တီးတိန်မြို့မှ တွန်းဇံ ဘက်သို့ စစ်ကောင်စီ အင်အားအများပြားဖြင့် စစ်ကြောင်းထိုး

အောက်တိုဘာ ၂၈၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့မှ တီးတိန် – တွန်းဇံ လမ်းအတိုင်း စစ်ကောင်စီ အင်အားအများပြားဖြင့် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့ ခလရ ၂၆၈ တပ်ရင်းကုန်းမှ စစ်ကောင်စီ အင်အားအများပြားဟာ ဒီနေ့ အောက်တိုဘာ ၂၈ ရက်၊ မနက် ၉ နာရီဝန်းကျင်မှာ တီးတိန်-တွန်းဇံ လမ်းအတိုင်း စစ်ကြောင်းထိုးနေတာပါ။

Zalen ad

“ဒီနေ့မနက် တီးတိန်မြို့က စစ်သားတွေ တီးတိန် – တွန်းဇံ လမ်းမအတိုင်း စစ်ကြောင်း ထိုးတယ်။ လူအင်အား၊ လက်နက်အင်အားတွေ အတော်များတယ်။”လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့၊ နေ့လယ်မှာ တီးတိန်မြို့နယ် တီးတိန် – တွန်းဇံ လမ်းမပေါ်ရှိတဲ့ Zalui ချောင်း တံတားထိ ရောက်ရှိနေပြီလို့ သိရပါတယ်။

“Zalui ချောင်းထိတော့ စစ်ကြောင်းတွေ ရောက်ပြီ။ ရှေ့ဆက်တိုး မတိုးတော့ မသိရသေးဘူး။ လောဆယ် တံတားမှာ စစ်ကြောင်း ရပ်နားထားတာတွေ့ရတယ်။”လို့ တီးတိန်ဒေသခံတစ်ဦးက ပြောပါတယ်။

Zalui တံတားဟာ တွန်းဇံမြို့ကို သွားတဲ့လမ်းပေါ်မှာရှိပြီး တွန်းဇံမြို့နဲ့ မိုင် ၂၀ ခန့်ဝေးပါတယ်။

ပြီးခဲ့့အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း တွန်းဇံမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားပါတယ်။

တွန်းဇံမြို့သည် ချင်းပြည်ကောင်စီ (CC) ထိန်းချုပ်ထားသော မြို့ဖြစ်ပါတယ်။

တီးတိန်မြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းက အင်အားဖြည့်တင်းပြီးနောက် ဒီနေ့မနက်မှာ တီးတိန်-တွန်းဇံ လမ်းကို စစ်ကြောင်းထိုးတာပါ။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်