တမူးမြို့နယ်တွင် ကသည်းလက်နက်ကိုင်အဖွဲ့ ၂ ဦးအသတ်ခံရ ၃ ဦးပျောက်ဆုံးနေ

တမူးမြို့နယ်အထက်ပိုင်း တမူး-အောင်ဇေယျလမ်း တုံးကျော်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မြန်မာပြည်တွင်ခိုလှုံလှုပ်ရှားနေသည့် အိန္ဒိယ၊ မဏီပူရ်လက်နက်ကိုင်ကသည်းအဖွဲ့အစည်း အဖွဲ့ဝင် ၂ ဦးအသတ်ခံရပြီး ၃ ဦးပျောက်ဆုံးနေသည်ဟုသတင်းရရှိပါသည်။

သေဆုံးသည့် နှစ်ဦးမှာ မဏီပူရ်ပြည်နယ်က Jiribamရွာမှ Prem ဆိုသူနှင့် Kakching ရွာသစ် မှKon Premkumar ဟုသိရသည်။ ၎င်းနှစ်ဦးရဲ့အလောင်းကို ကားထဲတွင်သေလျက်ကျန်ခဲ့သည်ဟုသိရသည်။ပျောက်ဆုံးနေသည့် ၃ ယောက်ထဲတွင်မိုးရေးမြို့‌ဒေသ ခံတစ်လည်းပါဝင်သည်ဟုလည်းသိရသည်။

သေဆုံးနေသည့်နှစ်ယောက်ထဲမှတစ်ယောက်ဟာ မျက်နာကိုအဝတ်နှင့်စည်းထားသည်ကိုကြည့်ခြင်းအားဖြင့်ဖမ်းစည်းချုပ်နှောင်းထားပြီးနောက်သေနတ်ဖြင့်ပစ်သတ်ခံရသည်ဟုယူဆရပြီး ကားဘေးပတ်လည်တွင်လည်းသေနတ်ကျည်ထိမှန်ရာအများအပြားတွေ့ရသည်ဟုသိရသည်။

၎င်းဖြစဉ်နှင့်ပတ်သတ်၍ KNA(B)- Kuki National Army (Burma) ပြောရေးဆိုခွင့်ရှိသူကိုဆက်သွယ်မေးမြန်းကြည့်ရာ သူတို့လက်ချက်မဟုတ်ငြင်းဆိုထားပါသည်။ ယခုထိ မည်သူက ပစ်သတ်တာလဲဆိုတာမသိရသေးပါ။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်