်းအမျိုးသားနေ့တွင် အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းနဲ့ ဟားခါးကြားရှိ ကျေးရွာများကို ဗုံးကြဲ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။

Zalen

Zalen ad

ဒီနေ့ကျရောက်တဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံပြိုကွဲစေမည့် အဖျက်လုပ်ရပ်များကို သတိပြုရန် သဝဏ်လွှာပေးပို့ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းနဲ့ ဟားခါးကြားရှိ Zalai၊ Taal၊ Laikua၊ Tlangzar leh Thlanrawn ကျေးရွာများမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၉:၀၀နာရီကျော်အချိန်ခန့်တွင်  Y-12 လေယာဉ်ဖြင့် ဗုံးများ အများအပြားကြဲချခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

‌ဒေသခံတဦးကတော့ အဆိုပါဗုံးကြဲမှုနဲ့ပတ်သက်ပြီး “တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး ဘာကြောင့် ခုလိုဗုံးကြဲနေလည်းတော့မသိဘူးလို့ “ ဆိုပါတယ်။

“ဒီလိုလုပ်တာက ချင်းအမျိုးသားနေ့မို့များလား ကျနော်တို့လည်း မသိတော့ပါဘူး ဆိုပြီ “နောက်ဒေသခံတဦးက ဆိုထားပါတယ်။ ဗုံးကြဲလို့ ထိခိုက်မှုရှိ မရှိတော့ အသေးစိတ်ကို မသိရှိရသေးဘူးလို့” Zalen ကိုပြောပါတယ်။ သက်ဆိုင်ရာနယ်မြေပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါသဖြင့် Zalen အနေဖြင့် သီးခြားအတည်ပြုနိုင်တာမရှိသေးပါ။

ထို့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညပိုင်းတွင်လည်း Sumhrang ကျေးရွာအား ဂျက်ဖိုက်တာဖြင့် နံနက် ၄:၀၀ ခန့်တွင် ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့သိရပါတယ်။

ဟားခါးမြို့နယ်၊ ၊ ကျင်ခွါကျေးရွာ ( Cinkhua ) နဲ့ ဇိုခွါကျေးရွာ (Zokhua) များကိုလည်းအကြမ်းဖက်စစ်တပ်က လေကြာင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဇိုခွါကျေးရွာမှာ လူနေအိမ်ပျက်စီးမှုရှိပြီးလူအထိအခိုက်မရှိကြောင်း၊ ကျင်ခွါကျေးရွာမှာ လူနေအိမ်အချို့ပျက်စီးတဲ့အပြင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ၁ ဦးမှာစိုးရိမ်ရကြောင်းသိရပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့လို့ ဒေသခံ အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြပါတယ်။

သတင်း-မိုင်နွေဦး

ဓာတ်ပုံ-ပုံဟောင်း

#ဖလမ်း-ဟားခါးကြား#Y-12#Zalen

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်