ငဖဲမြို့နယ်က ချင်းကျေးရွာတွေမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေက ဆန်သယ်ယူခွင့် ကန့်သတ်ထား

၉၊ ဇန်နဝါရီ၊ ၂၀၂၄

Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ရှိ တောင်ပေါ်ဒေသက ချင်းကျေးရွာတွေမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေက ဆန်သယ်ယူမူတွေ ကန့်သတ်ထားတာမျိုး ရှိတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

ပဒါန်းမြို့က တောင်ပေါ်ဒေသ ချင်းရွာတွေဟာ ပဒါန်းမြို့သို့ စျေးဝယ်အပြန်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေဖြစ်တဲ့ ပျဥ်းဝ၊ တုံးကြီး၊ ကံမြင့်ကန် စတဲ့ ဂိတ်တွေက ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးကာ ဆန် ၆ ပြည်နဲ့အထက် သယ်ယူခွင့် မပြုဘဲ ငါးပိ၊ ဆား၊ ဓာတ်ဆီတွေကိုလည်း လိုချင်သလောက် သယ်ယူခွင့် မရဟု သိရပါတယ်။

” ဆန်က တစ်ခါ သယ်ရင် ၆ ပြည်ဘဲ သယ်လို့ရပါတယ်။ အဲ့ထက်ပို သယ်ခွင့်မပြုပါ။ ငါးပိ၊ ဆားဆိုလည်း လိုချင်သလောက် သယ်ခွင့်မရဘူး။ ပြီးတော့ ဓာတ်ဆီတွေလည်း လုံးဝ သယ်ခွင့်မပြုဘူး။ ဒီလို ကုန်ပစ္စည်း သယ်ယူခွင့် ကန့်သတ်ထားတာ၊ စစ်ဆေးတာတွေ ကြာပါပြီး။”လို့ ငဖဲ ဒေသခံ ချင်းအမျိုးသား တစ်ဦးက ဆိုပါတယ်။

အဲ့ဒီလို စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေက ဆန် ၆ ပြည်သာ သယ်ခွင့်ပြုထားတာကြောင့် မိသားစုဝင်များတဲ့ အိမ်ထောင်စုတွေဟာ စားဝတ်နေရေးအတွက် အခက်တွေ့နေရပြီး၊ စစ်ကောင်စီရဲ့ ဂိတ်တွေက စစ်ဆေးတာတွေ နေ့စဥ်လုပ်ဆောင်နေတာကြောင့် ဒေသခံ ခရီးသွားပြည်သူတွေဟာ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အိမ်ထောင်စုများတဲ့ မိသားစုဝင်တွေဆို ဆန် ၆ ပြည်ဆိုတာက တစ်ပတ်လောက်ဘဲ စားလို့ရတယ်။ ကိုယ်လိုချင်သလောက် သယ်လို့မရတဲ့ခါ အလုပ်ပျက်ခံ၊ လမ်းစရိတ်အကုန်ကျခံပြီး မြို့တက်ပြီး ဝယ်နေရတယ်။ ပြီးတော့ အဲ့လို စစ်ဆေးရေး ဂိတ်တွေက အမြဲအသွားလာတဲ့ လူတွေကို စစ်နေတဲ့ခါကျတော့ စိုးရိမ်ရတာပေါ့။ အဲ့ဒီဂိတ်တွေက မတရားစွပ်စွဲ ဖမ်းဆီးတာလည်း ရှိတယ်။”လို့ နောက်ထပ်ဒေသခံ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဲ့ဒီ စစ်ဆေးရေး ဂိတ်တွေက ဒေသခံ ပြည်သူတွေကို အမျိုးမျိုးစွပ်စွဲ ခြိမ်းခြောက် ရိုက်နှက်ဖမ်းဆီး၊ ထောင်ချပြီး လူနေအိမ်ချိတ်ပိတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အဲ့ဒီ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေက ငဖဲမြို့နယ်က ဒေသခံ ချင်းအမျိုးသား တစ်ဦးကို ဖမ်းဆီးရိုက်နှက်ပြီး ဒီနေ့ထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်နေဆဲ ဖြစ်ပြီး၊ နောက်ထပ် ချင်းအမျိုးသား တစ်ဦးရဲ့ လူနေအိမ်ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ တတိယအပတ်မှာလည်း ငဖဲမြို့နယ်က ဒေသခံ ချင်းလူမျိုး ၁၅ ဦးကို အမျိုးမျိုးစွပ်စွဲ ရိုက်နှက်ဖမ်းဆီးပြီး အဲ့ဒီ ချင်းအမျိုးသား ၁၅ ဦးထဲမှ ၄ ဦးကို ထောင် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း- ဗခက်

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်