စစ်ကောင်စီက ကလေးမြို့ကို နှစ်ရက်ဆက်တိုက် လူအင်အားနဲ့ လက်နက် အင်အားဖြည့်တင်း

၂၊ နို၀င်ဘာ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ လေယာဉ်ကွင်းကို စစ်ကောင်စီက နို၀င်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့မှာ စစ်ဘက်သုံး လေယာဉ်နဲ့ လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့၊ လေယာဉ်ကွင်းကို မနေ့ညပိုင်းက လက်နက်နဲ့ ရိက္ခာတွေ ချခဲ့ပြီး ဒီနေ့မနက်မှာတော့ လူအင်အားတွေကို ချခဲ့တယ်လို့ ဆိုပါတယ်။

Zalen ad

” လေယာဉ် ပေါ်ကနေ ဆင်းလာတာ‌‌ တွေ့တာတော့ တပ်သား အသစ်တွေ ဖြစ်ပုံရတယ်။ စစ်မှုထမ်း စုဆောင်းခံရသူတွေ ဖြစ်ပုံရတယ်။ လက်နက်တွေ၊ ရိက္ခာတွေ လည်း ပါတယ် ဆိုတော့ ပွင့်လင်းရာသီမှာ စစ်ရေးဖော်ဆောင်ဖို့ ထင်တယ်။ ” လို့ မြင်တွေ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

တပ်သားတွေနဲ့ လက်နက်ရိက္ခာတွေကို စစ်ဘက်သုံး ထရပ်ကားတွေနဲ့ ဒကစ ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။

ကလေးမြို့၊ RTC အနီးမှာ စစ်ကောင်စီဟာ ညနေတိုင်းမှာ လမ်းသွားလမ်းလာ‌တွေကို စစ်ဆေးရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ နေ့စဉ် ညနေပိုင်းတွေမှာ စစ်ကားတစ်စီးနဲ့ မြို့ကို ပတ်ပြီး ကင်းလှည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အိန္ဒိယနိုင်ငံ နယူး​ဒေလီရှိ မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri ရပ်ကွက်တွင် က​လေးခိုး ယူဖို့ကြိုးစားမှုထပ်မံဖြစ်ပွား

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။ Zalen အိန္ဒိယနိုင်ငံ New Delhi မြို့၊ Janakpuri west ရှိ  မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri Part-1 အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် ည ၇း၃၀နာရီအချိန်ခန့်က ...

ဆက်ဖတ်ရန်