တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှာ တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရ

၁၃၊ ဇန်ဝါရီ၊ ၂၀၂၄
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေးဘက်က အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF CDM Siyin အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၂ရက်နေ့ ညနေပိုင်းကစပြီး ဇန်နဝါရီ ၁၃ ရက်နေ့နေ့လည်ပိုင်းအထိ စီးယင်းချင်း ဒေသကာကွယ်ရေးအဖွဲ့ CDF CDM Siyin အဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းပြီး သိုင်းငင်းစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ သိရပါတယ်။

“ လောလောဆယ်တော့ နှစ်ဦးကျတယ်၊ ခုနှစ်ဦး ဒဏ်ရာရထားတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။ စစ်ကောင်စီတပ်ဘက်က ငါးယောက်လောက်ပဲ ကျန်တော့တာ၊ အဲ့တာကြောင့် လေယာဉ်ရော၊ လက်နက်ကြီးနဲ့ပါ ပစ်ကူနေတာ။ ဒီတစ်ခါတော့ ကျွန်တော်တို့ နောက်မဆုတ်တော့ဘူး။ စခန်းကို ရအောင်တိုက်မှာ။ ” လို့ CDF CDM Siyin အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် ၈နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က သိုင်းငင်းကျေးရွာကို လေကြောင်းကနေ နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းမှာလည်း ဆွလိမ်ကျေးရွာကို လေယာဉ်နဲ့ ဗုံးလာကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရှစ်မိုင် တက္ကသိုလ်ဝန်းထဲကနေ လက်နက် ကြီးတွေနဲ့ သိုင်းငင်းရွာကို အဆက်မပြတ် ပစ်ခတ်နေပြီး လက်နက်ကြီး အကြိမ် သုံးဆယ်ထက် မနည်း ပစ်ခတ်သံကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာလကစပြီး တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာက ဒေသခံတွေအားလုံးဟာ အိုးအိမ်တွေကို စွန့်ခွာပြီး အနီးက ဟိန်ဇိန်ကျေးရွာနဲ့ ကလေးမြို့မှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

HeiSok Khai

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်