ငဖဲမြို့နယ်မှာ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

မတ်လ ၇ရက်၊ ၂၀၂၅ ခုနှစ်

Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာမှ ချင်းအမျိုးသမီးနှစ်ဦးကို ဒီနေ့ မတ်လ ၇ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ အသက် (၅၄) နှစ်အရွယ် ဒေါ်ပလွန် နဲ့ အသက် (၁၈) နှစ်အရွယ် မိုင်အက်စတာမန်းတို့ဖြစ်ပါတယ်။

Zalen ad

ဒီနေ့ ညနေ ၂ နာရီဝန်းကျင်မှာ ငဖဲမြို့ က.ပ.စ တပ်ရင်းမှ စစ်ကောင်စီတပ် အင်အား ၄၀ ကျော် ကားနှစ်စီး၊ ဆိုင်ကယ် ၇ စီးနဲ့ ရွာထဲ ဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

“ဒီနေ့ စစ်သားတွေ ရွာထဲဝင်လာပြီး ရွာထဲက အိမ်တွေ တစ်အိမ်တက်ဆင်း ဝင်စစ်တယ်။ စစ်ပြီးမှ ရွာထဲက သားအမိနှစ်ဦးကို ဖမ်းသွားတာပါ။ သူတို့အိမ်က လက်တော့ပ် တစ်လုံး၊ ဖုန်းတစ်လုံးကိုလည်း စစ်သားတွေက ယူသွားပါတယ်။” ဟု ငဖဲမြို့နယ်ဒေသခံ ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စပ်စီကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ဆေးမှုပြုလုပ်ပြီး ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

စပ်စီကျေးရွာဟာ အိမ်ခြေ ၈၀ ကျော်ရှိပြီး ချင်း(အရှို)လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်