စစ်ကောင်စီက ၂၀၂၄ အောက်တိုဘာလတွင် ပြည်ပအထောက်အပံ့မပါဘဲ သန်းခေါင်စာရင်းကောက်ယူမယ်လို့ဆို

စစ်ကောင်စီက ပြည်ပငွေကြေးထောက်ပံ့မှုမယူဘဲ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၂ ရက်တွင် နေပြည်တော်မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စစ်ကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားခဲ့ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းမဖြစ်မနေကောက်ယူရမည်။ အထူးသဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူသွားရမည်လို့ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စမ်းသပ်သန်းခေါင်စာရင်းကို မြို့နယ် ၂၀အတွင်း ကောက်ကွက် ၁၀၀ သတ်မှတ်ပြီးကောက်ခံမယ်လို့သိရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အိန္ဒိယနိုင်ငံ နယူး​ဒေလီရှိ မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri ရပ်ကွက်တွင် က​လေးခိုး ယူဖို့ကြိုးစားမှုထပ်မံဖြစ်ပွား

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။ Zalen အိန္ဒိယနိုင်ငံ New Delhi မြို့၊ Janakpuri west ရှိ  မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri Part-1 အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် ည ၇း၃၀နာရီအချိန်ခန့်က ...

ဆက်ဖတ်ရန်