“တရွန်အိုင်” ဗျူဟာကုန်း သိမ်းပိုက်ရရှိပြီးနောက် “နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

၆၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ “တရွန်အိုင်” ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)နဲ့ MDF တို့က သိမ်းပိုက်ရရှိပြီးနောက် “နှူံးဘူး”ဗျူဟာကုန်းအား ထပ်မံသိမ်းပိုက်ရေး ယနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

စစ်ကောင်စီရဲ့ “တရွင်အိုင်” ဗျူဟာကုန်းနဲ့ “နှူံးဘူး” ဗျူဟာကုန်းတို့အား ရက္ခိုင့်တပ်တော်(AA)က ​နိုဝင်ဘာ ၁၄ ရက်နေ့ကစ၍ တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာ “တရွန်အိုင်”ဗျူဟာကုန်းကို သိမ်းပိုက်ရရှိထားသော်လည်း “နှူံးဘူး”ဗျူဟာကုန်းအား ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဟု ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

” ဒီနေ့မနက် အရင်ရက်တွေထက် တိုက်ပွဲအရှိန် ပိုပြင်းထန်တယ်။ ရွာအနောက်ဘက် စခန်းကုန်းက စစ်သားတွေ မရှိတော့ဘူး။ အရှေ့ စခန်းကုန်းမှာ ပြောင်းကုန်ကြပြီး။ ပြီးတော့ ရွာသားတွေ အပြင်ထွက်ဖို့ ကန့်သတ်ထားတယ်။ တိုက်ပွဲက ဖြစ်နေဆဲပါ။”ဟု ဆိုပါတယ်။

နှူံးဘူးကျေးရွာရှိ စစ်ကောင်စီရဲ့ တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်မူမှာ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင်  ၂၃ ရက်ထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး စခန်းကုန်း နှစ်ခုရှိတဲ့အနက် ရွာအနောက်ဘက် တပ်စခန်းကုန်းအား  သိမ်းပိုက်ရရှိထားပြီး၊ ရွာအရှေ့ဘက် စခန်းကုန်းမှာ တိုက်ပွဲပြင်းထန်နေတယ်ဟု သိရှိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ “နှူံးဘူး”ဗျူဟာကုန်း တိုက်ပွဲတွင်း စစ်ကောင်စီက ယနေ့ နံနက် (၈) နာရီ (၄၅) မိနစ်အချိန်မှ စတင်ပြီး ဂျက်လေယာဉ်၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်